cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အစေ့မှသာမက ထူးခြားစွာ မျိုးပွားနိုင်သောမြက်များ

. ပေါင်းမြက်
မျိုးစေ့ မှ မျိုးပွားခြင်းအပြင် အမြစ်များ၊အဆစ်များ ၊ ရိုင်းဆုန်း ၊ မြေလျှောက်ပင်စည်များမှပါ မျိုးပွားနိုင်သော မြက်များကို စုစည်းတင်ပြပေးပါရစေ။

  • ၁။ မောင်ရင်ငို (ခ) နောက်ပိုးမြက်

    နှစ်ရှည်ခံ တွားသွားသောအပင်မျိုးဖြစ်သည်။ မြေမျက်နှာပြင်အနီးတွင် ကပ်ပေါက်ပြီး အဆစ်များတွင် အမြစ်များထွက်သည်။ အစေ့အားဖြင့်သော်လည်းကောင်း ၊ မြေလျှောက်ပင်စည်အားဖြင့်သော်လည်းကောင်း မျိုးပွားသည်။ ခြောက်သွေ့သောကုန်းမြေ၊ စားကျက်မြက်ခင်းများနှင့် လမ်းဘေးတစ်လျှောက်တွင် တွေ့ရှိရသည်။

    ၂။ မြင်းစာမြက် (ခ) မြေဇာမြက်

    နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး ပြောင်ချောသောကိုင်းများစွာဖြာထွက်သည်။ မြေပေါ်ပင်စည်သည် မြေ၌ကပ်လျက်ပြန့်ကြဲစွာပေါက်ပြီး မြေအောက်၌ မြေအောက်ရိုင်ဇုမ်းရှိသည်။ အညွန့်နှင့်အမြစ်များသည် အဆစ်များမှထွက်သည်။ မြေပေါ်ပင်စည်ပိုင်း၊ရိုင်ဇုမ်းနှင့် အစေ့အားဖြင့်မျိုးပွားသည်။ ယာသီးနှံခင်းများ၊ နှစ်ရှည်သီးနှံခင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် တွေ့ရသည်။

    ၃။ ပန်းတော်နီ၊ပန်းတော်ညို၊အင်တိုင်းမြက်ခါး

    နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး မြေပေါ်၌ ပြန့်ကြဲ၍ ပေါက်သည်။ အစေ့၊ စတိုလွန် နှင့် ရိုင်ဇုမ်းအားဖြင့်မျိုးပွားသည်။ မြေလွတ်မြေရိုင်းများ၊ သီးနှံစိုက်ကွင်းများ ၊ စားကျက်မြက်ခင်းများနှင့် နှစ်ရှည်သီးနှံစိုက်ခင်းများတွင် တွေ့ရသည်။

    ၄။ဖော့မြက်

    နှစ်ရှည်ခံအပင်မျိုးဖြစ်သည်။ ပင်စည်သည် ရေမျက်နှာပြင်ပေါ် ပြန့်ကြဲပေါက်ရောက်ပြီး ထိပ်ပိုင်းသည် အပေါ်သို့ထောင်မတ်လျက်ရှိသည်။ ၇ ပေနီးပါးရှည်သည်။ အဆစ်များတွင် အမြစ်များထွက်သည်။ ဆစ်ကြားပိုင်းနေရာသည် ရေမြှုပ်သဖွယ် ဖောင်းပွလျက်ရှိပြီး အနီရောင်ရှိသည်။ အရွက်သည် ရှည်မျောမျော လှံသွားပုံရှိ၍ ထိပ်ချွန်သည်။ အသီးသည် ဘဲဥပုံရှိသည်။ အစေ့အားဖြင့်သော်လည်းကောင်း၊ ပင်ပိုင်းအားဖြင့်သော်လည်းကောင်း မျိုးပွားသည်။ လယ်စပါးများနှင့် ရေရှိသောနေရာများတွင် တွေ့ရှိရသည်။

    ၅။ သမန်းမြက်

    နှစ်ရှည်ခံပင်ဖြစ်၍ မညီမညာ ပြန့်ကြဲလျက်ပေါက်သည်။ ရေထဲ၌ပေါက်သောအပင်မျိုးဖြစ်သည်။ အဆစ်များမှ အမြစ်ထွက်သည်။ ပင်စည်လုံးဝန်း၍ အောက်ခြေပိုင်းမှ ကိုင်းဖြာသည်။ အဆစ်များတွင် အမွေးကြမ်းများရှိသည်။ အစေ့နှင့် ရိုင်ဇုန်းအားဖြင့် မျိုးပွားသည်။ စိုစွတ်သောမြေများနှင့် တိမ်သောရေမြောင်းများတွင် တွေ့ရသည်။

    ၆။ မြက်ကြိမ် (ခ) မြက်ခါး

    နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး ပင်စည်သေးသွယ်၍ အရင်းပိုင်းသည် မြေပေါ်၌ တွားသွားသည်။ ကျန်အပိုင်းသည် အပေါ်သို့ထောင်မတ်နေသည်။ အမြစ်သည် အဆစ်များမှထွက်သည်။ မြေအောက်ပင်စည်မှာသန်မာ၍ ရွက်ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြေအောက်ပင်စည်ဖြင့် မျိုးပွားသည်။ ရေဝပ်သည့်နေရာများတွင် တွေ့ရသည်။

    ၇။ ကျူ၊ ကျူခိုင် ၊ ကျူဝါးခိုင်

    နှစ်ရှည်ခံပင်ဖြစ်ပြီး ထောင်မတ်လျက်ပေါက်သည်။ အပင်သည်ကြမ်းသည်။ ပင်စည်သည်တုတ်ခိုင်၍ ကိုင်းများဖြာထွက်ခြင်း မရှိပေ။ အစေ့နှင့် ရိုင်ဇုမ်းအားဖြင့် မျိုးပွားသည်။ မြစ်ချောင်းနံဘေးနှင့် ရွှံ့ဗွက်အိုင်များတွင် တွေ့ရသည်။

    ၈။ ကိုင်း

    နှစ်ရှည်ခံပင်ဖြစ်၍ ထောင်မတ်လျက်ပေါက်သည်။ ၁ - ၁၂ ပေမြင့်သည်။ ပင်စည်နှင့် အရွက်တို့ ကြမ်းသည်။ မြေအောက်ရိုင်ဇုမ်းပါရှိသည်။ ပင်စည်သည် တစ်နေရာတည်းမှ စုပြုံထွက်သည်။ အဆစ်များအောက်တွင် ဖယောင်းလွှာများရှိသည်။ ခွံစပ်တစ်စေ့သီးဖြစ်သည်။ အစေ့နှင့် ရိုင်ဇုမ်းအားဖြင့် မျိုးပွားသည်။ ခြောက်သွေ့သော သီးနှံစိုက်ခင်းများ၊ နှစ်ရှည်ခံသီးနှံပင်များတွင် တွေ့ရသည်။

    ၉။ ခွေးမြီးပုတ်

    နှစ်ရှည်ခံပင်ဖြစ်သည်။ ပင်စည်သည်ထောင်မတ်လျက်ပေါက်သည်။ သို့မဟုတ် အောက်ခြေအဆစ်များကွေးလျက် အပေါ်သို့ထောင်မတ်ပြီး ပေါက်သည်။ မြစ်မွေးများ ထူထပ်ပြီး ရိုင်ဇုမ်းများရှိသည်။ အသီးသည် ဘဲဥပုံခွံစပ်တစ်စေ့သီးဖြစ်သည်။ အစေ့တစ်စေ့သာပါ၍ ရွက်ခွံငယ်များဖုံးအုပ်လျက်ရှိသည်။ အစေ့နှင့်အပင်ပိုင်းအားဖြင့် မျိုးပွားသည်။ ခြောက်သွေ့သော သီးနှံစိုက်ခင်းများ၊ နှစ်ရှည်သီးနှံစိုက်ခင်းများနှင့် စားကျက်များတွင် တွေ့ရသည်။

    ကိုးကား-မြန်မာနိုင်ငံရှိ အဓိကပေါင်းပင်မျာ


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes7comments1
views246views2723