cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ကုမ္ပဏီတွေကြောင့် မြန်မာ့ပဲ/နှမ်း တန်ချိန် တစ်သောင်းကျော် ချိတ်ပိတ်ခံရ

. ဈေးကွက်
ရွှေလီမြို့က ဂိုဒေါင်တွေမှာ သိုလှောင်ထားတဲ့ တရုတ်အာဏာပိုင်တွေရဲ့ ချိတ်ပိတ်ခံ မြန်မာ့ပို့ကုန်တွေထဲမှာ ပဲ/နှမ်းတွေအပြင် နနွင်းတက်၊ မန်ကျည်းမှည့်တွေလည်း ပါဝင်ပြီး မြန်မာ့ပို့ကုန်လုပ်ငန်းရှင် ၂၉ ဦးရဲ့ပိုင်ဆိုင်မှုတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
  • တရုတ်အစိုးရရဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာ့ပဲ/နှမ်းတင်သွင်းသူ တရုတ်ကုမ္ပဏီတွေ လိုက်နာခြင်းမရှိတာကြောင့် မြန်မာ့ကုန်သည်/လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ပဲ/နှမ်းတန်ချိန် (၁၃,၀၀၀) ကျော် ချိတ်ပိတ်သိမ်းဆည်းခံရတာလို့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ညွှန်ကြားရေးမှူးက အင်တာဗျူးတခုမှာ ပြောကြားထားပါတယ်။

    မြန်မာနိုင်ငံကနေ တရုတ်ဝယ်လက်တွေဆီ တရားဝင်တင်ပို့ရောင်းချခဲ့ပေမယ့် အခွန်အပြည့်အဝ ပေးဆောင်ခြင်းမရှိလို့ဆိုကာ တရုတ်အာဏာပိုင်တွေက ချိတ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ပဲ/နှမ်းတန်ချိန်စုစုပေါင်းရဲ့ ကာလပေါက်ဈေးက တရုတ်ယွမ်ငွေ (၇၄) သန်းကျော် တန်ဖိုးရှိပါတယ်။

    ရွှေလီမြို့က ဂိုဒေါင်တွေမှာ သိုလှောင်ထားတဲ့ တရုတ်အာဏာပိုင်တွေရဲ့ ချိတ်ပိတ်ခံ မြန်မာ့ပို့ကုန်တွေထဲမှာ ပဲ/နှမ်းတွေအပြင် နနွင်းတက်၊ မန်ကျည်းမှည့်တွေလည်း ပါဝင်ပြီး မြန်မာ့ပို့ကုန်လုပ်ငန်းရှင် ၂၉ ဦးရဲ့ပိုင်ဆိုင်မှုတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။

    တရုတ်ဘက်ခြမ်းရဲ့ ယခုလို အပြုအမှုတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို များစွာထိခိုက်နိုင်တယ်လို့ ညွှန်ကြားရေးမှူးက ဆိုပါတယ်။

    အဆိုပါဖြစ်စဉ်အတွက် နှစ်နိုင်ငံသံတမန်နည်းလမ်းနဲ့ ညှိနှိုင်းထားရှိပြီး မေလ ၃၁ ရက်နေ့မှာ မြန်မာဘက်က တာဝန်ရှိသူတွေ ရွှေလီမြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး ချိတ်ပိတ်သိမ်းဆည်းခံထားရတဲ့ မြန်မာ့ပဲ/နှမ်းပို့ကုန်တွေ လေလံတင်မယ့်ကိစ္စကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    တရုတ်ဘက်က ၎င်းတို့ရဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ကုန်သွယ်မှုကို မထိခိုက်အောင် ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုပြီး အကြောင်းပြန်ကြားထားပါတယ်။

    သတင်း - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views135views1811