cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုတက် (ခ) ပိုတက်စီယမ်အကြောင်းသိကောင်းစရာများ

. အပင်အာဟာရ
ပိုတက်စီယမ်သည် သီးနှံပင်များအတွက် မရှိလို့မဖြစ်အောင် လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါသည်။
  • သီးနှံပင်တွေရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ အများအပြားလိုအပ်ပါသည်။သီးနှံပင်တွေရဲ့ အစာကြောရေကြောတွေထဲမှာ ရေ ၊ အစာအဟာရနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ ရွေ့လျားနေဖို့ ပိုတက်စီယမ်နဲ့ ဆက်နွှယ်ပတ်သက်ရပါသည်။ ဒါမှ အလင်းမှီအစာချက်လုပ်နိုင်မှာဖြစ်ပါသည်။သီးနှံပင်ကလေးတွေမှာ အရွက်လေးတွေက စတိုမာလို့ခေါ်တဲ့ အပေါက်လေးတွေနဲ့ လေရှူသွင်းရပါတယ်။ လူတွေလိုဆိုတော့ နှာခေါင်းပေါက်လေးများပေါ့။ အဲ့ဒီစတိုမာလေးတွေရဲ့ အဖွင့်အပိတ်ကို ပိုတက်စီယမ်က တာဝန်ယူပေးရပြန်ပါသည်။ ပိုတက်စီယမ် မလုံလောက်တာ၊ ပိုတက်စီယမ်ပါတဲ့မြေဩဇာတွေ မကျွေးမိတာမျိုးကနေ အပင်တွေ တက်မလာတာ၊ သီးနှံအထွက်နှုန်းတွေ ထင်သလောက်မရတာမျိုးတွေဖြစ်တတ်ပါသည်။

    ပိုတက်စီယမ်လုံလုံလောက်လောက်စားရတဲ့သီးနှံပင်တွေမှာ အမြစ်အားကောင်းကြပါသည်။ ရေငတ်ဒဏ်ခံနိုင်ပါသည်။(ရေသွင်း နောက်ကျတာမျိုးတွေမှာ အပင်လည်ထွက်မသွားတော့တာပေါ့)။ အပင်တောင့်တင်းခိုင်မာစေပါသည်။ အပင်ထဲကနေရေဓါတ်ဆုံးရှုံးပြီး ညှိုးတာမျိုးတွေမဖြစ်စေပါ။ သီးနှံပင်ရဲ့အစာချက်အားကောင်းစေပါသည်။

    ရာသီဥတုကြောင့် မလိုအပ်ပဲအပင်ရဲ့ စွမ်းအင်ဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးနိုင်ပါသည်။ သီးနှံပင်ထဲမှာ သကြားဓါတ်၊ ကစီဓါတ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကူညီပေးပါသည်။ ကစီဓါတ်ကြွယ်ဝတဲ့ အစေ့အဆံတွေအောင်ပြီး သီးနှံအထွက်တိုးစေပါသည်။ အပင်တွေဟုန်တာ၊ရှည်မျောမျောကြီးတွေဖြစ်တာ နဲ့ ရောဂါဒါဏ်မှလည်း ကာကွယ်ပေးနိုင်ပါသည်။

    ပိုတက်စီယမ် ကို အပင်ကရနိုင်ဖို့ မြေကြီးအစိုဓါတ်၊ မြေကြီးလေဝင်လေထွက်ကောင်းမှု(ထွန်ရေးညက်ညက်ကိုဆိုလိုပါသည်)၊ မြေကြီးအပူချိန် နဲ့ ထယ်ထိုးထွန်မွှေခြင်းစသည့်အချက်များ လိုအပ်ပါသည်။

    ၁။မြေကြီးအစိုဓါတ်

    မြေကြီးအစိုဓါတ်များလေ အပင်ရဲ့အမြစ်တွေဆီ ပိုတက်စီယမ် တွေများများရောက်နိုင်လေဖြစ်ပါသည်။ သုတေသနလေ့လာချက်များအရ ယေဘုယျအားဖြင့် ခြောက်သွေ့တဲ့နှစ်တွေမှာ ပိုတက်စီယမ် တွေ အပင်တွေဆီမရောက်လွယ်ပါ။

    ၂။ မြေကြီးရဲ့လေဝင်လေထွက်

    ထယ်ရေးကောင်းတဲ့မြေတွေဆိုတာ သီးနှံဖြစ်ထွန်းဖို့အင်မတန်လွယ်ပါသည်။လေဝင်လေထွက်ကောင်းတော့ အမြစ်တွေအလွယ်တကူလေရှုနိုင်ကြပြီး၊ ပိုတက်စီယမ်ကိုပိုမိုစုပ်ယူနိုင်ကြပါတယ်။

    ၃။ မြေကြီးအပူချိန်

    အမြစ်ရဲ့လုပ်ဆောင်ချက်၊ အပင်ရဲ့လုပ်ဆောင်ချက်တွေကောင်းဖို့ မြေကြီးအပူချိန်ကအရေးပါပါသည်။ မြေကြီးအပူချိန်မြင့်ရင် သီးနှံပင်တွေရဲ့ ပိုတက်စီယမ်ရယူနိုင်စွမ်းမြင့်မားစေပါသည်။

    မြေကြီးအပူချိန် ၆၀-၈၀ ဒီဂရီဖာရင်ဟိုက် မှာ ပိုတက်စီယမ်စုပ်ယူအနှုန်းအကောင်းဆုံးဖြစ်ပါသည်။

    ၄။ ထယ်ထိုးထွန်မွှေခြင်း

    ထယ်ရေးထွန်ရေးမကောင်းရင် အမြစ်လုပ်ဆောင်ချက်တို့ခက်ခဲစေနိုင်ပါတယ်။ ပိုတက်စီယမ် စုပ်ယူနိုင်စွမ်းကျဆင်းနိုင်ပါသည်။

    ပိုတက်စီယမ်ချို့တဲ့ရင် သိသိသာသာလက္ခဏာပြတဲ့ သီးနှံပင်တွေကတော့ ပြောင်း၊ပဲပုတ်၊ alfafa နဲ့ အာလူး တို့ဖြစ်ပါသည်။

    ပိုတက်စီယမ် မချို့တဲ့အောင် မြေချမြေဩဇာ၊ ရွက်ဖျန်းမြေဩဇာများအနေနဲ့ ဝယ်ယူသုံးစွဲနိုင်ပါသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သိုမဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes20comments1
views282views2578