cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးခင်းထဲက ထရိုဂျန်

. ပေါင်းမြက်
ကဗျာဆရာ မောင်ချောနွယ်စကား ငှားသုံးရရင်၊ လောကမှာ ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်ပဲ လိုတယ်ဆိုသလိုပင်။အတုအယောင်တွေမလိုချင်ပါဘူး။
  • ရန်သူဟာရန်သူစစ်နေဖို့၊ မိတ်ဆွေဟာ မိတ်ဆွေစစ်နေဖို့ပင်။ ကျွန်တော်တို့စပါးခင်းထဲမှာ မိတ်ဆွေယောင်၊ သိုးရေခြုံထားတာတဲ့ ဝံပုလွေတစ်ကောင်ရှိနေတတ်ပါတယ်။ သူက……ဘယ်သူဖြစ်နိုင်မလဲ။ မဖတ်ကြည့်သေးခင် အဖြေထုတ်ကြည့်လိုက်ပါဦး။မြက်သီးခေါ် ပေါင်းပင်များသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လယ်စပါးခင်းများတွင် အဓိကအဆိုးဝါးဆုံးပေါင်းတစ်မျိုးဖြစ်သည်။ ဒေသကိုလိုက်၍ အချို့အရပ်ဒေသများတွင် မြက်ချိုဟုခေါ်ကြသည်။

    ရေကိုကြိုက်နှစ်သက်၍ မိုးရေသောက် စပါးခင်းနှင့် ဆည်ရေသောက် လယ်စပါးခင်းများတွင် ပေါက်ရောက်လေ့ရှိသော တစ်နှစ်ခံပေါင်းပင်မျိုးဖြစ်ပြီး ၊ ၄-၅ နှစ် ဆည်ရေသောက်ပြီးသော လယ်များတွင် စိုးရွားစွာပေါက်ရောက်လေ့ရှိသည်။ အစေ့အားဖြင့် မျိုးပြန့်ပွားပြီး၊ မျိုးစေ့သည် ရေအောက်၍၌ပင် အပင်ပေါက်နိုင်သည်။

    အပင်ပုံစံမှာ ထောင်မတ်ပင်စည် အမျိုးအစားဖြစ်သည်။ ပင်စည်မှာကျစ်လစ်မာကြော၍ ရေမြှုပ်သဖွယ် ပွရောင်းရောင်းရှိသည်။ အပင်အမြင့် မှာ ငါးပေနီးပါးထိရှိတတ်ပြီး ကြီးထွားမှုသည် ရေတိမ်ပိုင်းတွင် ပိုမိုလျင်မြန်ပြီး၊ရေနက်ပိုင်းတွင် နှေးကွေးတတ်သည်။ အရွက်များမှာ စပါးရွက်များကဲ့သို့ပင် သေးသွယ်ရှည်လျား၍ အဖျားချွန်နေတတ်သည်။ အလျား ၅ လက်မ မှ ၁၀ လက်မခန့်အထိရှည်ပြီး ရွက်ဖုံးများပါရှိသည်။

    အပင်ကြီးထွားစအချိန်မှ မျိုးပွားချိန်မရောက်မီအထိ စပါးပင်နှင့်ဆင်တူပြီး ခွဲခြားရန်အလွန်ခက်ခဲသည်။ အပင်ငယ်စဉ်တွင် စပါးနှင့်ခွဲခြားရန်အတွက် ရွက်ဖုံးလျှာ နှင့် ရွက်ဖုံးမွှေးတို့ကို ကြည့်၍ခွဲခြားနိုင်သည်။ အချို့မြက်မျိုးပေါင်းများတွင် ရွက်ဖုံးလျှာပါတတ်သည်။ စပါးပင်ကလေးများမှာ ရွက်ဖုံးလျှာနှင့် ရွက်ဖုံးမွှေး နှစ်မျိုး ပြည့်စုံစွာပါဝင်ပြီး မြက်သီးပေါင်းပင်ငယ်ကလေးများတွင် ရွက်ဖုံးမွှေး မပါရှိပါ။ အပင်အနည်းငယ်ကြီးထွားလာသောအခါ စပါးပင်၏အရွက်များသည် ထောင်မတ်နေပြီး၊ မြက်သီးပင်၏အရွက်များသည် ကွေးညွှတ်၍နေသဖြင့် ခွဲခြားရန်လွယ်ကူသည်။ ပန်းပွင့်ချိန်တွင်မူ ခွဲခြားရန်မခက်ခဲတော့ပေ။

    ပန်းခိုင်မှာ ခရမ်းရောင်ရှိတတ်ပြီး တစ်ခါတစ်ရံအစိမ်းရောင်လည်းရှိတတ်သည်။ ပန်းခိုင်အရှည် (၁၀) စင်တီမီတာခန့်ရှိပြီး အစေ့လောင်းပန်းခိုင်များစွာရှိသည်။ အောက်ဆုံးအစေ့လောင်းပန်းခိုင်မှာ အရှည်ဆုံးဖြစ်သည်။

    မြက်သီးပေါင်းပင်များသည် မျိုးစေ့အားဖြင့်မျိုးပွားပြီး ပေါင်းပင်တစ်ပင်မှ မျိုးစေ့ပေါင်းလေးသောင်းခန့်ထိ ထုတ်နိုင်သည်။ ယင်းပေါင်းပင်များသည် (၃) လ မှ (၄) လအထိ အစေ့ထုတ်နိုင်ပြီး မျိုးစေ့ငုတ်ခြင်းဖြစ်၍လည်း နေနိုင်သည်။ မြက်သီးပင်များသည် ပင်ပွားများထွက်၍ တစ်နှစ်ပတ်လုံး မျိုးစေ့များမှ အပင်ပေါက်နိုင်သည်။

    ၎င်းမြက်သီးပင်များသည် စပါးပင်များနှင့် ယှဉ်ပြိုင်ပေါက်ရောက်ပြီး၊ စပါးပင်ကြီးထွားမှုကို အလွန်ပင်အနှောက်အယှက်ပေးလေ့ရှိပါသည်။ စပါးပင်နှင့် ယှဉ်ပြိုင်ပေါက်ရောက်မှုကြောင့် တစ်ဧကစပါးအထွက်နှုန်းကို (ပေါင်းမလိုက်ဘဲ ထားပါက) တင်း(၁၀၀)အထိ အထွက်လျော့စေနိုင်ပါသည်။

    ကိုးကား-ပေါင်းနှင့်ပေါင်းသတ်ဆေးစာအုပ် 


  • article
likes10comments1
views155views2487