cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဟိုပုံးမြို့တွင် မြန်မာ့ ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံတည်ဆောက်ရန် စီစဉ်နေ

. သတင်းစုံ
မြန်မာနိုင်ငံ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံး တည်ဆောက်မယ့် ထောပတ်သီး သန့်စင် ထုပ်ပိုးသည့် စက်ရုံကို ငွေကျပ် သိန်း ၈,၀၀၀ ကျော်ကုန်ကျခံပြီး လာမယ့် ထောပတ်သီးရာသီအမီ တည်ဆောက် သွားမှာဖြစ်တယ်လို့လည်း အသင်းမှ သိရှိရပါတယ်။
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ထောပတ်သီးစိုက် တောင်သူများ စုပေါင်းကာ ထောပတ်သီး သန့်စင်ထုပ်ပို့သည့် စက်ရုံကို လာမယ့် ထောပတ်သီးရာသီအမီ တည်ဆောက်သွားရန် စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှ သိရှိရပါတယ်။

    အခုလို စက်ရုံတည်ဆောက်ရခြင်းဟာ ရှမ်းပြည်နယ် (တောင်ပိုင်း) လက်လှမ်းမီသည့် နေရာများမှ ထောပတ်သီး များကို ယင်းစက်ရုံတွင် သန့်စင်ထုတ်ပိုးကာ ပြည်ပနိုင်ငံများသို့ တင်ပို့သွားရန် ရည်ရွယ်စီစဉ်တာဖြစ်ပြီး စက်ရုံ တည်ဆောက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းသွားမယ်လို့လည်း သိရှိရပါတယ်။

    မြန်မာ နိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးညွှန့်က “ စက်ရုံဆောက်ဖို့ တောင်သူတွေ စုစည်းနေပါတယ်။ နိုင်ငံတော်ချေးငွေလည်း လျှောက်ပါမယ်။ အခုလို တည်ဆောက်တာကလဲ ပြည်ပတင်ပို့နိုင်ဖို့ပါပဲ။ အသီးတွေကို သန့်စင်မယ်၊ အရွယ် အစားအမျိုးမျိုးခွဲမယ်၊ ပါကင်ထုပ်မယ်။ ပြည်ပနိုင်ငံတွေက တောင်းဆိုတဲ့အတိုင်း ထုပ်ပိုးပြီး ဝန်ဆောင်မှု ပေးမှာပါ”လို့ နိုင်ငံပိုင် မီဒီယာနှင့် အင်တာဗျူးတစ်ခုအတွင်း ပြောဆိုထားပါတယ်။

    မြန်မာနိုင်ငံ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံး တည်ဆောက်မယ့် ထောပတ်သီး သန့်စင် ထုပ်ပိုးသည့် စက်ရုံကို ငွေကျပ် သိန်း ၈,၀၀၀ ကျော်ကုန်ကျခံပြီး လာမယ့် ထောပတ်သီးရာသီအမီ တည်ဆောက် သွားမှာဖြစ်တယ်လို့လည်း အသင်းမှ သိရှိရပါတယ်။

    ပြည်ပဈေးကွက်သို့ မြန်မာ့ထောပတ်သီး တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်မှုအပြင် ပင်လယ်ရေကြောင်းဖြစ်သည့် တရားဝင်ဆိပ်ကမ်းများမှ တင်ပို့လျက်ရှိပြီး ယခုနှစ်တွင် လမ်းကြောင်းသစ်အနေဖြင့် မလေးရှားနိုင်ငံသို့ လေကြောင်းမှတဆင့် တန်ချိန် (၅၀) စမ်းသပ်တင်ပို့ထားပြီး၊ လာမည့်နှစ်များတွင် မြန်မာ့ထောပတ်သီးကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရန် လျာထားကာ လာမယ့် ထောပတ်သီးရာသီချိန်တွင် တန်ချိန် (၅၀၀၀)အထိ ပမာဏ ထပ်တိုးထွက်လာမည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ပြောဆိုထားပါတယ်။

    ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် မြန်မာ့ထောပတ်သီး အထွက်နှုန်းသည် တန်ချိန် (၃၀၀၀) ပမာဏ ထွက်ရှိထားကာ မြန်မာ့ ထောပတ်သီးများကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ပါ G to G စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း အသင်းမှ သိရှိရပါတယ်။

    ဤဆောင်းပါး ကို MFN မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views119views1966