cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာမိုးလေဝသနှင့်စိုက်ပျိုးရေးအကြံပြုချက် (ဇွန်လ ၂၃ရက်မှဇွန်လ ၂၉ရက်)

. ရာသီဥတု သတင်းများ
စပါးစိုက်ခင်းများနှင့် ပျိုးခင်းများတွင် ဖျက်ဆီးတတ်သော ရွှေခရုရန်ကို ကြိုတင် ကာကွယ်နိုင်ရန် ကင်းထောက်စစ်ဆေးပါ။ ခရုများနှင့် ဥအတွဲများကို ရှာဖွေကောက်ယူ ဖျက်ဆီးပေးပါ။ ခရုများကို ကောက်ယူဖျက်ဆီးနိုင်ရန် ရေသွင်းရေထုတ် မြောင်းပေါက်များတွင်လည်း ဇကာ၊ ပိုက်ကွန်များ တပ်ဆင်ပေးပါ။ စိုက်ခင်းတွင်းမှ ရေများအား ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပါ။
  • ယခုအပတ်အတွင်း ဧရာဝတီတိုင်း၌ ရာနှုန်းပြည့် မိုးများစွာ ရွာသွန်းနိူင်သော ဒေသများနှင့် ရက်များမှာ 

    • ဇွန်လ၂၃၊၂၄၊၂၆နှင့် ၂၈ရက်နေ့များတွင် ဟင်္သာတမြို့နယ်နှင့် မအူပင်မြို့နယ်၌ မိုးရွာသွန်းရန် ရာခိုင်နှုန်း ၉၀ကျော် ရှိနိုင်ပါသည်။  
    • ဇွန်လ၂၃မှ၂၇ရက် နေ့အထိ ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တွင် မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိနိုင်ပါသည်။  
    • ဇွန်လ၂၃မှ၂၆ရက် နေ့အထိ လပ္ပတာမြို့နယ်တွင်  မိုးရွာသွန်းရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ 
    • ဇွန်လ၂၄မှ၂၈ရက် နေ့အထိ မြောင်းမြမြို့နယ်တွင် မိုးရွာသွန်းရန် ၉၀ရာခိုင်နှုန်းကျော် ရှိပါသည်။ 

    ကျန်ရက်များမှာတော့ 

    • ဇွန်လ၂၈နှင့်၂၉ရက် နေ့များတွင် ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တွင် ၆၀ရာခိုင်နှုန်းနှင့် အထက် မိုးရွာနိူင်ပါသည်။  
    • ဇွန်လ၂၅နှင့်၂၇ရက် နေ့မှာတော့ ဟင်္သာတမြို့နယ်တွင် ၆၅-၇၅ ရာခိုင်နှုန်း အထက် မိုးရွာနိူင်ပါသည်။ 
    • ဇွန်လ၂၉ ရက်တွင် လပ္ပတာမြို့နယ်တွင် ၆၀ ရာခိုင်နှုန်းသာ မိုးရွာနိုင်ပါသည်။ 
    • ဇွန်လ၂၅ နှင့် ၂၉ ရက် နေ့မှာတော့ မအူပင်မြို့နယ်တွင် မိုးရွာရန် ၆၀ ရာခိုင်နှုန်းသာရှိပါသည်။  
    • ဇွန်လ ၂၃ နှင့် ဇွန်လ ၂၉ ရက် နေ့မှာတော့ မြောင်းမြမြို့နယ်တွင် ၆၀ရာခိုင်နှုန်းခန့် မိုးရွာနိူင်ပါသည်။  
    • ဇွန်လ၂၇ရက် နေ့မှာတော့ လပ္ပတာ မြို့နယ် မိုးရွာရန် ၄၃ ရာခိုင်နှုန်းသာ ရှိနိုင်ပြီး ၂၈ မှာတော့ ၈၈ ရာခိုင်နှုန်း မိုးပြန်လည် ရွာသွန်းနိုင်ပါသည်။  

    စိုက်ပျိုးရေး အကြံပြုချက် 

    • ရာနှုန်းပြည့် မိုးကြီးနိူင်သော ရက်များတွင် စပါးစိုက်ခင်းအား လက်ပေါင်းလိုက်ခြင်း၊ ပေါင်းကောက်ခြင်းတို့ကို လုပ်ဆောင်ပေးပါ။  
    • စပါးအထွက်နှုန်း ကောင်းစေရန် အပင်ငယ်စဉ် အဆင့်တွင် ပေါင်းကိုနိူင်အောင် နှိမ်နှင်းပေးပါ။ ပေါင်းပင်များ ပြန့်ပွားမှု မရှိစေရန် ရေသွင်း၊ ရေထုတ် လုပ်ဆောင်သော နေရာများတွင် ပေါင်းကင်းအောင် လုပ်ဆောင်ပေးပါ။ 
    • စပါးစိုက်ခင်းများနှင့် ပျိုးခင်းများတွင် ဖျက်ဆီးတတ်သော ရွှေခရုရန်ကို ကြိုတင် ကာကွယ်နိုင်ရန် ကင်းထောက်စစ်ဆေးပါ။ ခရုများနှင့် ဥအတွဲများကို ရှာဖွေကောက်ယူ ဖျက်ဆီးပေးပါ။ ခရုများကို ကောက်ယူဖျက်ဆီးနိုင်ရန် ရေသွင်းရေထုတ် မြောင်းပေါက်များတွင်လည်း ဇကာ၊ ပိုက်ကွန်များ တပ်ဆင်ပေးပါ။ စိုက်ခင်းတွင်းမှ ရေများအား ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပါ 
    • မိုးကြီးနိူင်သော ရက်များတွင် စိုက်ခင်းတွင်း သွင်းအားစု ထည့်သွင်းခြင်းကို လုံးဝ မလုပ်ဆောင်သင့်ပါ။ 
    • စိုက်ခင်းတွင်း အသုံးပြုသင့်သော ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို မှန်ကန်စွာ အသုံးပြုနိုင်ရန် ထွက်တိုးကောစင်တာ ၀၉ ၉၇၇၉၁၀၀၀ သို့ဆက်သွယ်ပြီး အခမဲ့ ဆွေးနွေးကာ အကြံပြုချက် ရယူပါ။ 
    • မှိုသတ်ဆေး၊ ပိုးသတ်ဆေး အသုံးပြုရန် လိုအပ်ပါကလည်း မိုးရွာနိုင်သည့် အလားအလာကို ချင့်ချိန်တွက်ဆ အသုံးပြုသင့်ပါသည်။  
    • ထွက်တိုးတွင် နာရီအလိုက် အသေးစိတ် ရာသီဥတု ခန့်မှန်းချက်များကို ရယူနိူင်ပြီး အချိန်ကိုက် သွင်းအားစု ထည့်သွင်းခြင်းကို ချင့်ချိန်လုပ်ဆောင်ပါ။ 

    Source: CIAT 


  • article
likes10comments0
views140views2373