cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ ချင်း(ဂျင်း)ပို့ကုန် ဘင်္ဂလားဒေ့ရှ်မှာ ဈေးကောင်းရနေ

. ဈေးကွက်
“မြန်မာနိုင်ငံကစိုက်ပျိုးတဲ့ ချင်း(ဂျင်း)တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာစိုက်ပျိုးတဲ့ ချင်း(ဂျင်း)များနဲ့ ပုံသဏ္ဍာန်နဲ့ အရောင်အသွေး တူညီနေတာမို့ မြန်မာနိုင်ငံက ချင်း(ဂျင်း)တွေကို ပိုမို နှစ်သက်ကြတာပါ။
  • မြန်မာ့ဒေသထွက် ချင်း(ဂျင်း) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ရာမှာ ဈေးကောင်းရရှိနေတယ်လို့ မြန်မာ့ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ချင်း(ဂျင်း)စိုက်ပျိုးထုတ်လုပ်မှုရှိပေမယ့် ထုတ်လုပ်နိုင်ချေနှင့် သုံးစွဲမှု မမျှတတာကြောင့် နှစ်စဉ် လိုအပ်နေတဲ့ ချင်း(ဂျင်း)ကို တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ် နဲ့ မြန်မာ နိုင်ငံတို့ထံက တင်သွင်းနေရတာပါ။

    အဲဒီလို တင်သွင်းတဲ့ နိုင်ငံတွေထဲကမှ မြန်မာ ချင်း(ဂျင်း)ကို ပိုမိုကြိုက်နှစ်သက်ကြပြီး ဈေးကောင်းရရှိနေတာလို့ မြန်မာ့ကုန် သွယ်မှု မြှင့်တင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    “မြန်မာနိုင်ငံကစိုက်ပျိုးတဲ့ ချင်း(ဂျင်း)တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာစိုက်ပျိုးတဲ့ ချင်း(ဂျင်း)များနဲ့ ပုံသဏ္ဍာန်နဲ့ အရောင်အသွေး တူညီနေတာမို့ မြန်မာနိုင်ငံက ချင်း(ဂျင်း)တွေကို ပိုမို နှစ်သက်ကြတာပါ။ ပြီးတော့ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်လည်းသက်သာတော့ ပိုအဆင်ပြေတာပေါ့ ” လို့ ၎င်းတာဝန်ရှိသူမှ ပြောဆိုထားတာပါ။

    မြန်မာ့ ချင်း(ဂျင်း)တွေဟာ သယ်ယူပို့ဆောင်ရေး စရိတ်အနေဖြင့် အခြားနိုင်ငံတွေထက် ကုန်ကျစရိတ်သက်သာ တဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်မှာလည်း အခြားနိုင်ငံက တင်ပို့နေတဲ့ ချင်း(ဂျင်း)တွေထက် ဈေးသက်သာတာမို့ သုံးစွဲသူလည်းများပြားနေတာပါ။

    ဈေးနှုန်းအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ် ဈေးကွက်မှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ချင်း(ဂျင်း) တစ်ကီလိုကို ဘင်္ဂလားဒေ့ရှ် တာကာ ၃၇၀ ၊ ဗီယက်နမ်နှင့်အိန္ဒိယမှ တင်သွင်းတဲ့ ချင်း(ဂျင်း) တစ်ကီလိုကို တာကာ ၂၅၀ နဲ့ ၂၆၀ ရှိနေပြီး မြန်မာနိုင်ငံမှတင်သွင်းသည့် ချင်း(ဂျင်း)တစ်ကီလိုကိုတော့ တာကာ ၂၄၀ မှ ၂၄၅ ပေါက်ဈေးရှိနေတာ ပါ။

    ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ပြည်ပမှ ချင်း(ဂျင်း)တင်သွင်းမှုကို ကုန်ခဲ့တဲ့ ၁ လကျော်လောက်က စပြီး တချို့နိုင်ငံများကို ရပ်ဆိုင်းလိုက်ကာ တချို့နိုင်ငံများမှ အနည်းငယ်သာမှာယူတော့ပေမယ့် မြန်မာနိုင်ငံမှ တင်သွင်းတဲ့ ချင်း(ဂျင်း)ကိုတော့ ပိုမိုမှာယူတာတွေရှိလာတယ်လို့ သိရပါတယ်။

    ဒါကြောင့် အခုနှစ် မေလဆန်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ချင်း(ဂျင်း) လက်လီဈေးကွက်တွေမှာ မြန်မာ့ဒေသထွက် ချင်း(ဂျင်း)ဟာ တစ်ကီလိုလျှင် တာကာ ၃၅၀အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒေသတွင်း ချင်း(ဂျင်း)သုံးစွဲမှုဟာဆိုရင် တစ်နှစ်လျှင် ပျမ်းမျှ တန်ချိန် ၃ ဒသမ ၅ သိန်းမှ ၄ သိန်းအထိ သုံးစွဲမှုရှိနေတာပါ။ သို့ပေမယ့် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်နိုင်ချေကတော့ ၂ ဒသမ ၅ သိန်းသာရှိတာမို့ လိုအပ်ချက်ကို ပြည်ပနိုင်ငံတွေက တင်သွင်းနေရတာလို့ သိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့လည်း ယခုနှစ် မေလ ၁ ရက်မှ ၂၃ ရက်နေ့အထိ စစ်တွေမှ တစ်ဆင့် မောတောင် နယ်စပ်ကုန်သွယ်ရေး ဂိတ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ချင်း(ဂျင်း) အစို တန်ချိန် ၈၀ တန်၊ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃၈ သန်းဖိုး တင်ပို့ထားနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန စာရင်းအရသိရပါတယ်။


    ဤသတင်းကို MFNမှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views66views1798