cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အချက် ၃ ချက်ကြောင့် ဆန်ဈေးမြင့်တာလို့ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌပြော

. ဈေးကွက်
ဈေးနှုန်းတွေဟာမနှစ်ကထက် ၃၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သလိုအချို့ဆန်အမျိုးအစားတွေဟာ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိမြင့်တက်ခဲ့

  • ပြည်တွင်းဆန်ဈေးကြီးမြင့်နေခြင်းမှာအဓိကအကြောင်းအရင်း အချက် ၃ ချက်ရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးရဲမင်းအောင် ပြောကြားထားပါတယ်။

    ယင်း ၃ ချက်မှာလှောင်လက်များရှိနေပြီးဈေးမြင့်တက်လာအောင် ပြုလုပ်ကာထုတ်ရောင်းနေခြင်း၊ ဈေးကွက် အတွင်းလူမှုကွန်ရက်မှတစ်ဆင့် ဆန်ဈေးနဲ့ ပတ်သက်ပြီးသတင်းအမှားများလှုံ့ဆော်နေတာတွေရှိခြင်းနဲ့ လျှပ်စစ်မီးအချိန်အကန့်အသတ်ကြောင့် ဆန်စက်တွေမီးစက်နဲ့လည်ပတ်ရတဲ့အတွက် ဆန်ဈေးမြင့်မားနေရတာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

    ဒီအတွက်ကြောင့် လက်ရှိမှာအချို့ဆန်အမျိုးအစားတွေရဲ့ ဈေးနှုန်းတွေဟာမနှစ်ကထက် ၃၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သလိုအချို့ဆန်အမျိုးအစားတွေဟာ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိမြင့်တက်ခဲ့ တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရပါတယ်။

    "စားသုံးသူပြည်သူတွေအနေနဲ့ ဆန်ကိုလိုသလောက်ပဲဝယ်ပါ။ ဆန်ဈေးနှုန်းတည်ငြိမ်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဝယ်ရင်လည်းထိုက်သင့်တဲ့ ပစ္စည်းမှန် ဈေးနှုန်းမှန်လားဆိုတာဝယ်သူတွေဘက်ကကူညီပေးစေချင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်းဆန်ကိုသိုလှောင်ပြီးဈေးကစားတာတို့၊ ဈေးနှုန်းကြီးမြင့် အောင်လုပ်တာတွေကိုဖော်ထုတ်ပြီးပညာပေးတာအရေးယူတာတွေလုပ်ဖို့ စီစဉ်နေပါပြီ"လို့ ဦးရဲမင်းအောင် က ပြောပါတယ်။

    လက်ရှိမှာလည်းကြားပျံပေါ်ဆန်းမွှေး ၂၄ ပြည်ဝင်တစ်အိတ်ကိုယခင်နှစ် က ငွေကျပ် ၆ သောင်းရှိခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ် နှစ်ဝက်မှာငွေကျပ် ၉ သောင်းအထိရှိလာပြီးတခြားဆန်အမျိုးအစားတွေမှာလည်းဈေးအသီးသီးမြင့်တက်နေတယ်လို့ စားသုံးပြည်သူတွေထံမှ သိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကိုနွေစပါးဧက ၂ သန်း၊ မိုးစပါးဧက ၁၅ သန်းနှစ်စဉ် စုစုပေါင်း ၁၇ သန်းစိုက်ပျိုးပြီးဆန်တန်ချိန် ၁၃ သန်း၊ ၁၄ သန်းခန့် ထုတ်လုပ်နေသလိုတန်ဖိုးအားဖြင့် ကျပ် ဘီလီယံပေါင်း ၁၄,၀၀၀ ၊ ၁၅,၀၀၀ တန်ဖိုးခန့်ရှိနေကာယင်းထွက်ရှိတဲ့ ဆန်တန်ချိန် ၁၀ သန်းခန့်ကိုပြည်တွင်းမှာစားသုံးနေတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြည်ပတင်ပို့မှုကိုနှစ်စဉ် ၂ သန်းခန့် ရှိပြီး ပြည်ပတင်ပိုမှုနဲ့ ပြည်တွင်းလက်ကျန်ဟာနှစ်စဉ် တန်ချိန် ၂ သန်း၊ ၃ သန်းခန့်ရှိတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံမှာလက်ရှိလူဦးရေသန်း ၅၀ ကျော်နဲ့ ၆၀ ဝန်းကျင်ရှိနေပြီးလာမယ့်အနာဂတ်မှာလူဦးရေသန်း ၁၀၀ အထိစားသုံးနိုင်အောင် ထုတ်လုပ်ဖို့ စားရေရိက္ခာဖူလုံမှု ရည်မှန်းချက်ကနိုင်ငံတော်မှ လမ်းညွှန်ထားတဲ့ ကာလရှည် ရည်မှန်းချက်ဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ က ပြောကြားထားပါတယ်။

    ဤသတင်းကို MFN မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes20comments1
views275views4005