cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးရိုင်းသတ်ခြင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ငါးသားပေါက်ပျိုးသူများနှင့် ငါးအသားတိုးမွေးမြူသူများသည် သားစားငါးနှင့် ငါးရိုင်းများ ကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းလျက်ရှိပါသည်။
  • အသားစားငါးဆိုသည်မှာ ကကတစ်၊ ငါးရံ့၊ ငါးခူနှင့် ငါးဖယ်တို့ ဖြစ်ကြပါသည်။ အသားစားငါးတစ်ကောင်သည် (၆၃) ကျပ်သားဖြစ်လာစေရန် အတွက် မွေးမြူရေးငါးပိဿာ (၁၀)မှ(၁၂)ပိဿာအထိ စားသုံးခဲ့ကြောင်း သုတေသနပြုချက်အရတွေ့ရှိရပါသည်။ ငါးရိုင်းဆိုသည်မှာ ငါးပြေမ၊ ငါးပနော်၊ ငါးဇင်ဇတ်နှင့် ပုစွန်ဆိတ်ကလေးများပါဝင်ပါသည်။ အဆိုပါ ငါးရိုင်းများသည် သဘာဝအစာဖြစ်သော အပင်မျှောလှေးနှင့်အကောင်မျှောလှေးများကို လုပြီးစား သောက်ကြသည့်အပြင် ဖြည့်စွက်စာများကိုပါ လုယက် စားသောက်ကြပါသည်။ ထို့ကြောင့် မွေးမြူရေး ကန်အတွင်း အစာယှဉ်ပြိုင်စားသောက်ခြင်း ကိုခံရပါသည်။အသားစားငါးနှင့် ငါးရိုင်းများ ရှင်းလင်းရန်အတွက် (က) ပိုက်စိပ်ဖြင့် အကြိမ်ကြိမ် ကန်အတွင်း ဆွဲပြီး ဖယ်ရှားနည်း (ခ) ကန်အခြောက်ခံ၍ ထုံးဖြူးခြင်း နှင့် ရေစစ်သွင်းခြင်းတို့ဖြင့် ဖယ်ရှား ခြင်း (ဂ) ရိုတီနှုံးဆေး ကိုအသုံးပြု၍ ဖယ်ရှားခြင်းနည်းတို့ အသုံးပြုနိုင်ပါသည်။

    ပိုက်စိပ်ဖြင့် ကန်အတွင်း အကြိမ်ကြိမ်ဆွဲယူခြင်းသည် အသားစားငါးနှင့် ငါးရိုင်းများသည် ကျန် ရှိနေ နိုင်ပါသည်။ ကန်အခြောက်ခံရာတွင် ပက်ကြားအပ်အောင် အခြောက်ခံပြီး တစ်ဧကလျှင် အနည်း ဆုံး ထုံးပိဿာ(၂၀၀ )ဖြူးပေးရပါမည်။ ထုံးဖြူးပြီးနောက် (၇)ရက်ကြာ ထပ်မံနေ လှန်းရ ပါမည်။ ကန် အတွင်းရေသွင်းရာတွင် (၅၀)သို့မဟုတ် (၁၀၀)မိုက်ခရွန်ရေစစ်ကိုအသုံးပြုရပါမည်။

    ရိုတီနှုံးဆေးကိုသုံးရာတွင် တစ်ဧကကန် ရေအနက်(၁)ပေတွင် ဆေး(၂၀) ကျပ်သားသာ သုံး ရပါမည်။ ဆေးသုံးစွဲနည်းမှာ ကန်းအတွင်းသုံးရမည့်ပဏာမ၏ (၃)ပုံ(၁)ပုံကို ဂျုံဖြင့် ဆေးလုံးကလေး လုပ်ပါ၊ ကျန်ဆေး(၂)ပုံကို ရေဖျော်ပြီး ကန်အနှံ့ပက်ပေးပါ။ ဆေးပက်ပြီးနောက် ဆေးလုံးကလေးများ ကို ကန်အနှံ့ လိုက်ချပါ ။ နေ့လည် (၁၀)နှင့်(၁၁)နာရီအတွင်း ဆောင်ရွက်ရပါမည်။ ဆေးချပြီး(၂၀) မိနစ် မှ (၂၅) မိနစ်အတွင်း သားစားငါးနှင့်ငါးရိုင်းများပေါ်လာပါလိမ့်မည်။ ထိုအချိန်တွင် အဆိုပါအသားစားငါး နှင့်ငါးရိုင်းများကိုအမြန်ဖယ်ရှားပါ။ အချိန်အတော်ကြားလျှင် အသားစားနှင့် ငါးရိုင်းများ ပြန်လည် အသက်ရှင်နိုင်ပါသည်။

    ဆေးချပြီး ဆေး၏အာနိသင်မှာ (၇)ရက်ကြာပါမည်။ (၇) ရက်ကျော်မှ ငါးသားပေါက်ထည့်ပါ။


  • article
likes18comments3
views705views2255