cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း

. ငါးဉာဏ်စမ်း
ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။
  • အသားစားငါးနှင့် ငါးရိုင်းများ ရှင်းလင်းရန်အတွက် (က) ပိုက်စိပ်ဖြင့် အကြိမ်ကြိမ် ကန်အတွင်း ဆွဲပြီး ဖယ်ရှားနည်း (ခ) ကန်အခြောက်ခံ၍ ထုံးဖြူးခြင်း နှင့် ရေစစ်သွင်းခြင်းတို့ဖြင့် ဖယ်ရှား ခြင်း (ဂ) ရိုတီနှုံးဆေး ကိုအသုံးပြု၍ ဖယ်ရှားခြင်းနည်းတို့ အသုံးပြုနိုင်ပါသည်။ပိုက်စိပ်ဖြင့် ကန်အတွင်း အကြိမ်ကြိမ်ဆွဲယူခြင်းသည် အသားစားငါးနှင့် ငါးရိုင်းများသည် ကျန် ရှိနေ နိုင်ပါသည်။ ကန်အခြောက်ခံရာတွင် ပက်ကြားအပ်အောင် အခြောက်ခံပြီး တစ်ဧကလျှင် အနည်း ဆုံး ထုံးပိဿာ(၂၀၀ )ဖြူးပေးရပါမည်။ ထုံးဖြူးပြီးနောက် (၇)ရက်ကြာ ထပ်မံနေ လှန်းရ ပါမည်။ ကန် အတွင်းရေသွင်းရာတွင် (၅၀)သို့မဟုတ် (၁၀၀)မိုက်ခရွန်ရေစစ်ကိုအသုံးပြုရပါမည်။

    ရိုတီနှုံးဆေးကိုသုံးရာတွင် တစ်ဧကကန် ရေအနက်(၁)ပေတွင် ဆေး(၂၀) ကျပ်သားသာ သုံး ရပါမည်။ ဆေးသုံးစွဲနည်းမှာ ကန်းအတွင်းသုံးရမည့်ပဏာမ၏ (၃)ပုံ(၁)ပုံကို ဂျုံဖြင့် ဆေးလုံးကလေး လုပ်ပါ၊ ကျန်ဆေး(၂)ပုံကို ရေဖျော်ပြီး ကန်အနှံ့ပက်ပေးပါ။ ဆေးပက်ပြီးနောက် ဆေးလုံးကလေးများ ကို ကန်အနှံ့ လိုက်ချပါ ။ နေ့လည် (၁၀)နှင့်(၁၁)နာရီအတွင်း ဆောင်ရွက်ရပါမည်။ ဆေးချပြီး(၂၀) မိနစ် မှ (၂၅) မိနစ်အတွင်း သားစားငါးနှင့်ငါးရိုင်းများပေါ်လာပါလိမ့်မည်။ ထိုအချိန်တွင် အဆိုပါအသားစားငါး နှင့်ငါးရိုင်းများကိုအမြန်ဖယ်ရှားပါ။ အချိန်အတော်ကြာလျှင် အသားစားနှင့် ငါးရိုင်းများ ပြန်လည် အသက်ရှင်နိုင်ပါသည်။

    ဆေးချပြီး ဆေး၏အာနိသင်မှာ (၇)ရက်ကြာပါမည်။ (၇) ရက်ကျော်မှ ငါးသားပေါက်ထည့်ပါ။


    ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (၄) အထက်ပါနည်းလမ်းအားလုံး

    ဖြစ်ပါတယ်။

    အပတ်စဥ်သောကြာနေ့တိုင်း ဉာဏ်စမ်းဖြေပြီး ဖုန်းဘေလ်ကံစမ်းပါ အစီအစဥ် ရှိပါတယ်နော်။

    ဒါကြောင့် 

    ဉာဏ်စမ်းဖြေဆိုရင်း ပါဝင်ကံစမ်းပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်နော်။


    ငါးရိုင်းသတ်နည်း ဆောင်းပါးဖတ်ရှုနိုင်ရန်- https://htwettoe.com//content/43890


    ထွက်တိုး App တွင်ဝင်ရောက်ဖြေဆို၍ ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။


    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


    ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2

    'ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483


    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
likes13comments0
views80views3610