cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လက်ကျန် နည်းလာသည့်အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေ

. သတင်းစုံ
ဒေသ အလိုက် အချိန်နှင့်အမျှ လည်း ဈေးနှုန်းပြောင်းလဲနိုင်ပြီးပြည်တွင်းသကြားဈေး မှာ ပြီးခဲ့သည့် နှစ် များ ဖြင့်ယှဉ်ပါက စျေးနှုန်း အဆမတန် မြင့် တက်လာကြောင်း သိရသည်။
  • စျေးကွက်တွင် လက်ကျန် နည်းလာသည့်အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေ ကြောင်းမြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှ သိရသည်။

    ထို့ အပြင် လတ်တလော ဒေါ်လာစျေး မှာ မြင့်တက်လာခြင်းကြောင့် စျေးမှာ အတက်စျေး တွင်ရှိနေခြင်းကြောင်း သိရသည်။

    “ပြည်တွင်းမှာလဲ သကြား ရောင်းစရာ သိပ်မကျန်တော့ဘူး၊လက်ကျန်နည်းတာလဲ ပါမယ်။ အခုရက်ပိုင်းငွေစျေးတွေ လဲပြောင်းသွားတယ်။အဲ့တော့ သကြ ားစျေးလဲ လိုက်တက်တာပေါ့။ဒါပေမဲ့ အရောင်းဝယ် အများကြီး မဖြစ်သေးဘူး”ဟုဟု မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှအတွင်းရေးမှူး ဦးစိန်း ထွန်း ကပြောသည်။

    ပြီးခဲ့သည့်လက ပြည်တွင်း၌သကြားတပိဿလျှင်၃၀၇၅ကျပ် သာ ရှိခဲ့ပြီး လက်ရှိ ၃၂၀၀မှ ၃၃၀၀ဝန်းကျင် အထိ ပေါက်စျေးထိ ရှိကြောင်း သိရသည်။

    ဒေသ အလိုက် အချိန်နှင့်အမျှ လည်း ဈေးနှုန်းပြောင်းလဲနိုင်ပြီးပြည်တွင်းသကြားဈေး မှာ ပြီးခဲ့သည့် နှစ် များ ဖြင့်ယှဉ်ပါက စျေးနှုန်း အဆမတန် မြင့် တက်လာကြောင်း သိရသည်။

    လက်ရှိ export အနေဖြင့် ဗီယက်နမ် နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိနေပြီး အဆိုပါ နိုင်ငံသို့ သကြား မကြိတ်ခင် ကြိုတင် စာချုပ်ဖြင့် နှစ်စဉ် တင်ပို့ ရောင်းချ နေခြင်း ဖြစ်ကြောင်း သိရသည်။

    “ ဗီယက်နမ်ကို ထပ်ပြီးမရောင်းနိုင်ဘူး ၊ ကြံကြိတ်ရာသီကလဲ ပြီးသွားပြီ ၊ကြံကြိတ်စက်တွေလဲ တော်တော်များများရပ်သွား ပြီဆိုတော့ ဗီယက်နမ်ကို ပို့မယ်ဆိုတဲ့ ဟာတွေကလဲ မကြိတ်ခင် တည်းကကြိုရောင်းထား တဲ့သကြားတွေ တင်ပို့နေတာ။နောက်ထပ်တော့ စာချုပ်ထပ်မချုပ်ရသေး။ “ ဟု ယင်း ကဆက်လက်ပြောသည်။

    ၂၀၂၂-၂၀၂၃ နောက်ဆုံး ကောက်ယူထားသည့် စာရင်းအရ ပြည်တွင်း သကြားထုတ်လုပ်နိုင်မူ တန်ချိန်လေးသိန်း နီးပါး ထွက်ရှိထားပြီး လက်ရှိ လက်ကျန်မှာ သကြားတန်ချိန် တစ်သိန်းခန့် သာရှိတော့ ကြောင်း သိရသည်။

    မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ပြီး ဧပြီလဆန်းပိုင်တွင် ကုန်ဆုံး လေ့ရှိ ခြင်းကြောင့် သကြားလက်ကျန်မှာနည်းနေခြင်းဖြစ်သည်။

    ယခုနှစ် ကြံစိုက်တောင်သူများအနေဖြင့်သကြားစျေး ကောင်းခဲ့သည့် အတွက် စျေးနှုန်းရရှိမူ တွက်ခြေကိုက်ခဲ့ကြောင်း သိရသည်။

    ပြည်တွင်းသကြားစက်ရုံများ အနေဖြင့် ကြံကြိတ်ရာသီ အတွက် ကြံစျေး ၉သောင်း သတ်မှတ်ထားရာမှ လက်ရှိ သကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅၀၀၀မှ ၁၀၀၀၀၀အထိ တိုးပေးခဲ့ကြောင်း တောင်သူများထံမှ သိရသည်။

    “ သကြားစျေးက အခုနှစ်မှာ နိုင်ငံတကားစျေး မှာလည်း မြင့်တက်နေတော့ ကံကောင်းသွားတာ။ ပြည်တွင်းစာသုံးမူလည်းရှိတော့ အဆင်ပြေတာပေါ့” ဟု ကြံစိုက်တောင်သူတစ်ဦး ကပြောသည်။

    ကြံကို အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ် ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive Content For Htwet Toe


  • article
likes7comments0
views48views2745