cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပတ်စဉ် စိုက်ပျိုးရေးနှင့်မိုးလေဝသ အကြံပြုချက် (ဇွန်လ 16 ရက်နေ့မှ ဇွန်လ 22 ရက်)

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်း ဒေသကြီးရှိ ဟင်္သာတမြို့နယ်၊ လပ္ပတာမြို့နယ်၊ ပုသိမ် မြို့နယ်၊ မြောင်းမြမြို့နယ်၊ မအူပင်မြို့နယ်နှင့် ဖျာပုံမြို့နယ် တို့တွင် ယခုအပတ်အတွင်း မိုးသည်းသန်စွာ ရွာသွန်းနိုင်သဖြင့် စိုက်ပျိုးရေး အကြံပြုချက်များကို ဂရုတစိုက် လိုက်နာလုပ်ဆောင်ပေးပါ။
  • ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဟင်္သာတ၊ လပ္ပတာ၊ ပုသိမ်နှင့် မြောင်းမြမြို့နယ် တို့တွင် ဇွန်လ ၁၆ရက်နေ့ မှ ၂၁ ရက်နေ့အထိ မိုးရွာသွန်းရန် ရာခိုင်နှုန်း (၈၀%-၉၀%-၁၀၀%) နီးပါး ဖြစ်သည့်အတွက် မိုးအလွန်ကြီးနိုင်ပါသည်။

    • ထိုရက်များတွင် စိုက်ခင်းတွင်း သွင်းအားစု ထည့်သွင်းခြင်းကို လုံးဝ မလုပ်ဆောင်သင့်ပါ။
    • စပါးပျိုးခင်းနှင့် ကြဲခင်းတို့တွင် မိုးရေလျှံခြင်း ဖြစ်ပွားနိုင်ပြီး စပါးပင်ပွား ထွက်ရှိနိုင်မှုကို ဟန့်တားနိုင်တာကြောင့် ရေနုတ်မြောင်းများ ပြင်ဆင်ထားခြင်းနှင့် လိုအပ်သလို ရေဖောက်ထုတ်ပေးခြင်း၊ ကန်သင်းဖို့ခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါသည်။
    • လက်ပေါင်းလိုက်ခြင်း၊ ပေါင်းကောက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။

    ဇွန်လ ၂၂ ရက်နေ့မှာတော့ ၆၅ ရာခိုင်နှုန်းသာ မိုးရွာနိုင်သည့် အတွက်အောက်ပါ စိုက်ပျိုးရေး အကြံပြုချက်များကို လိုက်နာလုပ်ဆောင်ပေးပါ။

    • စပါးပျိုးခင်းနှင့် ရက်သားနု စိုက်ခင်းရှိ စပါးပင်များအား အာဟာရလိုအပ်ချက် ရှိမရှိ သေချာစွာ စစ်ဆေးပါ။ စပါးရွက်အရောင်နှင့် စပါးအမြစ်တို့ကို အဓိက စစ်ဆေးပါ။
    • စပါးခင်း အကွက်လိုက် ဝါဖျော့နေပါက ပုလဲမြေဩဇာ ထည့်သွင်းပေးပါ။ သွင်းအားစု မထည့်သွင်းမှီ ရေပြောင်အောင် ထုတ်ပေးရန် လိုအပ်ပါသည်။
    • အပင်ငယ်စဉ် အဆင့်တွင် ရွက်ဖြတ်ပိုးများ၊ ငမြှောင်တောင်နှင့် ဆစ်ပိုးဥမြုံများ ရှိမရှိ ကင်းထောက်စစ်ဆေးပါ။
    • မှိုရောဂါကျရောက်နိုင်မှုကိုလည်း အလေးထား စောင့်ကြည့်သင့်ပါသည်။
    •  စိုက်ခင်းတွင်း အသုံးပြုသင့်သော ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို မှန်ကန်စွာ အသုံးပြုနိုင်ရန် ထွက်တိုး ကောစင်တာ ၀၉ ၉၇၇၉၁၀၀၀ သို့ဆက်သွယ်ပြီး အခမဲ့ ဆွေးနွေးကာ အကြံပြုချက် ရယူပါ။
    •  မှိုသတ်ဆေး၊ ပိုးသတ်ဆေး အသုံးပြုရန် လိုအပ်ပါကလည်း မိုးရွာနိုင်သည့် အလားအလာကို ချင့်ချိန်တွက်ဆ အသုံးပြုသင့်ပါသည်။
    • ထွက်တိုးတွင် နာရီအလိုက် အသေးစိတ် ရာသီဥတု ခန့်မှန်းချက်များကို ရယူနိူင်ပြီး အချိန်ကိုက် သွင်းအားစု ထည့်သွင်းခြင်းကို ချင့်ချိန်လုပ်ဆောင်ပါ။

    မအူပင်မြို့နယ်

    • မအူပင်မြို့နယ်မှာတော့ ယခုအပတ်အတွင်း မိုးကြီးနိုင်သည့်အတွက် ဆုံးရှုံးမှု မရှိစေရန် စိုက်ခင်းတွင်း သွင်းအားစု ထည့်သွင်းခြင်းကို လုံးဝမလုပ်ဆောင်သင့်ပါ။
    • လူအားဖြင့် ရေနုတ်မြောင်း ပြင်ဆင်ခြင်း၊ ရေဖောက်ထုတ်ခြင်း၊ စိုက်ခင်းတွင်း ပေါင်းကောက်ခြင်း၊ ပိုးမွှားရောဂါ ကင်းထောက်စစ်ဆေးခြင်း၊ သွင်းအားစု သုံးစွဲရန် ပြင်ဆင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။

    ဖျာပုံမြို့နယ်

    • ယနေ့အတွက် မိုးရွာရန် ၉၂ ရာခိုင်နှုန်းရှိပြီး၊ မနက်ဖြန် ဇွန်လ ၁၇ နှင့် ၁၈ ရက်နေ့နှင့် ၂၂ရက်နေ့ တွေမှာတော့ မိုးရွာရန် ၅၅ နှင့် ၆၃ ရာခိုင်နှုန်းသာ ရှိနိုင်တဲ့အတွက် ထိုနေ့များတွင် လိုအပ်သည့် စိုက်ခင်းစစ်ဆေးခြင်း၊ ထွက်တိုး စိုက်ပျိုးရေး အကြံပြုချက်များပေါ် အခြေခံပြီး သွင်းအားစု ထည့်သွင်းခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။
    • ဇွန်လ ၁၉၊၂၀၊၂၁ ရက်နေ့များမှာတော့ မိုးရွာရန် ရာခိုင်နှုန်း ၉၀ ကျော်ရှိနိုင်တာကြောင့် ရေထုတ်ခြင်း၊ ပေါင်းကောက်ခြင်း စသည်တို့ကိုသာ လုပ်ဆောင်ပါ။ 

    Source: CIAT

     

     

     


  • article
likes12comments0
views229views3218