cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သားဟင်းနှင့် မလဲနိုင်သော ရာသီစာဟင်းတစ်ခွက်

. ဗဟုသုတ
မိုးဖြိုင်ဖြိုင်ကျပြီး မိုးလယ်ရောက်လာပြီဆိုတာနှင့် သဘာဝမှိုများလည်း ရာသီစာအဖြစ် ပေါများစွာ ပေါ်လာပြီဖြစ်ပါတယ်။
  • ငယ်စဉ်တုန်းက အမေက ဈေးကနေ ရာသီပေါ် သဘာဝမှို ဝယ်လာပြီး ကန်စွန်းရွက်လေးနဲ့ ငရုတ်သီးစိမ်းလေး အုပ်ပြီး ချက်ပေးလို့ကတော့ ထမင်းကို ဘယ်နှစ်ထပ် စားလို့ စားမိမှန်းကို မသိတော့။ အသက်အရွယ်တစ်ခု ရောက်လာပြီး တာဝန်တွေ ထမ်းဆောင်ရင်း တာဝန်ကျရာ အရပ်က မှိုပေါများရာ အရပ်ဖြစ်တဲ့အတွက် ကွင်းဆင်းရင်းနဲ့ မှိုကျင်းလေးများတွေ့လိုက်လို့ကတော့ ပါးစပ်မစေ့နိုင်အောင် သွားကြီးဖြီးမိနေမှ မှိုရတဲ့မျက်နှာဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ခဲ့ပါတော့တယ်။

    မှိုကို အရင်ကတော့ သူ့ရဲ့ ထူးခြားလှတဲ့ အရသာကြောင့် မိုးရာသီရောက်တိုင်း တမ်းတခဲ့ရတဲ့ ဟင်းတစ်ခွက်ဖြစ်ပေမဲ့ သူ့ရဲ့ အကျိုးကျေးဇူးတွေကို မသိခဲ့ပါဘူး။ အခုမှ ရာသီစာလေးတမ်းတမိရင်းမှ သူ့ရဲ့ အကျိုးကျေးဇူးတွေ ရှာဖတ်ရင်း ထွက်တိုးရဲ့ ပရိသတ်တွေကိုပါ တခါတည်းမျှဝေပေးလိုက်ပါတယ်။

    ကျန်းမာရေးအတွက် မှိုရဲ့ ကောင်းကျိုးများ

    မှိုမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါတယ်။ ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်တဲ့ ဗီတာမင်ဓာတ်၊ ဓာတ်သတ္တုဓာတ် ၊ အိုမင်းရင့်ရော်ခြင်းကို တားဆီး စေနိုင်သောဓာတ်တွေ များစွာပါဝင်တယ်လို့ သုတေသနစာတမ်းများအရ သိရပါတယ်။

    ၁။ပိုတက်ဆီယမ်ဓာတ် (Potassium) ပါဝင်မှု

    မှိုမှာ ပိုတက်ဆီယမ်ဓာတ် (Potassium) ပါဝင်ပြီးတော့ အဲ့ဒီဆားဓာတ်က ခန္ဓာကိုယ်တွင်းမှာ ဆိုးကျိုးကို ဖြစ်စေနိုင်တဲ့ ဆိုဒီယမ်(Sodium) ဓာတ် ကိုလျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။

    ၂။ခုခံစွမ်းအားကို မြင့်တင်ပေးခြင်း

    နောက်ထပ် မှိုရဲ့ အစွမ်းသတ္တိကတော့ ခန္ဓာကိုယ်တွင်း ခုခံစွမ်းအားရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြင့်တင် ပေးပါတယ်။သုတေသန တွေ့ရှိချက်တွေအရ ခုခံအားစနစ်မှာရှိတဲ့ သွေးဖြူဥတွေကို ပြင်ပကနေ ဝင်လာတဲ့ ရန်သူတွေကို တိုက်ထုတ်ဖို့ လှုံ့ဆော်ပေးတဲ့အတွက် အပြင်းအထန်ဖျားနာမှုဖြစ်စေခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။

    ၃။ ခန္ဓာကိုယ် အလေးချိန်လျော့ကျစေခြင်း

    သုတေသနလေ့လာတွေ့ရှိချက်တွေအရ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်းနှင့်အတူ အားကစား လေ့ကျင့်ခန်းတွေ လုပ်ဆောင်ချိန်မှာ မှိုကို တွဲဖက်စားသုံးခြင်းဟာလည်း ခန္ဓာကိုယ် အလေးချိန်လျော့ကျခြင်းကို အထောက်အကူဖြစ်စေတယ်လို့ ဆိုထားကြပါတယ်။ ဥပမာအားဖြင့် အသားစားသုံးခြင်းရဲ့ ၂၀% လောက် လျှော့ချပြီး မှိုကိုအစားထိုး စားသုံးကြည့်ခြင်းဟာ ဝမ်းဗိုက်ပူခြင်းကို လျော့ကျစေတယ်လို့ သုတေသနမှာ ပြောထားပါတယ်။ မှိုမှာ ပါဝင်တဲ့ အိုမင်းရင့်ရော်ခြင်းကို တားဆီးစေနိုင်တဲ့ဓာတ်က သွေးခုန်နှုန်းမြင့်မားမှုနဲ့ ဇီဝကံမဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်တာတွေကို လျော့ကျစေနိုင်ပါသေးတယ်။

    ဒီလိုအကျိုးကျေးဇူးတွေများလှပြီး အရွယ်တင်နုပျိုစေချင်တယ်ဆိုရင် အရသာကလည်း အလွန်ကောင်းလွန်း လှတဲ့ သဘာဝမှိုတွေကို ရာသီစာအနေနဲ့ လက်မလွတ်တမ်း ချက်စားကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

    Source: https://www.webmd.com/diet/health-benefits-mushrooms

    ရေးသားသူ- မသင်းလဲ့လဲ့ဖြိုး (2010 Agri)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes13comments0
views151views2422