cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးစိုက်ပျိုးရန်မြေနှင့် စိုက်ဘောင်ပြင်ဆင်ခြင်း

. မြေပြုပြင်ခြင်း
မြေသားအနေအထား

အပင်မစိုက်မှီ ရှေးဦးစွာ မြေကြီးအားပြင်ဆင်ခြင်းဖြင့်-

-အပင်ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးရှိခြင်း

-ဘောင်လုံးရာတွင်လွယ်ကူမှုရှိခြင်း

မြေကြီးတွင် အတုံးအခဲများကင်းစင်နေရန်လိုအပ်ပြီး ၁၀-၁၂ စင်တီမီတာ(၅ လက်မခန့်အလွှာ) ရရှိအောင်ဆောင်ရွက်ရပါမည်။

  • -မြေကြပ်ခြင်းသည် အာလူးနှင့် အမြစ်များအားလွန်စွာထိခိုက်မှုရှိသည်။

    -မြေမျက်နှာသွင်ပြင်ညံ့ဖျင်းမှုသည် အာလူးများအား ပုံစံပျက်စီးစေခြင်း၊ အာလူးဥများအစိမ်းရောင်ပြောင်းခြင်းနှင့် ပိုးမွှားဖျက်ဆီးမှုများ တွေ့ကြုံရနိုင်သည်။

    -မြေခဲများရှိနေခြင်းသည် အပင်ပေါက်ထွက်ရှိစေရန် ကြာစေသည့်အပြင် စက်ဖြင့်ရိတ်သိမ်းပါက အခက်အခဲတွေ့ကြုံရနိုင်သည်။

    မှုန့်ညက်မှုရှိပြီး အစိုဓါတ်အလုံအလောက်ရှိသော မြေသားအခြေအနေဖြစ်အောင်ဆောင်ရွက်ထားရှိခြင်းဖြင့်

    -အပင်ထွက်ရှိမှုမြန်ဆန်စေခြင်း၊ မျိုးဥပုပ်ခြင်းအား လျှော့ချနိုင်ခြင်း၊ အပင်ပေါက်၊အပင်ကြီးထွားမှုမြန်သည့်အတွက် အပင်ဖုံးလွှမ်းမှုကောင်းပြီး ပေါင်းပေါက်ရောက်မှုကို ကာကွယ်ပြီးသားဖြစ်စေသည်။

    -အမြစ်ထိုးဖောက်မှုပိုမိုကောင်းမွန်ခြင်းဖြင့် ရေနှင့်အာဟာရစုပ်ယူမှုပိုမိုကောင်းမွန်စေသည်။

    -လေဝင်လေထွက်နှင့် ရေစိမ့်ထွက်မှု ပိုမိုကောင်းမွန်စေသည်။

    -မျိုးဥပျက်စီးမှုနှင့် အင်းဆက်ပိုးမွှားများ ဖျက်စီးမှုအန္တရာယ်များ လျှော့ချပေးနိုင်သည်။

    စိုက်ဘောင်တင်ခြင်း

    တစ်ဘောင်တစ်တန်းစနစ်ဖြင့် စိုက်ပျိုးရန်လိုအပ်ပါသည်။

    စိုက်ဘောင်တစ်ခုနှင့်တစ်ခုအကွာအဝေးအား ၃၀ လက်မတွင်ထားရှိ၍ စိုက်ပျိုးရန်လိုအပ်ပါသည်။

    ပင်ကြားမှာ ၁၃ လက်မ ထားရှိ၍ စိုက်ပျိုးရမည်ဖြစ်သည်။

    ပထမအကြိမ်ဘောင်တင်ခြင်းကို အာလူးပင် စတင်ထွက်ရှိချိန်တွင် ပြုလုပ်ရမည်။

    အပင်ငယ်များ ဖုံးသွားသည်အထိ ဘောင်တင်ခြင်းပြုလုပ်ပေးရမည်။

    အကယ်၍ အပင်ငယ်များထွက်ရှိချိန်ဖြစ်ပါက အပင်အား ၆ လက်မခန့်အထိ ကြီးထွားခွင့်ပြုပြီးမှသာ ဘောင်တင်ခြင်းပြုလုပ်ပေးရမည်။

    ဒုတိယအကြိမ်ဘောင်တင်ခြင်းအား ယခင်ဘောင်တင်ပြီးနောက် အပင်ငယ်များမြေကြီးပေါ်သို့ တိုးထွက်လာချိန်ပြုလုပ်ပေးရမည်။

    ဒုတိယအကြိမ်ဘောင်တင်ပြီးနောက် အပင်ငယ်များမြေကြီးပေါ်သို့ တိုးထွက်လာပါက ဘောင်ထပ်တင်ရန်မလိုအပ်တော့ပါ။

    စိုက်ဘောင်အနေအထား

    ကောင်းမွန်သော ဘောင်တင်သည့်ပုံစံသည် အာလူးကြီးထွားသည့်အချိန်တွင် အောက်ပါအချက်များမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။

    -အပူချိန်မြင့်မားချိန်တွင် ကောင်းမွန်သောအကာအကွယ်ပုံစံဖြစ်စေပြီး secondary growth (ဥတက်အသစ်ထွက်ခြင်း) ဖြစ်ခြင်းကို ကာကွယ်ပေးသည်။

    -အာလူးဖလံပိုးဖျက်ဆီးမှုမှလည်းကာကွယ်နိုင်သည်။

    -အာလူးဥ အစိမ်းရောင်ဖြစ်ခြင်းမှလည်း ကာကွယ်နိုင်သည်။

    -အာလူးလောင်မဲရောဂါကျရောက်ခြင်းမှလည်း ကာကွယ်နိုင်သည်။

    -စိုက်ဘောင်များကို တဖြည်းဖြည်းချင်း ဘောင်တင်ခြင်းသည် အပင်ကြီးထွားမှုကို မြှင့်တင်ပေးပြီး ပေါင်းပင်များကို ထိန်းချုပ်နှိမ်နင်းရန် ကူညီပေးသည်။

     အာလူးအစိမ်းရောင်ပြောင်းခြင်း၊ အာလူးဥများအလင်းရောင်မိခြင်း

    မျိုးဥချစိုက်ပျိုးခြင်း

    မျိုးဥချစိုက်ပျိုးခြင်းသည် အောက်ပါအတိုင်းဖြစ်သည်။

    -ကြိုတင် အစို့အညှောင့်ဖောက်ထားသော အာလူးမျိုးဥများကို ပျက်စီးထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကိုင်တွယ်ရပါမည်။

    -စိုက်ပျိုးရန်သင့်တော်သော မျိုးဥအရွယ်အစားမှာ ၃၅-၅၅ မီလီမီတာ(အေဝမ်းနှင့်အိုကေ)အတွင်းရှိရမည်။

    -စိုက်တန်း၏အလယ်တည့်တည့်တွင် မျိုးဥအားစိုက်ပျိုးခြင်းဖြင့် ဘောင်တင်ချိန်တွင် လွယ်ကူခြင်း၊တူးဖော်ချိန်တွင် မျိုးဥထိခိုက်ခြင်း (သို့မဟုတ်) ပိုးမွှားဖျက်ဆီးမှုမှ သက်သာနိုင်သည်။

    -တန်းကြားညီညာမှုရှိပြီး ဖြောင့်တန်းစွာစိုက်ပျိုးရမည်။

    -တူညီသော အနက်ရှိရမည်။

    -စိုက်ပျိုးပြီးနောက် မျိုးဥများအပူကြောင့်ခြောက်သွေ့ခြင်းနှင့် ပျက်စီးမှုများမရှိစေရန် ချက်ချင်းဖုံးပေးရမည်။

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes13comments0
views242views3161