cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲရွက်ပြောက်ရောဂါ သတိပြုကာကွယ်ပါ

. ရောဂါ
“မြေပဲရွက်ပြောက်ရောဂါ” သည် မြေပဲစိုက်ပျိုးသူများ နှစ်စဉ်ကြုံတွေ့ရသည့်ရောဂါဖြစ်သည်။ ထို့ကြောင့် မြေပဲရွက်ပြောက်ရောဂါအကြောင်းနှင့် ကာကွယ်နှိမ်နင်းရန် နည်းလမ်းများကို ရေးသားဖော်ပြလိုက်ရပါသည်။

  • ကျရောက်သည့် အခြေအနေ နှင့် ကူးစက်ပျံ့နှံ့ပုံ

    အများအားဖြင့် မြေပဲစိုက်ပျိုးပြီး (၃) ပတ်မှ (၅) ပတ်အတွင်း “မြေပဲရွက်ပြောက်” ရောဂါ ကျရောက် နိုင်ပြီး လေထုစိုထိုင်းဆမြင့်မားချိန် နှင့် အပူချိန် (၂၅-၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် ရောဂါဆိုးရွား တတ်ပါသည်။ မြေပဲပြီးမြေပဲ ဆက်တိုက်စိုက်သည့်အခင်းများတွင် ကျရောက်မှုများတတ်ပါသည်။ ရောဂါဖြစ်စေသည့် မှိုသည် ပင်ကြွင်းပင်ကျန်များ နှင့် အလေ့ကျပေါက်သည့် မြေပဲပင်များတွင် ခိုအောင်းနေတတ်ပါသည်။ မိုးရေစက်နှင့် နှင်းစက်များကြောင့် အောက်အရွက်တွေကနေ ရောဂါစတင်ဖြစ်ပေါ်လာပြီး အပေါ်အရွက်များသို့ တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်သွားတတ်ပါသည်။ ဤရောဂါသည် မြေပဲပင်တစ်ပင်မှတစ်ပင် တစ်ခင်းမှတစ်ခင်းသို့ လေနှင့်အလွယ်တကူ ကူးစက် ပျံ့နှံ့နိုင်ပါသည်။

    ရောဂါလက္ခဏာများ

    “မြေပဲရွက်ပြောက်ရောဂါ” ကျလျှင် အရွက်၏အပေါ်မျက်နှာပြင်မှာ အဝါရောင်အနားသတ်ပါပြီး ပုံသဏ္ဍာန်မမှန်သည့် အညိုရောင်ကွက်ပြောက် (ရွက်ညိုပြောက်)များ နှင့် အရွက်ရဲ့ အောက်မျက်နှာပြင်မှာ လုံးဝိုင်းတဲ့ အနက်ပြောက်(ရွက်နက်ပြောက်)များကို တွေ့ရမှာ ဖြစ်သည်။ ရွက်ညိုပြောက်များက အရင်ကျတတ်ပြီး ရွက်နက်ပြောက်များက နောက်မှကျတတ်ပါသည်။ ရောဂါတိုးပွားလာပါက ရောဂါကွက်ပြောက်များ ပေါင်းစပ်သွားပြီး အရွက်ခြောက်ပြီး နောက်ဆုံးတွင် ကြွေကျသွားပါသည်။ အရွက်မှတစ်ဆင့် ရိုးတံ နှင့် ပင်စည်များအပေါ်အထိ ကူးစက်နိုင်ပါသည်။ ရောဂါဆိုးရွားစွာကျရောက်ပါက အောင်မြင်သည့် မြေပဲတောင့်များမရရှိနိုင်တော့ဘဲ (၇၀%) အထိ အထွက်ဆုံးရှုံးစေနိုင်ပါသည်။

    ကာကွယ်နှိမ်နင်းရန်နည်းလမ်းများ

     သီးနှံမစိုက်ပျိုးမီ မြေကြီးကို ထယ်ရေးနက်နက်ထိုးလှန်ထားပြီး မြေကြီးတွင်းရှိ ပင်ကြွင်းပင်ကျန်များမှ ရွက်ပြောက်ရောဂါဖြစ်စေသော မှိုစပိုးလ်များကို နေရောင်ပြင်းပြင်းဖြင့်တိုက်ရိုက်ထိတွေ့စေရပါမည်။

     ရောဂါဒဏ်ခံနိုင်ရည်ရှိသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

     အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ကြဉ်ပါ။

     နှစ်စဉ်ရောဂါကျရောက်တတ်ပါက ပြောင်း၊ နှံစားပြောင်း၊ ပဲလွမ်းသီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။

     စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များနှင့် ရာသီမဟုတ်ဘဲ အလေ့ကျပေါက်သော မြေပဲပင်များကို ရှင်းလင်းဖျက်ဆီးပါ။

     ရောဂါကျနေတဲ့ အပင်များကို စတွေ့လျှင်တွေ့ချင်း ချက်ချင်းနုတ်ယူဖျက်ဆီးပါ။

     ရောဂါကျထားသောအခင်းမှ ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။

     ဓာတုနည်းအားဖြင့် နှိမ်နင်းရန်မှာ အခင်းတွင် ရွက်ညိုပြောက်များ စတင်တွေ့ချိန်၊ တစ်နည်းအားဖြင့် ရွက်နက်ပြောက်တွေမကျရောက်ခင်အချိန်မှာ မှိုသတ်ဆေးကို အချိန်မီပက်ဖျန်းနိုင်ရန် အထူးလိုအပ်ပါသည်။ အသုံးပြုရန်မှာ ဝိစာရ၏ “ကာဗာ၊ ဇိုလာ၊ ဒိုင်ဇီ၊ ဟက်ဇာဂွန်” ဆေးများမှ တစ်မျိုးမျိုးကို ဆေးညွှန်းပါအတိုင်းသုံးစွဲပေးရန်ဖြစ်ပါသည်။

     Sources : ဆီထွက်သီးနှံများတွင်ကျရောက်သောရောဂါများ (သီးနှံကာကွယ်ရေးဌာန)

     


  • article
likes22comments0
views324views3114