cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထုံးအကြောင်းသောင်းပြောင်းထွေလာ

. မြေပြုပြင်ခြင်း
ချဉ်ရင်ထုံး ၊ ငန်ရင်ကန့် ဆိုတဲ့ စိုက်ပျိုးရေးဆရာကြီးတစ်ဦး၏ စကားပြန်လည်ကြားယောင်မိပါသည်။
  • များသောအားဖြင့် မိုးများသော ဒေသများရှိ စိုက်ပျိုးမြေများသည် မြေချဉ်နေတတ်ကြပြီး၊ မိုးနည်းသော ဒေသများတွင်တော့ မြေငန်တတ်ကြသည်ဟု မှတ်သားမိဖူးပါသည်။ မြေချဉ်ငံကိန်းဆိုသည်မှာ အင်မတန်မှအရေးကြီးလှပါသည်။ လူသားတို့၏ သွေးပေါင်ချိန် ကဲ့သို့ပင် ဉပမာ ပြုလိုမိပါသည်။ သွေးပေါင်ချိန်သိမှ ကုသမှုဆက်လက်လုပ်ဆောင်၍ရမည်ဖြစ်ပါသည်။ သွေးပေါင်မြင့်လွန်းလျှင် နှင့် နိမ့်လွန်းလျှင် အသက်အန္တရာယ်စိုးရိမ်ရသကဲ့သို့ပင်။ မြေချဉ်ငံကိန်း မြင့်လွန်းလျှင် (သို့မဟုတ်) နိမ့်နေလွန်းလျှင် သီးနှံပင်တို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါသည်။ အချို့ပဲတီစိုက်ခင်းများတွင် မြေချဉ်လွန်းတာကြောင့် မည်သည့် မှိုရောဂါမှ မကျရောက်ပါပဲနှင့် ပဲပင်များသေသွားတတ်ကြသည်ကို ကြားဖူးပါသည်။ ဆေးရုံဆေးခန်းများသို့ နာမကျန်းဖြစ်၍ ဆေးခန်းပြချိန် ရောဂါမကုခင်သွေးပေါင်ချိန်ကြသကဲ့သို့ ၊ စိုက်ပျိုးရေးသမားတို့သည် လည်း အပင်မစိုက်ခင် မြေကြီးကို မြေချဉ်ငန်ကိန်းချိန်ကာ ၊ မြေချဉ်နေပါက ထုံးကိုထည့်၍ ၊မြေငန်နေပါက ကန့်ထည့်သွင်းစိုက်ပျိုးသင့်ပါသည်။ဒါ့ကြောင့် ဆရာကြီးဦးဖရက်သိန်းဖေရေးသားသော မြေဩဇာအမြင် နှင့် အခြားစာစုများ စာအုပ်မှ ထုံးအကြောင်းကို ကောက်နုတ်ဖော်ပြတင်ဆက်လိုက်ပါသည်။ တောင်သူဦးကြီးများ ဖတ်မှတ်လေ့လာ၍ မိမိတို့စိုက်ခင်းအတွက် အသုံးချနိုင်ပါစေကြောင်း ဆုတောင်းရင်း………………ကမ္ဘာ့စိုက်ပျိုးရေးတွင် ထုံးကို မလွဲမသွေအသုံးရန် လိုအပ်သောပစ္စည်းများအဖြစ် အသိအမှတ်ပြုထားကြသည်။ ဤနေရာတွင် ထုံးကျောက်တောင်များမှ ထုံးကျောက်များကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး အသုံးပြုကြသည်။ တစ်ဧကလျှင် တန်ချိန်တစ်တန် မှ သုံးတန်ကို သုံးနှစ်တစ်ကြိမ်ခန့် ထည့်ပေးကြသည်။ ထုံးထည့်အသုံးပြုခြင်းမှာ သီးနှံပင်အား ကယ်လ်စီယမ်ထောက်ပံ့ရန်ထက် အကြောင်းတစ်မျိုးကြောင့် အချဉ်ဓါတ်တိုးလာသော မြေဆီလွှာကို အချဉ်ဓါတ်လျော့ကျစေရန် အသုံးပြခြင်းဖြစ်သည်။ သီးနှံပင် အများစုသည် ပီအိတ်ချ်ကိန်း ၄ ဒဿမ ၅ မှ ၇ ဒဿမ ၅ အထိ စိုက်ပျိုးကြရာ အကြောင်းတစ်မျိုးကြောင့် ပီအိတ်ချ်ကိန်း နှိမ့်ကျသွားသောမြေဆီလွှာမှ အချဉ်ဓါတ်အာနိသင်ကို လျော့နည်းစေရန် ထိုသို့ ထုံးသုံးခြင်းဖြစ်သည်။ ထိုထုံးသည် မြေဆီလွှာမှ အချဉ်ဓါတ်ကို ပြုပြင်ခြင်းဖြင့် သီးနှံပင်များ မြေဆီလွှာမှအာဟာရများကို ပိုမိုကောင်းမွန်စွာ စုပ်ယူစားသုံးနိုင်သည်။ ထုံးသည် မြေဆီလွှာ စေးလွန်းခြင်း၊ဖွယ်လွန်းခြင်း နှစ်မျိုးလုံးကို သက်သာစေသည်။ ထုံးသည် ရောဂါပိုးမွှားများကိုလည်းအထိုက်အလျောက်နှိမ်နင်းပေးသည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးရေးလုပ်ကိုင်စဉ်အတွင်း ဖြစ်ပေါ်လာသောအခက်အခဲများကို ကုစားရန် ထုံးကို မလွဲမသွေ အသုံးပြုရန်လိုအပ်သည်။

    သို့သော်မြန်မာ့စိုက်ပျိုးရေးဈေးကွက်တွင် စိုက်ပျိုးရေးသုံးထုံးများကို မတွေ့ရပါ။ ဝယ်ယူသုံးစွဲသူများမရှိ၍လည်း ဖြစ်နိုင်ပါသည်။ ထုံးကျောက်များကို မီးဖုတ်ပြီး ရေတောက်၍ အမှုန့်ပြုလုပ်ထားသော ထုံးများကိုကား ဈေးကွက်တွင် တွေ့နိုင်ပါသည်။ ဤထုံးမျိုးကို မဖောက်ထုံးဟုခေါ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ထုံးအမျိုးအစားဖြစ်သည်။ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်ကြောင့် စိုက်ပျိုးရေးသုံးထုံးဈေးဖြင့် မရောင်းနိုင်ပါ။ သို့သော် အချို့သောစိုက်ပျိုးသူများက မိမိတို့စိုက်ခင်းတွင် ဝယ်ယူအသုံးပြုနေကြရသည်။ တတိယထုံးအမျိုးအစားမှာ ကွမ်းစားထုံးမျိုးဖြစ်သည်။ မဖောက်ထုံးကို ရေအရှင်ဖြတ်စီးစေပြီး အခိုးသတ်ထားသောထုံးမျိုးဖြစ်သည်။ ဤထုံးမျိုးမှာ စိုက်ပျိုးရေးတွင် အသုံးပြုရန် ပိုခက်ခဲပါလိမ့်မည်။

    အထက်ဖော်ပြပါထုံးမျိုးနှင့်မတူသော ထုံးတစ်မျိုးရှိသေးသည်။ အချို့က ကျောက်မှုန့်၊ လချေးမှုန့်ဟုလည်း ခေါ်ပါသည်။ ဓါတုပစ္စည်းအနေဖြင့် ကယ်လ်စီယမ်ဆာလ်ဖိတ် CaSO4 ဖြစ်သည်။ ကမ္ဘာ့စိုက်ပျိုးရေးတွင် အသုံးပြုနေသောပစ္စည်းတစ်မျိုးဖြစ်ပါသည်။ စိမ့်စွဲသောမြေကို ပြုပြင်ရန် အသုံးပြုခြင်းဖြစ်သည်။ ဤဓါတ်ပေါင်းမှာ မြေဆီလွှာအချဉ်ဓါတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိပါ။ မလိုအပ်ပဲ အခြေအနေမရွေး အသုံးပြုလျှင်ကား ငွေကုန်ကျရကျိုးနပ်နိုင်မည် မဟုတ်ပါ။  


  • article
likes23comments1
views483views2804