ဆီမုန်ညင်းသီးနှံစိုက်ပျိုးနည်း
(၁) ဆီထွက်မုန်ညင်းစေ့များသည်သေးငယ်သဖြင့် အပင်ပေါက်ကောင်းစေရန်အတွက်စိုက်ခင်းညက်ညောအောင်ပြုပြင်၍မြေမျက်နှာပြင်ညီညာ အောင်ညှိပေးပါ။ စိုက်ခင်းအတွင်းရေမဝပ်ရန်ဂရုစိုက်ပါ။
(၂) မြေပြုပြင်ချိန်တွင် တစ်ဧကတွင် နွားချေးလှည်း(၅ - ၁၀) စီး၊ ယူရီးယား (၅၆) ပေါင်၊ တီစူပါ (၈၄) ပေါင်၊ ပိုတက်ရှ်(၂၈) ပေါင်နှုန်းထည့်ပေးပါ။ ပန်းပွင့်ချိန်တွင် ယူရီးယား(၂၈)ပေါင် ထပ်မံထည့်ပေးပါ။
(၃) တစ်ဧကလျှင်မျိုးစေ့နှုန်း (၄) ပြီနှုန်း အပင်ပေါက်ရာခိုင်နှုန်း (၈၀) အထက်ရှိသင့်သည်။
(၄) ကြဲပက်စိုက်ပျိုးခြင်း(သို့မဟုတ်) တန်းကြား ပင်ကြား (၁၀×၄) လက်မအကွာ အတန်းလိုက်စိုက်ပျိုးနိုင်လျှင် အထွက်နှုန်းပိုမိုကောင်းပါသည်။ မျိုးစေ့အတိမ်အနက်မှာ (၁- ၁.၅) လက်မ အတွင်းရှိသင့်ပါသည်။
(၅) မြေအောင်းရောဂါများ၊ မျိုးစေ့ဆောင်ရောဂါများအား ကာကွယ်နှိမ်နင်းနိုင်ရန် မျိုးစေ့များကို မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ် စိုက်ပျိုးပါ။
(၆) အပင်ပေါက်ပြီး(၂၀)ရက်သားအတွင်း တစ်ပင်နှင့်တစ်ပင်အကွာအဝေး(၄)လက်မခန့်ခြား၍ သားခွဲပေးပါ။
(၇) ဆီထွက်မုန်ညင်းပင်များအား ပျပိုး၊ ရွက်စားခူ၊ သီးလုံးဖောက်ပိုးနှင့် မြေတွင်းအောင်းပိုးများ ဖျက်ဆီးတတ်၍ ပိုးသတ်ဆေးများဖြင့် စနစ်တကျကာကွယ်နှိမ်နင်းနိုင်ပါ။
(၈) ပန်းပွင့်ချိန်၊ အသီးဖြစ်ချိန်များတွင် ရေငတ်ပါက ရေကိုဖြည်းညှင်းစွာသွင်းပေးပါ။
(၉) အပင်အောက်ခြေရှိအသီးများ ခြောက်လာလျှင် အလေအလွင့်နည်းအောင် စနစ်တကျ ရိတ်သိမ်းပေးပါ။
စိုက်ပျိုးရေးဦးစီးဌာန
-----


