cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အမြင့်ဈေးတွင်ရှိနေသည့် ငရုတ်သီးခြောက်ဈေးကွက်

. ဈေးကွက်
ငရုတ်သီးခြောက်မှာ ဈေး တက်နေသော်လည်း ပြီးခဲ့နှစ်များ နှင့်ယှဉ်ပါက အရောင်းအဝယ် ကျဆင်းကာ ဈေးနှုန်းကျဆင်းနေ ကြောင်း ကုန်သည်များမှ ဆိုသည်။
  • ပြည်တွင်းစားသုံးမှု ပုံမှန်ရှိနေ သည့်အတွက် ငရုတ်သီးခြောက် အမြင့်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း ငရုတ်သီးဝယ်ရောင်းလုပ်ကိုင်သူ များထံမှ သိရသည်။ ပြည်ပဝယ်ယူ မှု လျော့နည်းနေသော်လည်း ပြည်တွင်းထွက်ရှိမှုမှာ ပြည်တွင်း စားသုံးမှုနှင့်တင် လုံလောက်မှု ရှိနေသည့်အတွက် ဈေးနှုန်းမှာ အမြင့်ဈေးတွေငြိမ်နေခြင်းဖြစ် ကြောင်း သိရသည်။

    `` ငရုတ်သီးခြောက်ဈေးက အတက်ဈေးနဲ့ ငြိမ် နေကြပြီး ပုံမှန်ပဲသွားနေတယ်။ အရောင်းအဝယ်တော့ အနည်းလေး အေးတယ်။ ပြီးခဲ့တဲ့နှစ်လောက် ဈေးကွက်မဖြစ်လောက်ဘူး။ ဆက် တက်ရင်လဲ ငွေကျပ် ၁၇၀၀၀၊ ၁၈၀၀၀ မကျော်ဘူး။ ပြီးခဲ့တဲ့နှစ် က ၂၀၀၀၀ ကျော်အထိရခဲ့တာ။ တောင်သူအတွက်တော့ ဒီဈေးက တွက်ခြေကိုက်တယ်။ လှောင်ကုန် ထားတဲ့သူတွေကတော့ ဒီဈေးနဲ့ မကိုက်ဘူး ´´ဟု ငရုတ်စိုက်ပျိုး ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    လက်ရှိ ငရုတ်သီးခြောက် အောက်စသီး တစ်ပိဿာလျှင် ငွေ ကျပ် ၁၁၀၀၀ မှ ၁၃၀၀၀ အထိ ရှိပြီး မိုးထောင်သီး တစ်ပိဿာ လျှင် ငွေကျပ် ၁၃၀၀၀ မှ ၁၄၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရ သည်။ ငရုတ်သီးခြောက်မှာ ဈေး တက်နေသော်လည်း ပြီးခဲ့နှစ်များ နှင့်ယှဉ်ပါက အရောင်းအဝယ် ကျဆင်းကာ ဈေးနှုန်းကျဆင်းနေ ကြောင်း ကုန်သည်များမှ ဆိုသည်။

    ယခင်နှစ်များက ငရုတ်သီး ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်များက သွင်းအားစုများဖြစ်သည့် မြေဩဇာ နှင့် စက်ပစ္စည်းများက ဈေးကြီး နေခြင်းကြောင့် ပုံမှန်စိုက်ပျိုးနေ သည့် ငရုတ်သီးစိုက်တောင်သူများ အနေဖြင့် အရင်းအနှီးများ၍ မစိုက် ခဲ့ကာ ဈေးကွက်တွင်အဝင်နည်းပြီး ပြည်တွင်း၌ ငရုတ်သီးခြောက်ဈေး အမြင့်ဈေးတွင်ရောက်ခဲ့ခြင်း ဖြစ် ကြောင်း ငရုတ်သီးကုန်သည်များ ထံမှ သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။


  • article
16 ကြိုက်
202 ကြည့်ရှု