cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဇွန်လ ၁၂ မှ ၁၆ ရက် နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-ဆန်ချောဈေးငြိမ်နေရာမှဒီတစ်ပတ်မှာ ဈေးပြန်တက်
-မတ်ပဲ ဈေး နယ်အချို့မှာ အဝင်မရှိတော့ ဈေးလည်း မဖွင့်
-ပဲစင်းငုံနီစျေး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ကျဆင်း
-ပဲကြီး၊ထောပတ်ပဲ ဈေးကွက်ထဲ အဝင်နည်ပြီးစျေးတက်
-ပြောင်းဆံဈေး အနည်းငယ် ပြန်မြင့်တက်လာ
-ကြက်သွန်ဖြူအဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်
  • ဆန်စပါး

    ၂ ပတ်နီးပါးလောက်ဈေးငြိမ်နေခဲ့တဲ့ ဆန်ချောဈေးနှုန်းက ဒီတစ်ပတ်မှာတော့ ထပ်ပြီး ဈေးပြန် တက်လာပါ တယ်။ဈေးတွေ မြင့်တက်နေပေမယ့် ဈေးကွက်အတွင်းကိုတော့ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်အေးနေတယ်လို့သိရပါတယ်။နယ်ဈေးကွက်တွေမှာတော့ ဆန်လက်ကျန်လည်း လျော့ နည်း နေပြီး မိုးတွင်း ဖြစ်တဲ့အတွက် အရောင်းအဝယ်ပါးပြီး ဈေးအေးနေတယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၁၂၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းကတစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၂၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ဒေးဒရဲက တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊မြောင်းမြပေါ်ဆန်းကတစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊ပေါ်ဆန်းနယ်စုံကတော့တစ်အိတ်ကို တစ်အိတ်ကို ၈၅၀၀၀ ကနေ ၈၇၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

    ဆက်တိုက်ဈေးတွေ မြင့်တက်ခဲ့တဲ့ဆန်ကြမ်းအများစုက ဒီတစ်ပတ်မှာ ဈေးငြိမ်နေပြီး ဧည့်မထဆန်ကပဲ တစ်အိတ်ကို ၅၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၂၅၀၀ပေါက်ဈေးရှိ နေပါတယ်။

    နယ်ဈေးကွက်မှာတော့စပါးဈေးတွေကတော့ အတက်အကျ အနည်းငယ်သာ အပြောင်းအလဲ ရှိနေပါတယ်။

    ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင် အသင်းက ပြည်တွင်းက ဆန် နဲ့ဆန်ကွဲ တွေကို ပိုမို တင်ပို့နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံက ကုမ္မဏီ ၈ ခုနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရအဖွဲ့တွေ နဲ့လည်းMOU လက်မှတ်များရေးထိုးခဲ့တယ်လို့သိရပါတယ်။

    မြန်မာ့ဆန်နဲ့ဆန်ကွဲ ကို တရုတ်နိုင်ငံ မှ အများဆုံး ဝယ်ယူပြီး ဖိလစ်ပိုင်နိုင်ငံက ဒုတိယ ဝယ်ယူမှု အများဆုံး နိုင်ငံဖြစ်သည်။


    မတ်ပဲ

    မတ်ပဲကတော့ ဈေးမြင့်တက်လာပါတယ်။ တစ်ပတ်အတွင်းမှာတော့ ငွေကြေးလဲလှယ်ဈေးနှုန်း အပြောင်းအလဲ များကြောင့် အတက်အကျတွေ ရှိခဲ့ပေမယ့် ဈေးက ပြန်ပြီး မြင့်တက်လာပါတယ်။ ဈေးချဝယ်ယူမှုကြောင့် ဈေးအနည်းငယ်ကျဆင်းသွားခဲ့တယ်လို့ ကုန်သည်အချို့က ဆိုပေမယ့် ပဲလက်ကျန်လျော့နည်းတဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက် ကြောင့် ဈေးက ရက်ပိုင်းအတွင်း ပြန်လည် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၂၄၆၀၀၀၀ ပေါက်ဈေးရှိပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၅၀၀၀ ကျော်ဈေးမြင့်တက်လာသည်။

    မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၄၀၀၀၀ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။

    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၈၀၀၀ ကနေ ၈၀၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်ပါတယ်။

    နယ်အချို့မှာတော့ ပဲ အဝင်မရှိတော့ပဲ ဈေးလည်း မဖွင့်ဘူးလို့ သိရပါတယ်။


    ပဲစင်းငုံနီ


    ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ ဆက်တိုက်ဈေးမြင့်တက် နေခဲ့တာဖြစ်‌ေ ပမယ့် လက်ရှိ ဈေးကျဆင်းမှုကတော့ အရောင်းအဝယ်မရှိ ဈေးကွက်အေး နေတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်ဈေးကွက်တွေမှာတော့ ဈေးဖွင့်ထားပေမယ့် အရောင်းအဝယ်မရှိဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံနီက ဆက်ပြီး တက်နိုင်ခြေ ရှိသေးတဲ့အတွက် လက်တလော ကျဆင်းခြင်းသည် ရေတို ကျဆင်းတာဖြစ်တယ်လို့ ပဲ ကုန်သည်အချို့က ဆိုပါတယ်။

    အိန္ဒိယနိုင်ငံရဲ ပဲစင်းငုံနီ လိုအပ်ချက်က ကြီးမားနေတဲ့အတွက် ပြည်တွင်းလှောင် လက်သမားတွေကလည်း ဈေး ဆက်စောင့်နေကြတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံကတော့ ပဲဈေး ကစားတာကို ဟန့်တား နိုင်ဖို့ အတွက် သိုလှောင်တာကို ကန့်သတ်မှုတွေ ပြုလုပ်နေပေမယ့် ဈေးကတော့ကျဆင်းသွားမျိုးမရှိဘူးလို့ အိန္ဒိယ သတင်းတွေ မှာ ဖော်ပြထားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ က တစ်တန်ကို ၃၂၇၀၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၂၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၁၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အရောင်းအဝယ်တော့ မရှိဘူးလို့ သိရပါတယ်။

    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၁၀၃၀၀၀ ကနေ ၁၀၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။


    ပဲကြီး ၊ထောပတ်ပဲ


    ပဲကြီးနဲ့ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေး မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဈေးကွက်ထဲကို အဝင်နည်းတယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာကို ၄၆၉၅ မှ ၅၁၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။မန္တလေးဈေးကွက်မှာ ပဲကြီးက သုံးတင်းဝင် တစ်အိတ်ကို ၂၇၀၀၀၀ ကနေ ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်တင်း ကို ၉၆၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်း ကို ၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ထောပတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့‌ေ ဈးငြိမ်ပါတယ်။ ။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၅၅၀၀၀ ကနေ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။


    ပြောင်းဆံ


    ၂ပတ်နီးပါး အကျဈေးနဲ့ ဈေးငြိမ်နေတဲ့ ပြောင်းဆံက ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ပြန်မြင့်တက်လာပါတယ်။ဈေးကွက်ထဲ အဟောင်းလက်ကျန်တွေ နည်းနေပြီး မျိုးပြောင်းတွေ အဝယ်သွက်နေတယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၂၂၀ ကနေ ၁၂၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၆၀၅၀၀ ကနေ ၆၁၅၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်ဈေးမြင့်တက်လာပါတယ်။

    မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၉၈၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက် လာပါတယ်။


    ကြက်သွန်ဖြူ


    ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိပေမယ့် အဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်လာ တာ ဖြစ်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ကြက်သွန်ဖြူ ပိဿာချိန် ၁၈၀၀၀ နီးပါး အဝင်ရှိတယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ၅၆၀၀ ကနေ ၇၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၆၄၀၀ ကနေ ၆၈၀၀ ‌ေ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/



  • article
likes6comments0
views96views2622