cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးအထွက်နှုန်းကို ကန့်သတ်နိုင်သော အကြောင်းအရာများမှာ

. စိုက်ပျိုးနည်းစနစ်များ
1. မျိုးရင်း (ရင့်မှည့်သည့်အချိန်၊ အာလူးမျိုးဥ၏ သွင်ပြင်လက္ခဏာ၊ ပိုးမွှား ရောဂါဒါဏ် ခံနိုင်ရည်ရှိမှု)

  • 2. မျိုးစေ့အရည်အသွေး (ကျန်းမာသန်စွမ်းမှု၊ ဇီဝကမ္မ သက်တမ်း၊ မျိုးစေ့ အရွယ်အစား)

    3. မြေဖုံးနိုင်မှု အခြေအနေ (စိုက်ဘောင်၊ မြေဩဇာ အသုံးပြုမှု၊ ရေသွင်းမှု)

    4. ပင်စည် သိပ်သည်းမှု

    စိုက်ပျိုးရန်အာလူးမျိုးဥများပြင်ဆင်ခြင်း

    အကောင်းဆုံးသောရလဒ်များရရှိစေရန် မစိုက်မှီ အာလူးမျိုးဥများကို ပြင်ဆင် ထားရန် လိုအပ်ပါသည်။

    -အာလူးမျိုးဥများ၏ မျိုးစေ့နားနေချိန်ကို ဖြတ်တောက်ခြင်း (break dormancy)

    -အာလူးမျိုးဥများကို ကြိုတင်အညှောင့်ဖောက်ထားခြင်း (pre sprouting) အာလူးမျိုးဥများကို -အညှောင့်ဖယ်ခြင်း (de sprouting)

    အာလူးမျိုးဥများကို ကြိုတင်၍ အစို့အညှောင့်ထွက်ရှိစေရန် ဆောင်ရွက် ထားခြင်း

    အားဖြင့် -

    -အပင်ပေါက်မြန်ဆန်ခြင်း ၊ ကနဦးအပင်ကြီးထွားမှု နှင့် အပင် သက်တမ်း တလျှောက် ကြီးထွားမှု ညီညာစေနိုင်သည်။

    -စိုက်ခင်းတွင်း အပင်ပြည့်၍ မြေဖုံးအုပ်မှု မြန်ဆန် စေပါသည်။

    -အပင်ကြီးထွားမှု မြန်ဆန်ပြီး ညီညာမှုရှိသဖြင့် ရောဂါနှင့် ပေါင်းကျ ရောက်မှု ပိုမိုသက်သာစေနိုင်ပါသည်။

    -ပင်စည်များ ပိုမိုထွက်ရှိ၍ ထွက်နှုန်းမြင့်မားမှု ရှိစေရန် အထောက် အပံ့ပေးပါသည်။

    အလင်းရောင်ရှိသောနေရာတွင် အစို့အညှောင့်ထွက်ရှိအောင်ပြုလုပ်ခြင်း

    မစိုက်မှီ ၂-၃ ပတ်အလိုတွင် အာလူးမျိုးဥများအား အအေးခန်းမှ ထုတ်ထားရမည်။

    မျိုးဥများအား အလင်းရောင်တိုက်ရိုက်မထိစေပဲ အရိပ်ထဲတွင်ထားပါ အစိမ်းရောင်ရှိအစို့အညှောင့်များ ၁-၂ စင်တီမီတာ (၀.၅-၁ လက်မ) ခန့်ထွက်ရှိချိန်အထိ ထားရပါမည်။

    ဂရုစိုက်ရမည့်အချက်များ

    -စက်ဖြင့်စိုက်ပျိုးမည်ဆိုပါက အစို့အညှောင့်များပျက်စီးမှုရှိနိုင်သဖြင့် အထူးသတိပြုရမည်။

    -လူအားဖြင့် စိုက်ပျိုးခြင်း(သို့မဟုတ်) စက်အနည်းငယ် အသုံးပြုသော စိုက်ပျိုးခြင်းစနစ်များတွင် ပိုမိုသင့်တော်ပါသည်။

    ကြိုတင်အစို့အညှောင့်ထွက်ထွက်ရှိစေရန်‌ ဆောင်ရွက်ခြင်းအား အမှောင်ခန်းထဲတွင် ပြုလုပ်လိုပါက အောက်ပါအတိုင်းဆောင်ရွက်ရပါမည်။

    -မစိုက်ပျိုးမှီ ၁-၂ ပတ်အလိုတွင် အာလူးမျိုးဥများအား အေးမြသောနေရာတွင် ထားရှိရပါမည်။

    -မျိုးစေ့ထားသောနေရာ၊မျိုးအိတ်များအား လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးရပါမည်။

    -အဖြူရောင်ရှိပြီး သေးငယ်သော အစို့အညှောင့်လေးများ ထွက်ရှိလိမ့်မည်။

    -အစို့အညှောင့်အရွယ်အစား ၅ မီလီမီတာ အောက်အတွင်းတွင်သာ စိုက်ပျိုးသင့်ပါသည်။ သို့မဟုတ်ပါက စိုက်ပျိုးချိန်တွင် ထိုအစို့ငယ်လေးများ ထိခိုက်ပျက်စီးမှုရှိနိုင်သည်။

    ဂရုစိုက်ရမည့်အချက်များ

    -စိုက်ပျိုးချိန်နောက်ကျမှု မရှိအောင်ဆောင်ရွက်ရပါမည်။

    -ရာနှုန်းပြည့် စက်ဖြင့်သာ စိုက်ပျိုးမည်ဆိုပါက အထူးသင့်တော်ပါသည်။

    အစို့အညှောင့်ဖယ်ရှားခြင်း(de sprouting)

    -မျိုးစေ့ရောင်းချသော ကုမ္ပဏီ (သို့မဟုတ်) ရောင်းချသူများအား မိမိအသုံးပြုမည့် အာလူးမျိုးသည် အစို့အညှောင့်းဖယ်ရှားသင့်သည့် မျိုး ဟုတ်မဟုတ် ဦးစွာမေးမြန်းထားသင့်ပါသည်။

    -ပုံမှန်အားဖြင့် မျိုးစေ့များတွင် သိုလှောင်စဉ် ထိပ်အညှောင့် ထွက်ပေါ်လေ့ရှိပြီး ထိုအညှောင့်များအား မဖြစ်မနေဖယ်ရှားရမည်ဖြစ်ပြီး သို့မှသာ နောက်ထပ် အစို့အညှောင့်အများအပြားထွက်ရှိမည်ဖြစ်သည်။

    -အညှောင့်ဖယ်ရှားခြင်းသည် ထိပ်အညှောင့် လွှမ်းမိုးသောကာလကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

    -အညှောင့်ဖယ်ရှားခြင်းသည် သားတက်များ ထပ်မံထွက်ရှိစေခြင်းဖြင့် မျိုး၏သက်တမ်းအား ပို၍ငယ်စေပါသည်။

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes4comments0
views108views2717