cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပို့ကုန် ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု စံချိန်တင် ဈေးမြင့်တက်နေ

. ဈေးကွက်
``ပြည်တွင်းသုံးကုလားပဲ ပေါက်ဈေးတွေက ပဲဈေးကွက်မှာ မကြားဘူးတဲ့ ပေါက်ဈေးတွေ ဖြစ်လာတယ်။ လက်ကျန်နည်း လာလို့ လှောင်လက်အရောင်း သမား ထုတ်ရောင်းသလောက်ပဲ ဝယ်ယူနေရတာပါ။
  • ပို့ကုန် ပဲစင်းငုံနှင့် ပြည်တွင်း သုံး ကုလားပဲအုပ်စုသာ စံချိန်တင် ဈေးမြင့်တက်နေသော်လည်း အခြား ပဲမာလိုင်းများမှာ ပုံမှန်သာအရောင်း အဝယ်ရှိကြောင်း ပဲနှမ်းကုန်သည် များထံက သိရသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အရောင်းသမားများ ထုတ်ရောင်းသည့် ပမာဏလောက် စောင့်ဝယ်ယူရသည့် အခြေအနေ ဖြစ်တာကြောင့် စံချိန်တင် ပေါက် ဈေးတွေဖြစ်လာကြောင်း၊နှမ်းမျိုးစုံ ဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀ç၀၀၀ အထိ အမြင့်ဈေးဖြင့် အရောင်း အဝယ်သွက်နေကြောင်း ပို့ကုန်ပဲ များတွင် ပဲစင်းငုံဈေးမှာ ဆက်လက် မြင့်တက်နေသော်လည်း မတ်ပဲ ဈေးမှာ ပုံမှန်သာအရောင်းအဝယ် ရှိကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

    ``ပြည်တွင်းသုံးကုလားပဲ ပေါက်ဈေးတွေက ပဲဈေးကွက်မှာ မကြားဘူးတဲ့ ပေါက်ဈေးတွေ ဖြစ်လာတယ်။ လက်ကျန်နည်း လာလို့ လှောင်လက်အရောင်း သမား ထုတ်ရောင်းသလောက်ပဲ ဝယ်ယူနေရတာပါ။ အရင်ပတ် ကတည်းက စံချိန်တင်ဈေးဖြစ်နေ တာ။ အခုလည်း လက်ကျန်နည်း တော့ ဆက်လက်ဈေးကောင်းနေ တုန်းပါ။ ပို့ကုန် ပဲစင်းငုံနီက သုံး တင်းဝင်တစ်အိတ်ကို ၃၁၅၀၀၀ အထိပေါက်ဈေးဖြစ်နေပါတယ်။ မတ်ပဲကတော့ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၂၃၅၀၀၀ ပေါက်ဈေးနဲ့ ပုံမှန်သာအရောင်း အဝယ်ဖြစ်နေပါတယ်။နှမ်းအသစ် အဝင် အနည်းငယ်သာရှိပေမယ့် နှမ်းစိုက်ခင်းများ ပျက်စီးမှုအချို့ ရှိလို့ နှမ်းမျိုးစုံဈေးကွက်က ရက် ပိုင်းအတွင်း အမြင့်ဈေးဖြစ်လာပါ တယ်။ လက်ရှိမှာ နှမ်းနက်စမုံ သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀ အထိ ပေါက် ဈေးရှိလာပါတယ်။ တရုတ်လိုင်း တင်ပို့ရန် သိုလှောင်ထားသည့် နှမ်းနက်ကုန်သည်အချို့ထံတွင် လည်း နှမ်းနက်များစွာ တင်ပို့ရန် ကျန်ရှိနေပါတယ်။ လက်ရှိမှာ တော့ အရောင်းအဝယ် ခပ်သွက် သွက်ဖြစ်နေပါတယ်။ တရုတ် အစိုးရ၏ အခွန်ဆိုင်ရာပြဿနာ ကြောင့် တရုတ်ဝယ်လက်များသော မြေပဲဆန်မှာ ဈေးခပ်အေးအေးဖြစ် နေပါတယ်။ လက်ရှိဈေးကွက်မှာ ပို့ကုန်ပဲစင်းငုံနှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စုသာ အရောင်းအဝယ် ကောင်းနေပါတယ်´´ ဟု ၎င်းက ပြောသည်။

    ဇွန် ၈ရက်တွင် ပို့ကုန်မတ်ပဲ ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ ပေါက်ဈေးသာ ရှိပြီး ပဲစင်းငုံမှာ ၁၄ ရက်အတွင်း တစ် အိတ်လျှင် ငွေကျပ် ၆၀၀၀၀ အထိ စံချိန်တင်ဆက်လက် ဈေးမြင့်တက် လာကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ စံချိန်တင်ပေါက်ဈေး ဖြစ်လာရာ ဇွန် ၈ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀ç၀၀၀၊ဠ၇ တစ်အိတ် လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၇၀၀၀၊ ၉၂၉ ကုလား ပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၄၀၀၀ ပေါက်ဈေးဖြစ်လာပြီး ပြည်တွင်း သုံးပဲမာလိုင်းများမှာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၇၈၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၇၅၀၀၀၊မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၃၀၅၀၀၀၊ ကျွန်း စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၈၀၀၀ပေါက် ဈေးရှိကြောင်း သိရသည်။

    မေလဆန်းပိုင်းမှစတင်ပြီး နှမ်းမျိုးစုံဈေးကွက် တဖြည်းဖြည်း ဈေးမြင့်တက် အဝယ်လိုက်လာရာ နှမ်းဖြူ ၄၅ ပိဿာတစ်အိတ်လျှင် ၃၆၈၀၀၀၊နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ နှမ်းဝါ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes3comments0
views86views2486