cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေခံမြေဩဇာထည့်သွင်းပါ။သီးနှံအထွက်တိုးမှာ။

. အပင်အာဟာရ
မြေခံမြေဩဇာ ကို မဖြစ်မနေထည့်သွင်းပေးရမယ့်အကြောင်းများ....

မြေကြီးဆိုတာကို ရေ လှောင်တမံလို သတ်မှတ်မည်ဆိုပါစို့၊ ထွက်သွားတဲ့ရေတွေကို ပြန်ဖြည့်ဖို့ မိုးတွေရွာသလို မြေကြီးထဲရှိအာဟာရဓါတ်တွေကို သီးနှံပင်တွေက စုပ်ယူစားသုံးလို့ မြေကြီးထဲကို အာဟာရတွေထပ်ဖြည့်ပေးရပါမယ်။
  • ဒါမှသာလျှင် စဉ်ဆက်မပြတ်တဲ့ အာဟာရစားသုံးရမှုပုံစံကို သီးနှံပင်တွေ ရရှိပြီး လိုချင်တဲ့အထွက်နှုန်းကို ရောက်ရှိမှာဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် မြေခံမှာ ထည့်ရမယ့်အာဟာရဓါတ်တွေကတော့ ၁-ဖော့စဖရပ်ခေါ် တီစူပါ ခေါ် မီးစုန်းဓါတ်ဖြစ်ပါတယ်။ (P) လို့သင်္ကေတ ပြုပါတယ်။ ၂-ပိုတက်လို့ခေါ်တဲ့ ပိုတက်စီယမ် (K) နဲ့ ၃-ဆာလဖာ,ကယ်စီယမ် နဲ့ မဂ္ဂနီစီယမ်တို့ဖြစ်ပါတယ်။ သစ်ဆွေးဓါတ်ကြွယ်ဝဖို့ သဘာဝမြေဩဇာ၊ တိရစ္ဆာန်အညစ်အကြေး၊ စသည်တို့က သပ်သပ်ထည့်ဖို့လည်းလိုအပ်ပါသေးသည်။ တစ်ချို့တောင်သူများက သံသယရှိကြသည်က မြေကြီး ထဲ မြေဆီကြိုထည့်ထားလျှင် အာဟာရဓါတ်တွေ မြေကြီးထဲမှာ အပင်ကမစားရသေးခင် လျော့နည်းပျောက်ဆုံးအဟောသိကံဖြစ်မှာစိုးရိမ်ကြပါသည်။ ပုလဲခေါ် နိုက်ထရိုဂျင် တစ်မျိုးမှ လွဲရင် ပျောက်ကွယ်မသွားနိုင်ပါ။ မြေခံထည့်ထားရင် မြေဆီလွှာအားကောင်းပါတယ်။ သီးနှံပင်အာဟာရချို့တဲ့တာမျိုးတွေ မဖြစ်စေတော့ပါ။မြေခံမြေဩဇာများထည့်သွင်းခြင်းအားဖြင့် သီးနှံအထွက်နှုန်းအထွက်အာမခံမှုတစ်မျိုးထပ်တိုးလာပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ အစက်ချရေသွင်းခြင်းစနစ်တွေမှာ မြေဩဇာကို ရေဖျော်ကျွေးခြင်းကို နောက်ကွယ်မှ ကူညီပေးနေတဲ့ မြေခံမြေဩဇာများဖြစ်ပါသည်။

    တီစူပါလို ဖော့ဖရပ်(စ)၊ ပိုတက် (ခ) ပိုတက်စီယမ် စတဲ့အာဟာရဓါတ်တွေက အာဟာရဓါတ်ကို အပင်ဆီဖြည်းဖြည်းချင်းထုတ်လွှတ်ပေးတာမို့ မစိုက်ခင်ကြိုတင်မြေကြီးထဲထည့်ပေးထားရပါမယ်။သို့မှသာ အပင်အမြစ်တို့စတင်ဖွံ့ဖြိုး၍ အစာစတင်စားတဲ့အချိန်မှာ ထိုမြေခံမြေဩဇာတို့နှင့်အရန်သင့် တွေ့ဆုံရရှိကြမှာဖြစ်ပါတယ်ခင်ဗျ။ ထို့အပြင် သဘာဝမြေဩဇာများကိုလည်း မြေပြင်ချိန်မှာကတည်းက ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

    နိုင်ထရိုဂျင်ဟာ အပင်ရဲ့မရှိမဖြစ်အာဟာရကြီးတစ်မျိုးဖြစ်တဲ့အပြင် သူ့ရဲ့စရိုက်က အင်မတန်‌ရွေ့လျားတတ်ပါတယ်။ မြေကြီးထဲမှာလည်း ငြိမ်ငြိမ်မနေပါ၊သူ့ကိုစားသုံးမယ့်သူ ရှိရင်ရှိ မရှိရင် မြေအောက်ရေတွေဆီထိ ရွေ့လျားပျောက်ကွယ်တတ်ပါတယ်။ ဒါ့ကြောင့် သူ့ကိုတော့ မစိုက်ခင်မြေခံအနေနဲ့ မထည့်သွင်းသင့်ဘူးလို့ ညွှန်းဆိုကြပါတယ်။ သို့သော်လည်း ကျောက်ဆည်နယ်ဘက်က ကြက်သွန်စိုက်တောင်သူအချို့မှာတော့ ကြက်သွန်ကိုရွှေ့ပြောင်းမစိုက်ခင် မြေပြင်ချိန်မှာ ထည့်သွင်းအသုံးပြုတတ်ကြသည်ကို လေ့လာမိပါသည်။ ကြက်သွန်က ပျိုးပင်ကို တစ်လခွဲသားဝန်းကျင်မှာ ပြောင်းရွှေ့စိုက်ပျိုးတာဆိုတော့ အမြစ်ပြန်လည်အလုပ်ပြန်လုပ်နိုင်ချိန်က မကြာပါ။ ထို့ကြောင့် ထည့်သွင်းလိုက်သောမြေခံ နိုက်ထရိုဂျင်မြေဩဇာကို စုပ်ယူစားသုံးလိုက်နိုင်သည်ဟုထင်မြင်မိပါသည်။ သာမန်အားဖြင့်တော့ မျိုးစေ့ချ စိုက်ပျိုးသည့် သီးနှံတွေမှာတော့ နိုက်ထရိုဂျင်မြေဩဇာကို မြေခံအဖြစ်မထည့်သွင်းသင့်ပါ။ ယနေ့ခေတ်မှာတော့ NPK နဲ့ အနည်းလိုအာဟာရဓါတ်တွေပါတဲ့ ကွန်ပေါင်းမြေဩဇာများ ဈေးကွက်မှာပေါများလာပါသည်။ ထိုကွန်ပေါင်းထဲတွင် ပါဝင်သော N လို့ခေါ်တဲ့ နိုက်ထရိုဂျင်အချိုးတစ်မျိုး က ရော မြေခံထည့်အဖြစ်ထည့်သွင်းလျှင် အဟောသိကံဖြစ်နိုင်ချေရှိလားလို့ မေးခွန်းထုတ်စရာရှိလာနိုင်ပါသည်။ ထိုအတွက်အဖြေကို လက်ရှိမှာ ကွန်ပေါင်းဓါတ်မြေဩဇာကို မြေခံထည့်သွင်းစိုက်ပျိုးသည့် တောင်သူကြီးများ က ပြန်လည်ဖြေဆိုပေးသင့်သည်ဟု မြင်မိပါသည်။

    နောက်ဓါတ်တစ်မျိုးကတော့ဖော့ဖရပ်(စ)ပါ၊ တီစူပါ၊အနက် စသည်ဖြင့်ဒေသအခေါ်တွေလည်းရှိပါသေးသည်။ သူကတော့ နိုင်ထရိုဂျင်လို မဟုတ်၊ ရွေ့လျားနိုင်မှုအားနည်းပါတယ်၊ အမြစ်ဖွံဖြိုးမှုအတွက်အရေးကြီးပြီး၊ မြေခံမြေဩဇာအနေနဲ့ အထူးသင့်လျော်ဆုံးပါ။

     ပိုတက်(ခ)ပိုတက်စီယမ်စီယမ်ကလည်း မြေကြီးထဲမှာ လျော့လျားနိုင်မှုနည်းပါတယ်၊ သူသည်လည်းပဲမြေခံမြေဩဇာအနေနဲ့ အထူးသင့်လျော်ပါတယ်။ ပိုတက်စီယမ်က သီးနှံအရည်အသွေးကို ကောင်းအောင်တာဝန်ယူထားပေးတာမို့ အသီးအပွင့်ချိန်မှာ ထပ်မံထည့်သွင်းပေးဖို့ ညွှန်းဆိုကြပြန်ပါတယ်။

    ခက်နေသည်က တီစူပါသီးသန့်၊ ပိုတက်သီးသန့် မြေဩဇာများက ဈေးကွက်မှာအလွယ်တကူ ဝယ်ယူဖို့ နည်းနည်းတော့ ကသီပါသည်။ ဒါ့ကြောင့် အစောကပြောခဲ့တဲ့အာဟာရစုံကွန်ပေါင်းဓါတ်မြေဩဇာများကို အသုံးပြု၍ မြေခံအဖြစ်ထည့်သွင်းနိုင်ပါသည်။ အပင်ကလေးများ ဆာတဲ့အချိန် လိုသလို မြေကြီးထဲကနေ အသင့်ခူးခပ်စားရုံနိုင်အောင်မြေခံမြေဩဇာများထည့်သွင်းပေးရပါမယ်။ ဆာလောင်မွတ်သိပ်မှ အပူတပြင်းပြင်ဆင်ရင်း အဆာလွန်ချိန်မှ အပင်ကလေးများ အစာစားရခြင်း မဖြစ်ကြရလေအောင် မြေခံထည့်သွင်းစိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်တိုး၍ လူမှုစီးပွားဖွံဖြိုးကြပါစေ၊ တောင်းဆုပြုပါရစေ………။

     


  • article
likes22comments6
views400views2476