cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စင်ကာပူသို့အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန် ၁၀၀ တင်ပို့သွားမည်

. ဈေးကွက်
‘‘ယခုနှစ် သရက်သီးရာသီမှာ ဇွန်လလယ်အထိ တန် ၁၀၀ ခန့် တင်ပို့ဖို့ ရည်မှန်းထားပါတယ်။

  • စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းကနေ အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန်ချိန် (၁၀၀) ခန့် တင်ပို့ သွားမည်ဖြစ်ကြောင်း သဇင်နွယ် ကုမ္ပဏီ က သိရသည်။

    မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က သဇင်နွယ်သရက်ခြံထွက် သရက်သီးတွေအပြင် ဒေသထွက် စိန်တလုံးသရက်သီးတွေကို စင်ကာပူဈေးကွက်ဆီ ဇွန်လ ဆန်းပိုင်း ကတည်းက စတင် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

    တစ်ရက်ကို သရက်သီး (၇-၈) တန် ဝင်ဆံ့သည့် ကွန်တိန်နာတွေနဲ့ စိန်တလုံးသရက် တန် ၄၀ ခန့်ကို ကွန်တိန်နာ ၅ စီးနဲ့ တင်ပို့ပြီးပြီးဖြစ်ကြောင်း ယခုနှစ်တွင် အသီး အထွက်နှုန်းနည်းပါးတာကြောင့် အရည်အျသွးမီ စိန်တလုံးသရက်သီးစျေး တိုးမြင့်ပေးဝယ်ရကြောင်း သဇင်နွယ် ကုမ္ပဏီ မှ မန်နေဂျာ ဦးဌေးအောင်ကပြောသည်။ 

    ‘‘ယခုနှစ် သရက်သီးရာသီမှာ ဇွန်လလယ်အထိ တန် ၁၀၀ ခန့် တင်ပို့ဖို့ ရည်မှန်းထားပါတယ်။ အရည်အသွေးမီ သရက်သီးတစ်တန် ပျမ်းမျှ ၁၂ သိန်းခွဲ ခန့် ပေးဝယ် ရပါတယ်​။ ပို့အရည်အသွေးကောင်းအသီးတွေကို စက်ရုံမှာ ပြင်ဆင်ထုတ်ပိုးတင်ပို့ပြီးတင်ပို့နေတာပါ´´ဟု ၄င်းကပြောသည်။ 

    စင်ကာပူဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့ သရက်စိုက်တောင်သူတွေထံကနေ ၂၅၀ ဂရမ် - ၃၀၀ ဂရမ် အရွယ်အစားရှိတဲ့ စိန်တလုံးသရက်သီး တစ်တန်ကို ကျပ်ငွေ ၁၂ သိန်းခွဲအထိ ပေးဝယ်တာဖြစ်ပြီး မူဆယ်စျေး ကွက်ကိုတင်ပို့တာထက် စျေးကောင်းရရှိကြောင်း သိရသည်။

    မြန်မာ့စိန်တလုံးကို ၂၀၁၉ ခုနှစ်ကတည်းက သင်္ဘောလိုင်းက အအေးခန်ကွန်တိန်နာများဖြင့် စတင်တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ စိန်တလုံးသရက်သီးကို တရုတ်နိုင်ငံ သို့ မူဆယ်မှတဆင့် ဝမ်တိန်စျေးကွက်သို့ အများဆုံးတင်ပို့ ရောင်းချနေခြင်းဖြစ်သည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes8comments0
views75views2703