cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ကော်ဖီကို နိုင်ငံပေါင်း (၁၄) နိုင်ငံ သို့ တင်ပို့နေရပြီး တိုးချဲ့တင်ပို့နိုင်ဖို့ အဖွဲ့အစည်းအသစ်ဖွဲ့စည်းကာ လုပ်ဆောင်ရန် ပြင်ဆင်လာ

. ဈေးကွက်
လက်ရှိမှာလည်းဂျပန်၊ တရုတ်၊ ဆော်ဒီအာရေဗျ နှင့် ယူအေအီးတို့က မြန်မာ့ကော်ဖီတင်သွင်းမှုအတွက် သွင်းကုန်ခွန်ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်းသတ်မှတ်ထားပြီး အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MTPO)က ပြောပါတယ်။
  • မြန်မာ့ကော်ဖီကို နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ တင်ပို့နေရပြီး ဂျပန်အပါအဝင် ၄ နိုင်ငံက သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးထားချိန်တွင် ဈေးကွက်သစ်များထပ်မံရှာဖွေဖို့ သက်ဆိုင်ရာ ဌာနများအပါအဝင် လုပ်ငန်းရှင်များ၊ ပညာရှင်များ ပါဝင်တဲ့ အဖွဲ့အစည်းအသစ် ဖွဲ့စည်းကာလုပ်ဆောင်သွားမယ်လို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MTPO)မှ သိရှိရပါ တယ်။ 

    MTPO မှ တာဝန်ရှိသူတစ်ဦးက ‘‘အရည်အသွေးပိုင်းကတော့ မြန်မာနိုင်ငံကော်ဖီအသင်းနဲ့ ပူးပေါင်းပြီး ကော်ဖီ ပညာရှင်တွေပါတာပေါ့နော်။ သူတို့က အရည်အသွေးနဲ့ပတ်သက်ပြီး သတ်မှတ်မယ်။ ကျွန်တော်တို့ ဘက်ကနေ ကော်ဖီပို့ကုန်ကို ချောချောမွေ့မွေ့နဲ့ တင်ပို့နိုင်ဖို့ အစိုးရ ၊ ပုဂ္ဂလိက ပူးပေါင်းပြီး ဟန်ချက်ညီညီဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကော်ဖီဗဟိုအဖွဲ့ဆိုတာ ရှိပါတယ်။ ဒါကို စိုက်ပျိုးရေးက ဦးစီးတာပေါ့၊ အခုကတော့ Task Force ပေါ့၊ ဖွဲ့စည်းမယ်။ အဲ့ထဲမှာ စီးပွားကူးသန်းပါမယ်၊ စိုက်မွေး ဆည်မြောင်းက တာဝန်ရှိ ဌာနတွေပါမယ်။ လုပ်ငန်းရှင်တွေပေါ့။ မြန်မာနိုင်ငံ ကော်ဖီအသင်းတွေ ပါမယ်၊ စိုက်ပျိုးထုတ်လုပ်တဲ့ ကော်ဖီအစုအဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်ဖွဲ့စည်းပြီး စိုက်ပျိုးထုတ်လုပ်မှုကနေ တင်ပို့မှုအထိရောက်အောင် တွန်းအား ပေးဆောင်ရွက်ဖို့ ရှိပါတယ်”လို့ နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

    လက်ရှိမှာ မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနဲ့ အာရှဒေသက နိုင်ငံပေါင်း (၁၄) နိုင်ငံကို တင်ပို့ရောင်းချနေရပြီး ဈေးကွက်သစ်တွေ ထပ်မံရှာဖွေကာ တိုးမြှင့်တင်ပို့ကြဖို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

    အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြီး “ ကော်ဖီက potential ရှိတဲ့ ထုတ်ကုန်တစ်ခုပေါ့။ ကျွန်တော်တို့နိုင်ငံ အနေအထားနဲ့လည်း ကော်ဖီစိုက်နိုင်တဲ့ ဧရိယာက အများကြီးရှိပါတယ်။ အဲ့ဒီနေရာတွေမှာ စိုက်ပျိုးနိုင်ရင် ကော်ဖီထုတ်လုပ်မှုတိုးတက်မယ်။ ကမ္ဘာ့ကော်ဖီ Culture ကလည်း တဖြည်းဖြည်းတိုးတက်လာနေပြီး နဂိုက အနောက်နိုင်ငံတွေကပဲ ကော်ဖီ ယဉ်ကျေးမှုရှိခဲ့တာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း အရှေ့တိုင်းဖြစ်တဲ့ ဂျပန်တို့၊ တရုတ်တို့ ၊ ကိုရီးယားတို့ကို ပြောင်းရွှေ့လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အနီးမှာရှိတဲ့ ဈေးကွက်ကို တိုးချဲ့ နိုင်ပြီဆိုရင် ကျွန်တော်တို့အတွက် နိုင်ငံခြားဝင်ငွေအများကြီးရမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ အဓိက သီးနှံ ပို့ကုန် အဖြစ် ဆောင်ရွက်သွားသင့်ပါတယ်”လို့ ပြောဆိုပါတယ်။

    လက်ရှိမှာလည်းဂျပန်၊ တရုတ်၊ ဆော်ဒီအာရေဗျ နှင့် ယူအေအီးတို့က မြန်မာ့ကော်ဖီတင်သွင်းမှုအတွက် သွင်းကုန်ခွန်ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်းသတ်မှတ်ထားပြီး အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MTPO)က ပြောပါတယ်။

    မြန်မာ့ကော်ဖီကို ဈေးကွက်ဝင် ကော်ဖီအဆင့်ကနေ အထူးတန်းဝင် ကော်ဖီအဆင့်အထိ အဆင့်မြှင့်ထုတ်လုပ်ထားနိုင်ပြီး လက်ရှိမှာ ပင်လယ်ရေကြောင်းကနေ အမေရိကန် ၊ ကနေဒါ ၊ အီးယူ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့ကို တင်ပို့နေကာ နယ်စပ်လမ်းကြောင်းကနေ တရုတ်နဲ့ ထိုင်းနိုင်ငံတွေဆီ ရောင်းချနေပါတယ်။

    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကော်ဖီစိုက်ဧက ၅ သောင်းခန့်ရှိကာ အထူးတန်းဝင် အမျိုးအစား (ကော်ဖီစေ့) က တစ်တန်ပေါက်ဈေး ကန်ဒေါ်လာ (၇၅၀၀) ခန့်ရှိပြီး ပုံမှန်ဈေးကွက်ဝင် ကော်ဖီအမျိုးအစားက တစ်တန်ကို ကန်ဒေါ်လာ (၃၀၀၀) မှ (၄၅၀၀) ကြား ဈေးရရှိနေတယ်လို့လည်း သိရှိရပါတယ်။

    ဤဆောင်းပါးကို MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes5comments1
views143views2620