cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးသားပေါက်ပျိုးသူများနှင့် အသားတိုးငါးမွေးမြူများအတွက် စနစ်တကျ ကန်ပြင်ဆင်ခြင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ငါးသားပေါက်ပျိုးသူများနှင့် အသားတိုးငါးမွေးမြူသူအများစုသည် ကန်ပြင်ဆင်ခြင်းလုပ်ငန်းဆောင် ရွက်ရာတွင် ထုံးဖြူးခြင်းလုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်ကြသည်ကိုတွေ့ရှိရပါသည်။
  • သို့သော် မိရိုးဖလာအရ ထုံး ပက်ခြင်းကို ဆောင်ရွက်ရာတွင် သတ်မှတ်ချက်အတိုင်းဆောင်ရွက်ခြင်းမဟုတ်ဘဲ သုံးစွဲသောထုံပမာဏ သည်နည်းနေကြောင်းကိုတွေ့ရှိရပါသည်။ ထို့ကြောင်ံ ငါးမွေးမြူရေးကာလတလျှောက်လုံးတွင် ပြည့်ဝသော ကန်အရည်အသွေးမရရှိခြင်းနှင့် ရေချည်ဖန်နှုံးကျဆင်းခြင်း ၊ ကန်အတွင်းအမိုးနီယားဖြစ်ပေါ် ခြင်းများကြုံတွေ့ရပါသည်။ထို့ကြောင့် ကန်ကိုစနစ်တကျပြင်ဆင်ပါက အထက်ဖော်ပြပါ ပြဿနာများနည်းပါးလာမည်ဖြစ် ကြောင်းတင်ပြအပ်ပါသည်။ ငါးကန်ဖော်ပြီး ကန်ပြင်ဆင်လျှင် ကန်အတွင်းရှိနှုံများကို (၈)လက်မအကျန် ထားပြီးဖယ်ရှင်းရပါမည်၊ နှုံများဖယ်ရှင်းပြီး ကန်ကိုပတ်ကြားအက်အောင်နေလှန်းပေးရပါမည်။ ပတ်ကြား အက်အောင်နေလှန်းပြီးနောက်တွင် ကန်အတွင်း ထုံးဖြူးပေးခြင်းလုပ်ငန်းကိုဆောင်ရွက်ရပါမည်။ ထုံးဖြူ ရာတွင် တဧကလျှင် ထုံး (၂၄၈)ပိဿာအထိထုံးပမာဏကို သုံးစွဲရပါသည်။ ကန်အောက်ခြေ မြေ၏ချည်ဖန် နှုံးသည် (၆)အဆင့်ရှိပါက ထုံးပိဿာ(၂၀၀)ခန့်ဖြစ်သင့်ပါသည်။

    ထုံးပက်ရခြင်းမှာ မြေ၏ချည်ဖန်နှုံးကို မြင့်လာစေရန်ဖြစ်ပါသည်။ ငါးပုစွန်မွေးမြူကန်တခုတွင် ကန် အောက်ခြေ၏မြေချည်ဖန်နှုံးသည် (၅) အထက်ရှိရမည်ဟု မွေးမြူးရေးပညာရှင် များကအဆိုပြုထားပါသည်။ မြေချည်ဖန်နှုံး ကျဆင်းပါက ကန်ရေတွင်လည်း ချည်ဖန် နှုံး ကျဆင်းခြင်း ။ကန်အောက်‌မြေသားတွင် လည်း အမိုးနီးယားဖြစ်လာနိုင်ခြေရှိပါသည်။ ထို့အပြင်ထုံးဖြူးပေးခြင်း ဖြင့် ကန်အောက်ခြေရှိ မလိုလားအပ်သော အဆိပ်ဓါတ်ငွေ့များ ၊ဘက်တီးရီးယားများနှင့်အင်းဆက်ပိုးများကိုသေစေနိုင်ပါသည်။ ထို့ကြောင့် ကန်အတွင်း ထုံးပက်ခြင်းကို ကန်အောက်ခြေမြေအား ချည်ဖန်နှုံးတိုင်းတာပြီးမှ ထုံးပက်ခြင်းသည် သိပံ္ပနည်းကျသော စနစ်ဖြစ်ပါသည် ၊ လိုအပ်သောထုံးပမာဏအတိုင်းပက်နိုင်ပါသည်။

    ငါးမွေးကန်အတွင်း ရေသွင်းရာတွင်လည်း ရေကိုစနစ်တကျသွင်းစေရန်အကြံပြုလိုပါသည်။ သွင်း လိုက်သောရေတွင် ငါးရိုင်များနှင့် သားစားငါးများပါလာနိုင်ပါသည်။ထို့အပြင် မိမိသွင်းမည့်ရေသည် စက်ရုံ အလုပ်ရုံမှစွန်ပစ်သောရေနှင့် ကင်းဝေးရမည့်အပြင် ငါးရောဂါကျရောက်ထားသော ငါးကန်မှ စွန်ပစ်ရေး နှင့် ကင်းဝေးစေရန်လိုအပ်ပါသည်၊ ငါးကန်ကိုရေစစ်ပြီးသွင်းခြင်းသည်အကောင်းဆုံးဖြစ်ပါသည်၊ ရေစစ်ကိုအများ စုက ပိုက်စိမ်းကိုခံထားပြီးသုံးခြင်းသည် မထိရောက်ပါ၊ ပိုက်စိမ်းမှ ဉ များသားလောင်းများပါဝင်လာတတ်ပါ သည်။ ထို့ကြောင့် ၅၀မိုက်ခရွန် (သို့မဟုတ်) ၁၀၀ မိုက်ခရွန် ရှိရေစစ်ကိုအသုံးပြုခြင်းဖြင့် ငါးရိုင်းနှင့်သား စားငါးများကို ကာကွယ်နိုင်သလို အနယ်အနှစ်များလည်းစစ်ပေးနိုင်ပါကြောင်းတင်ပြအပ်ပါသည်။

    ငါးမွေးကန်များရေစစ်သွင်းရာတွင်လည်း အသားတိုးကန်အတွက် အနည်းဆုံး(၃)ပေအထိသွင်းပေး ရပါမည်၊ သားပေါက်ပျိုးထောင်သောကန်အတွက် အနည်းဆုံး(၂)ပေ သွင်းပေးရပါမည်။ ထို့ကြောင့် ကန်စ တင်ပြင်ဆင်ချိန်တွင် ထုံးပက်ခြင်းကို သတ်မှတ်ချက်အတိုင်းပက်စေခြင်းဖြင့် မွေးမြူရေးကာလ တလျှောက် ကန်ရေ အရည်အသွေးနှင့် ငါးကြီးထွားနှုံးကိုပါ အကျိုးပြုစေပါမည်။ ကန်ရေဩဇာတက်လာစေရန်အတွက် (တနည်း ရေအရောင်စိမ်းလာစေရန်) ကန်အတွင်းမြေဩဇာထည့်သွင်းရာတွင်လည်း အချိုးအစားပမာဏ မှန်ကန်စေရန်အရေးကြီးပါသည်။ ရေဩဇာကောင်းမွန်စေရန်အတွက် သုံးမျိုးစပ်ဓါတ်မြေဩဇာ (NPK) ၇ ပိဿာမှ ၈ ပိဿာအထိ အသုံးပြုနိုင်ကြောင်းတင်ပြအပ်ပါသည်။ 

    ထွက်တိုး ဒေါင်းလုပ်ရယူရန် - https://download.htwettoe.com/

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes16comments0
views807views3383