cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးစိုက်ပျိုးပြီးချိန် ရေသွင်းခြင်း

. ရေ
စိုက်ပျိုးပြီးချိန် ရေသွင်းခြင်း

စိုက်ပျိုးပြီးချိန်တွင် မြေတွင်းအစိုဓါတ်ရှိမှု သေချာစေရန် ဂရုစိုက်ပါ။ မြေအစိုဓါတ်အတွက် အာလူးမျိုးဥအနီးမှမြေနမူနာယူ၍ အစိုဓါတ်အား ခန့်မှန်းပါ။ စိုက်ပျိုးမြေဖုံးပြီးနောက် စိုက်ခင်းအား အစိုဓာတ်ရရှိစေရန် ရေ ၂၀-၂၂ မီလီမီတာ(၈၁ ကုဗမီတာ) ခန့် ထည့်သွင်းရန် လိုအပ် ပါသည်။

  •  ရေသွင်းခြင်း

    မြေအစိုဓာတ်

     -မြေသားအနေအထား သည်သာမက မြေအစိုဓာတ်သည်လည်း အာလူးသီးနှံ စိုက်ပျိုးရေးအတွက် အရေးကြီး သည့် အချက် ဖြစ်ပါသည်။

    -အာလူးပင် လျင်မြန်စွာ ကြီးထွားစေရန်အတွက် ပုံမှန်မြေအစိုဓာတ်သည် အကောင်းဆုံးဖြစ်သည်။

    -အလွန်ခြောက်သွေ့နေသောမြေသည် အာလူးပင်ထွက်ရှိမှုနှုန်း နှေးကွေးပြီး ပင်စည် အရေအတွက် လျော့နည်းစေပါသည်။

    -မစိုက်မှီ ရေသွင်းခြင်းထက် စိုက်ပျိုးပြီး ရေသွင်းခြင်းသည် ပို၍ ကောင်းပါသည်။

    -အစိုဓာတ် အလွန်များလွန်းပါက မြေကြီးတွင်း အောက်ဆီဂျင်မရှိသည့် အတွက် အာလူးဥများ ပုပ်နိုင်ပါသည်။

    မြေအစိုဓါတ်စမ်းသပ်ခြင်း

    မြေသားအနေအထား သည်သာမက မြေအစိုဓာတ်သည်လည်း အာလူးသီးနှံ စိုက်ပျိုးရေးအတွက် အရေးကြီးသည့် အချက် လည်း ဖြစ်ပါသည်။

    အာလူးပင် လျင်မြန်စွာ ကြီးထွားစေရန်အတွက် ပုံမှန်မြေအစိုဓာတ်သည် အကောင်းဆုံးဖြစ်သည်။အစိုဓာတ်ပုံမှန်ပေးခြင်းသည် အာလူးပုံစံပျက်ခြင်းကို ကာကွယ်ပေးပါသည်။မြေအစိုဓာတ် ၀ - ၂၅ % ရှိလျှင်ရေသွင်းရန် လိုအပ်သည့် အချိန်ဖြစ်သည်။

    လက်ဖြင့်ဆုပ်လုံး၍ရရှိလာသော အခြေအနေအား အောက်ပါအတိုင်း ခန့်မှန်းနိုင်သည်။

    ၁။အစိုဓါတ် ၅ဝ - ၇၅ % ရှိသည်။

    စိုစွတ်မှု အသင့်တင့်ရှိ၍ လက်ဖြင့်လုံးပါက လွယ်ကူစွာ ရရှိနိုင်ခြင်း၊ လက်တွင် ရွှံ့များ ပေကျန်မှု နည်း၍ ဖဲပြားပုံစံ ပြုလုပ်နိုင်သော အနေ အထား ဖြစ်သည်။

    ၂။ အစိုဓါတ် ၇၅-၁၀၀ % ရှိသည်။ စိုစွတ်မှုနှုန်းမြင့်မား၍ လက်ဖြင့်လုံးပါက ရွှံ့များ

    ပေကျန်မှု မြင့်မားခြင်း၊ လက်ဖြင့်လုံးပါက အရွယ် အစား မညီညာသော မြေလုံးသဏ္ဌန် ရရှိသော အနေအထား ဖြစ်သည်။

    ရေသွင်းခြင်း

    -အားလူးအထွက်နှုန်းမြင့်မားရန်စေရန်အတွက် အစိုဓါတ်သည် အလွန်အရေးပါ ပါသည်။

    - ယေဘုယျ အာလူးဥ စစိုက်သည့် အချိန်မှစပြီး တူးဖော်ချိန်ထိ ရေ ၂၅၀ မီလီမီတာ (9.8 လက်မ (သို့မဟုတ်) 1,012 ကုဗမီတာ) လိုအပ်ပါသည်။

    -တကြိမ်ရေသွင်းလျှင် (အပင်စိုက်ပြီးချိန်မှအပ) ၁၀ - ၁၅ မီလီမီတာ (0.4 – 0.6 လက်မ) ပမာဏထက် ပို၍ မသွင်းသင့်ပါ။

    -ရေကို တစ်ကြိမ်တည်း များစွာ ပေးသွင်းလိုက်သည့်အခါတွင်လည်း မြေထဲရှိ အပေါက်ငယ်လေးများ ပိတ်ဆို့သွားပြီး အောက်ဆီဂျင်ချိုတဲ့ကာ အမြစ် ဇုန်ထဲရှိ နိုက်ထရိုဂျင်ပျောက်ကွယ်သွားစေပါသည်။ နိုက်ထရိုဂျင် ဆုံးရှုံးမှု ကြောင့် သီးနှံကို စောစောရင့်မှည့်စေပြီး အထွက်နှုန်းကို လျော့ကျစေပါသည်။

    -ကိုင်းတက် စတင် ဖြစ် ပေါ်လာချိန် (အပင် ပေါက် ပြီး နှစ်ပတ်) ရေသွင်း နိုင်ပါက အာလူးဥအချိန်အရေ အတွက် ပိုမို များပြား နိုင်ရန် အ ထောက် အကူပြုသည်။

    -ကြွပ်တက်ခြင်းအားလျှော့ချနိုင်ရန်အတွက် ရေ စောစောသွင်းရန် လိုအပ် ပါသည်။

    -အာလူးဥ စတင်ဖြစ်ပေါ်ချိန် (ဥစွယ်ထွက်ချိန်) ရေသွင်းနိုင်ပါက အာလူး အထွက် တိုးစေရန် အထောက် အကူပြုသည်။

    -ယေဘူယျ အားဖြင့် ရေသွင်းခြင်း စနစ်သုံးမျိုး ရှိသည်။

    ၁။ရေဖြန်းစနစ်ဖြင့် ရေသွင်းခြင်း

    ၂။မြောင်းဖြင့်ရေသွင်းခြင်း

    ၃။အစက်ချပိုက်ဖြင့်ရေသွင်းခြင်း တို့ဖြစ်ပါသည်။

    ရေသွင်းနည်းစနစ်များ၏ နှိုင်းယှဉ်ချက်များပုံတွင် လေ့လာနိုင်ပါသည်။

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes14comments0
views419views2827