cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျန်းမာသန်စွမ်းသော ငါး ပုစွန် သားပေါက်များရွေးချယ်ခြင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ငါး ပုစွန်မွေးမြူနေသော တောင်သူများအနေဖြင့် ငါး ပုစွန်သားပေါက်များကို ကန်အတွင်းသို့ထည့် သွင်းပါက ကျန်းမာသန်စွမ်းပြီးရောဂါကင်းသော ငါး ပုစွန်သားပေါက် များကိုထည့်သွင်းနိုင်ပါက ငါး ပုစွန် မွေးမြူရေးလုပ်ငန်းတွင် အကျိုးဖြစ်ထွန်းစေပါသည်။
  • ထို့ကြောင့် ကျန်းမာ သန်စွမ်းပြီးရောဂါကင်းရှင်းသော ငါးပုစွန်သားပေါက်များကိုရွေးချယ်ပြီးမှ ကန်အတွင်းသို့ ထည့်သွင်းပါရန်အကြံပြုအပ်ပါသည်။ကျန်းမာသန်စွမ်းသော ငါးသားပေါက်၏လက္ခဏာများမှာအောက်ပါအတိုင်းတွေ့ရှိနိုင်ပါသည်-

    ငါးသားပေါက်၏ကိုယ်ခန္ဓာ တောက်ပကြည်လင်နေခြင်း

    ခန္ဓာကိုယ်ပုံစံ ပုံမှန်ဖြစ်ခြင်း

    ကိုယ်ပေါ်တွင်လည်းကောင်း၊ပါးဟက်တွင်လည်းကောင်းအနက်အစက်ပျောက်များမရှိခြင်း

    အကြေးခွံ မကျွတ်ခြင်း၊ ဆူးတောင်များမကျိုးပဲ့ခြင်း

    ငါးများထည့်ထားသောရေပုံကို လက်ဖြင့်ရေစီးကြောင်းဖန်တီးပါက၊ငါးသန်များသည် ရေစီး ကြောင်းနှင့်ဆန့်ကျင်ဖက်သို့ရွေ့လျှားကူးခတ်ခြင်း

    ငါးသန်၏အမြီးကို လက်ဖြင့်ကိုင်ပြီးမြှောက်ကြည့်ပါက သွက်လက်စွာတုန့်ပြန်မှု့ရှိခြင်း

    ငါးသန်များထည့်သော ပုံးနှင့် ပလပ်စတိတ်အိတ်ကို လက်ဖြင့် ပုတ်ကြည့်ပါက ငါးသန်များ မှတုန့်ပြန်မှု့ရှိခြင်းများ တွေ့ရပါသည်။

    ကျန်းမာသန်စွမ်းသော ရေချိုပုစွန်များကို ရွေးချယ်ရာတွင်အောက်ပါအချက်များကိုတွေ့ရှိရပါသည်-

    ရေချိုပုစွန်သားပေါက်သည် အနည်းဆုံး (၁၅)ရက် ရှိရပါမည်။

    ပုစွန်သားပေါက်များထည့်ထားသော ပုံးနှင့်အိတ်ကို အမှောင်ခန်းအတွင်းကြည့်ပါက အလင်းရောင် မတောက်ပသော အခြေအနေတွင် မြင်တွေ့ရခြင်း

    ပုစွန်သားပေါက် ထည့်ထားသောပုံ နှင့်အိတ်ကို လက်ဖြင့်ပုတ်ကြည့်ပါက ပုစွန်များ လှုပ်ရှား မှု့နှင့် တုန့်ပြန်မှု့ရှိခြင်းများကိုတွေ့ရပါသည်။

    ထွက်တိုး ဒေါင်းလုပ်ရယူရန် - https://download.htwettoe.com/

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes12comments2
views180views3035