cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကမ္ဘာ့ရော်ဘာဈေးကောင်းလို့ တန်ချိန် ၃ သိန်းခန့် ပြည်ပပို့မယ်

. ဈေးကွက်
ဇွန်လဆန်းပိုင်းမှာ ကမ္ဘာ့ရော်ဘာဈေးကွက်မှာ ရော်ဘာ တစ်ပေါင်ကို ယခင် အမေရိကန်ဒေါ်လာ ၁၆၅၀ ရှိခဲ့ရာမှ ၁၇၀၀ အထိ မြင့်တက်နေပြီး ဈေးကောင်းရရှိနေတာကြောင့် ယခုဘဏ္ဍာနှစ်မှာ တန်ချိန် ၃ သိန်းခန့် တင်ပို့သွားဖို့ရှိနေတယ်
  • ပြည်ပနိုင်ငံများထံသို့ ရော်ဘာတန်ချိန် ၃ သိန်းခန့် ယခု ဘဏ္ဍာနှစ်အတွင်း တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

    ယခု ဇွန်လဆန်းပိုင်းမှာ ကမ္ဘာ့ရော်ဘာဈေးကွက်မှာ ရော်ဘာ တစ်ပေါင်ကို ယခင် အမေရိကန်ဒေါ်လာ ၁၆၅၀ ရှိခဲ့ရာမှ ၁၇၀၀ အထိ မြင့်တက်နေပြီး ဈေးကောင်းရရှိနေတာကြောင့် ယခုဘဏ္ဍာနှစ်မှာ တန်ချိန် ၃ သိန်းခန့် တင်ပို့သွားဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ဦး က ပြောကြားထားပါတယ်။

    ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က စုစုပေါင်း ရော်ဘာတန်ချိန် ၃ သိန်း ၆ သောင်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် ၂ သိန်းကျော်တင်ပို့ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

    မြန်မာ့ ရော်ဘာကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား ၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့ အပြင် တရုတ် (တိုင်ပေ)သို့လည်း နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းတို့မှ တင်ပို့လျက် ရှိနေတာပါ။

    မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်းကျော်ရှိကာ လက်ရှိအချိန်ဟာ မိုးရာသီကာလဖြစ်တာကြောင့် အထွက်နှုန်းကျဆင်းတဲ့အတွက် ပြည်တွင်းရော်ဘာ အစေးခြစ်ခြင်း လုပ်ငန်းများကို စက်တင်ဘာလကုန်အထိ ရပ်နားထားလေ့ရှိတယ်လို့ သိရပါတယ်။

    ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

    ဤဆောင်းပါးကို MFNမှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes4comments0
views58views4068