cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြိုတင်ကာကွယ်ရမည့် မိုးစပါးမှိုသီးအန္တရာယ်

. ရောဂါ
မိူးစပါးက တော့ အခုချိန်မှာ ပေါင်းနဲ့ လုံးပန်းနေရသူတွေရှိမယ်၊တစ်ချို့ကျ မိုးကြိုခေါ်မလား စောစိုက်ကြတော့ အခုချိန်အနှံတွေထက်ပြီး မှိုရောဂါကျရောက်တာကို ရင်ဆိုင်ရနိုင်ပါသည်။
  • အချို့ကိစ္စများသည် ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဆိုပေမင့် အဲ,,,,,ဖြစ်လာခဲ့ရင်လည်း တစ်သက်လုံးမွေးလာတဲ့ကြက် တစ်မနက်တည်းနဲ့ ရိုက်ချက်ခံရလိုက်သလိုပင်။သိကြသည့် အတိုင်း မိုးစပါးဟေ့ဆိုတာနဲ့ ထယ်ရေးပြင်၊ထွန်ရေးပြင်ပြီး ကြဲဖို့အချိန်ကိုက်စောင့်ရသည် ။ ချိန်သားကိုက်ကြဲပြီးလို့စပါးပင်လေးတွေစုံလို့ပျော်ရမလားအောက်မေ့။ မပျော်နိုင်သေးပါ၊ ပေါင်းတွေက တွဲပါလာ။ တစ်ချို့လည်း ပေါင်းနဲ့ ယှဉ်ဖိုက်တဲ့အဆင့်မှာတင် မိုးလေက ကိုယ့်ဘက်ပါမလာတော့၊ ပေါင်းသတ်ဆေးက ချိန်သားကိုက် ၊ တိုင်ပင်ကိုက်မရွေးနိုင်တာနဲ့ ပေါင်းကိုက်လို့ထယ်နဲ့ဖြတ်ပစ်လိုက်ရသည်။ ပေါင်းကို ကျော်လာနိုင်ပြန်တော့လည်း ပိုးနဲ့ ရောဂါက ဒုက္ခပေးဖို့ အဆင်သင့်။ ဟူးးးးးးးးးးတွေးကြည့်ရုံနဲ့ ရင်မော။ ဒါပေမယ့် ဘာလို့အားလျော့မလဲလေ။ တစ်နေ့တော့ တစ်နေ့ပေါ့လေ။

    အဆင့်ဆင့်ကျော်ဖြတ်ခဲ့ပြီး မှ ဆင်ကောင်ကြီး အမြီးကြမှ တစ်နေစေတဲ့ အခက်အခဲတစ်ခုရှိပါသေးတယ်။ ဘာလဲဆိုတော့ စပါးမှိုသီးရောဂါပါ။ မိုးစပါးဆိုတော့ ပန်းပွင့်ချိန် မိုးမိတဲ့စပါးခင်းတွေမှာ ဖြစ်နိုင်ဖို့အလားအလာပိုရှိနိုင်ပါတယ်။ သားအသေလေးမွေးတဲ့မိခင်ဟာ၊ ဘယ်လိုနေမလဲ။ အခုလည်းပဲ စပါးနှံတွေပြလာပြီး မှ မှိုသီးတွေနဲ့ဆိုရင်ရော။

    ဖြူးမြို့နယ်ထဲက တောင်သူကြီးတစ်ယောက် မဂျမ်းတော ငါးဧက အနှံတွေစုံမှ စပါးမှိုသီးတွေကျနေတာကြုံဖူးသည်။ ကျနော်ကိုတိုုင်လည်း ငါးဧက စာ မနောသုခစပါးမှာကြုံဖူးသည်။ တကယ်ကို စားရခါနီးမှ ပုတ်ချခံရတာအဖြစ်ပါ။ အကုန်ကျော်ဖြတ်ခဲ့ပြီးမှ ။ တွေးကြည့်ရင် ရင်နာစရာ။ စပါးရိတ်ပြီး ချွေလှေ့စက်ကနေ ထွက်လာတဲ့စပါးတွေ က ကြည့်ရဆိုးလိုက်တာ ဘယ်စပါးပွဲစားဝယ်ချင်တော့ပါမလဲဗျာ။ ဒါကြောင့်.... စပါးမှိုသီးရောဂါ အကြောင်းကို ကြိုတင်သိရှိ နှိမ်နင်းနိုင်ပါစေကြောင်း ဆုတောင်းရင်းမျှဝေလိုက်ရပါတယ်ခင်ဗျ.....။

    မိုးစပါးဆိုတော့ ပန်းပွင့်ချိန် မိုးမိတဲ့စပါးခင်းတွေမှာ ဖြစ်နိုင်ဖို့အလားအလာပိုရှိနိုင်ပါတယ်။

    ရောဂါလက္ခဏာများ

    - စပါးမှိုနှံသီး ရောဂါဖြစ်ပွားပါက စပါးစေ့များအား အရောင်အသွေး မှေးမှိန်စေကာ အရည်အသွေးကျဆင်းစေပါသည်။

    - စပါးမှိုနှံသီး ရောဂါ ဖြစ်ပွားထားသော အပင်များရှိ စပါးစေ့များသည် မှိုလုံးလေးများအဖြစ် ပြောင်းလဲသွားပါသည်။ ထိုအလုံးလေများသည် တဖြေးဖြေး လိမ္မော်ရောင် အဖြစ်ပြောင်းလာကာ နောက်ဆုံးတွင် အနက်ရောင်ဖြစ်သွားပါသည်။

    - အများအားဖြင့် စပါးနှံတစ်ခုလုံးတွင် ရောဂါကျရောက်လေ့မရှိသော်လည်း မှိုသီးများနှင့် နီးကပ်နေသော စပါးစေ့များတွင်မူ အဖျင်းများ နေတတ်ပါသည်။

    စပါးမှိုသီး ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ?

    စပါးမှိုသီးရောဂါအား ကာကွယ်နှိမ်နှင်းခြင်းစပါးမှိုနှံသီးရောဂါအား ကာကွယ်ရန် ဖော်ပြပါ လမ်းညွှန်ချက်များကို လိုက်နာသင့်ပါသည်။

    - လယ်ကွင်းအား သန့်ရှင်းအောင် ထားပါ။

    - ရောဂါဖြစ်နေသော မျိုးစေ့များ၊စပါးနှံများနှင့် ပင်ကြွင်းပင်ကျန်များအား ရိတ်သိမ်းပြီးနောက် ဖယ်ရှားပစ်ပါ။

    - နိုက်ထရိုဂျင်မြေသြဇာကို လိုအပ်သလောက်သာ အသုံးပြုပါ။

    - ထိရောက်သော မှိုသတ်ဆေးများကို အနှံမထွက်ခင် အချိန်တွင် ကြိုတင်ကာကွယ် အသုံးပြုပါ။

    - စပါးပင်များအား စပါးမှိုနှံသီးရောဂါမှ ကာကွယ်ရန်

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဇီစတိုဗင် (၂၀%) + ဒိုင်ဖန်နိုကိုနားဇိုး (၁၂.၅%) အက်စီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဟတ်ဇာကိုနာဇိုး ၅% အက်စီ စားပွဲတင်ဇွန်း (၆-၈) ဇွန်း ကို အသုံးပြုပေးပါ။ သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)

     -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes23comments1
views364views3820