cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါ်ဦးပေါ်ဖျား ဂျပန်နှမ်းဖြူများ မန္တလေးဈေးကွက်သို့အဖွင့် ဈေး ကောင်းဖြင့်ဝင်ရောက်လာ

. ဈေးကွက်
ဂျပန်နှမ်းဖြူရဲ့ထူးခြားချက်က ရိုးရိုးနှမ်းဖြူနဲ့စာရင် အ ရောင်လည်းဖြူတယ်၊ အလုံးအဖန်မှာလည်း ပိုထွားတယ်။ ဒါကြောင့် ရောင်းပန်းလှပြီးတော့ ရောင်းတန်းဝင်နေတာပါ။ နှမ်းဖြူ၊ နှမ်းဝါ၊ နှမ်းညို၊ နှမ်းနက်၊ ရိုးရိုးနှမ်းဖြူ၊ ဂျပန်နှမ်းဖြူစတဲ့ အမျိုးမျိုးရှိတဲ့အထဲမှာ ဂျပန်နှမ်းဖြူနဲ့ စမုံနက်နှမ်းတွေကတော့ နှမ်းဈေးကွက်ထဲမှာ ရေပန် အစားဆုံးသီးနှံဖြစ်တယ်။
  • ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား ဂျပန်နှမ်းဖြူများ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာကာ အရောင်း အဝယ်များသွက်လက်မြန်ဆန်နေကြောင်း မန္တလေးမြို့ရှိ နှမ်းကုန် သည်များထံမှ သိရသည်။

    အဆိုပါ ဂျပန်နှမ်းဖြူမှာ လက်ရှိတွင် မန္တလေးဈေးကွက်သို့ ကျောက်ဆည်နယ်‌ေဒသတဝိုက်မှ ဝင်ရောက်လာကြောင်း၊ ဂျပန်နှမ်းဖြူသည် ပြီးခဲ့သည့်နှစ်ကာလတူအချိန်က သုံးတင်းဝင်တစ်အိတ် လျင်ငွေကျပ် ၂၇၀၀၀၀ ရှိခဲ့ရာမှ ယနေ့ပေါက်ဈေးများအနေဖြင့် သုံး တင်းဝင်တစ်အိတ်လျှင်ငွေကျပ် ၃၇၃၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင် မြင့်တက်လာကာ ဈေးနှုန်းကောင်းများရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

    " မန္တလေး‌ေစျးကွက်ကို ကျောက်ဆည်နယ်ဒေသကနေ ဂျပန်နှမ်းဖြူတွေ ဝင်ရောက်နေပါတယ်။ ဂျပန်နှမ်းဖြူမျိုးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် က ဂျပန်နှမ်းမျိုးကို ယူပြီးတော့စတင်စိုက်ပျိုးခဲ့လို့ ဂျပန်နှမ်းဖြူလို့ ခေါ်တာပါ။ ဂျပန်နှမ်းဖြူရဲ့ထူးခြားချက်က ရိုးရိုးနှမ်းဖြူနဲ့စာရင် အ ရောင်လည်းဖြူတယ်၊ အလုံးအဖန်မှာလည်း ပိုထွားတယ်။ ဒါကြောင့် ရောင်းပန်းလှပြီးတော့ ရောင်းတန်းဝင်နေတာပါ။ နှမ်းဖြူ၊ နှမ်းဝါ၊ နှမ်းညို၊ နှမ်းနက်၊ ရိုးရိုးနှမ်းဖြူ၊ ဂျပန်နှမ်းဖြူစတဲ့ အမျိုးမျိုးရှိတဲ့အထဲမှာ ဂျပန်နှမ်းဖြူနဲ့ စမုံနက်နှမ်းတွေကတော့ နှမ်းဈေးကွက်ထဲမှာ ရေပန် အစားဆုံးသီးနှံဖြစ်တယ်။ ဂျပန်နှမ်းဖြူထွက်သမျှကို တရုတ်ပြည်ဈေးကွက်က ဝယ်ယူနေတာဖြစ်တယ်။ တရုတ်နိုင်ငံက နှမ်းကိုစားသုံးမှု အပြင် နည်းပညာအသုံးပြုပြီး အလှကုန်တွေ၊ မုန့်လုပ်ငန်းတွေနဲ့ ဆေးဝါးဖော်စပ်တဲ့နေရာတွေမှာ ထည့်သွင်းသုံးစွဲနေတယ်လို့ ကြား သိရတယ်။ ဇူလိုင်လထဲမှာ လှိုင်လှိုင်ထွက်ပေါ်လာတော့မှာပါ။ ဝယ် လိုအားကလည်း များနေပါတယ်။ နောက်ပိုင်းဆိုရင် ဈေးကတက် လာဖို့ အလားအလာကောင်းများရှိနေပါတယ်" ဟု ၎င်းကပြော သည်။

    အဆိုပါ နှမ်းသီးနှံကို သီးထပ်အဖြစ် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက် ပျိုးပြီးရက် ၁၀၀ အတွင်း ပေါ်ထွက်လေ့ရှိသော သီးနှံဖြစ်သည့် အ ပြင် ရောင်းချရာတွင်လည်း အခက်အခဲမရှိသော မြန်မာ့ထွက်ကုန် တစ်ခုဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိ ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် လယ်တွင်းကိုး ခရိုင်မှ ထွက်ရှိလာသည့် ဂျပန်နှမ်းဖြူများသည် ဈေးကွက်အတွင်း၌ လူကြိုက်အများဆုံးဖြစ်ကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments1
views108views2290