cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေထဲတွင် လွယ်ကူစွာ စိုက်ပျိုးနိုင်သော မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်(၁၀)မျိုး

. အိမ်တွင်းဥယျာဉ်
၁။ မုန်လာဥနီ

မုန်လာဥနီ အပေါ်ဖက်ပိုင်း အစွန်းများကို လွှင့်ပစ်လိုက်မည့်အစား ရေအနည်းငယ်ထဲတွင် ပြန်စိမ်ထားခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာတော့ အရွက်သစ်လေးတွေ ထွက်လာသည်ကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ရေကို၁ ရက်မှ ၂ ရက်ကြာပီတိုင်း လဲပေးပါ။ တစ်ပတ်နှစ်ပတ်အတွင်း ကြီးထွားမှုအသစ်ကို ပြသနေတာကို တွေ့ရပါလိမ့်မယ်။

မုန်လာဥနီ အရွက်နုလေးတွေကို အသုပ်တွေထဲမှာ ထည့်သုံးနိုင်ပါတယ်။

  • ၂။ ကြက်သွန်ဖြူ

    လတ်ဆတ်တဲ့ ကြက်သွန်မွှာကိုယူပြီး ထိပ်ဆုံးအပိုင်းကို ဖြတ်လိုက်ပါ။ ထိုနောက် ကြက်သွန်လုံးနဲ့ ကိုက်ညီတဲ့ ဆိုဒါပုလင်းငယ်တစ်လုံးယူပါ။ အထက်ပုံမှာ ဖော်ပြထားတဲ့အတိုင်း ရေဖြည့်ပြီး ကြက်သွန်လုံးကို ထည့်ပါ။ အမြစ်များဖြစ်ထွန်းစေရန် အရေးကြီးသောကြောင့် ရေသည် အောက်ပိုင်းကို ထိအောင်ထည့်ပေးပါ။

    ၃။ နံနံပင်

    အရွက်များကို စားသုံးပြီးသည်နှင့် ပန်းကန်လုံးငယ်ထဲထည့်ပြီး ရေထည့်ကာ စိုက်ပျိုးနိုင်ပါတယ်။

    ၄။ ဆလပ်ရွက်

    ဆလတ်ရွက်ပင်လေးတွေကို ပြန်စိုက်ဖို့အတွက် အရွက်များကို ပြောင်စင်အောင် စားသုံးဖို့ အရေးကြီးပါသည်။ ပြီးနောက် ဆလပ်ရွက်အောက်ပိုင်း အမြစ်စုံကို ရေတိမ်သော ဟင်းတစ်ခွက် (၁/၂ လက်မခန့်) တွင်ထည့်ပြီး ပြတင်းပေါက်နားတွင် ထားပေးပါ။ ရေကို၁ ရက်မှ ၂ ရက်ကြာပီတိုင်း လဲပေးပါ။ တစ်ပတ်နှစ်ပတ်အတွင်း ကြီးထွားမှုအသစ်ကို ပြသနေတာကို တွေ့ရပါလိမ့်မယ်။

    ၅။ စပါးလင်

    စပါးလင်ကို ရေထဲတွင်စိမ်ပြီး နေရောင်ရသောနေရာ၌ ထားပါ။ ရေကို နေ့စဉ်ပြောင်းပြီး အရွက်သစ်တွေ ချက်ချင်းနီးပါး ကြီးထွားလာတာကို တွေ့နိုင်မှာပါ။ တစ်ပတ်အကြာတွင် အမြစ်များစတင် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

    ၆။ နိုကိုဥ

    ပြန်လည်စိုက်ပျိုးရန် နိုကိုဥပေါ်ဖက်ပိုင်းကို သုံးပုံတစ်ပုံထက်မပိုဘဲ ပိုင်းဖြတ်ယူပါ။ ဖန်ခွက် သို့မဟုတ် ခွက်ကို ရေဖြင့် ဖြည့်ပါ။ အောက်ဘက်ကို မျက်နှာမူထားပြီး ရေထဲထည့်ထားပါ။ နေရောင်ခြည် အလုံအလောက်ရရှိစေရန် အနီးရှိ ပြတင်းပေါက် သို့မဟုတ် စားပွဲပေါ် တင်ထားပါ။

    ၇။ ပူစီနံ

    မွှေးကြိုင်ပြီး လန်းဆန်းစေတဲ့ ပူစီနံအရွက်တွေကို မြေမပါဘဲ တစ်နှစ်ပတ်လုံး စားသောက်နိုင်အောင် ရေဖြင့်စိုက်ပျိုးနိုင်ပါတယ်။ အိမ်ရဲ့ အကျဉ်းဆုံးနေရာမှာတောင် ရေထဲထည့်ပြီး လွယ်ကူစွာ စိုက်ပျိုးနိုင်ပါတယ်။

    ၈။ ပင်စိမ်း

    ပင်စိမ်းပင်သည် အမျိုးမျိုး အသုံးပြုနိုင်သည့် ဘက်စုံအသုံးပြုနိုင်သော ဟင်းသီးဟင်းရွက်ဖြစ်ပြီး ရေထဲမှာ စိုက်ပျိုးနိုင်ပါတယ်။ ပင်စိမ်းပင်ကြီးမှ ကိုင်းကိုဖြတ်ယူပြီး ဖန်အိုးထဲထည့်ကာ ကလိုရင်းမဟုတ်တဲ့ ရေနဲ့ ဖြည့်ပါ။ အမြစ်မွှားလေးတွေဟာ ၂-၃ ပတ်အတွင်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

    ၉။ မုန်ညှင်းထုပ်

    မုန်ညင်းထုပ်ရဲ့ အောက်ပိုင်းကို ရေတွေပြည့်နေတဲ့ ဖလားထဲထည့်ထားပြီး မနက်ပိုင်းနေရောင် (၃-၄ နာရီ) ရတဲ့နေရာမှာ ထားပါ။ ရေကို (၂-၃) ရက်တိုင်း တစ်ခါလဲပေးပါ။ (၅-၇) ရက်အတွင်း အမြစ်များ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

    ၁၀။ ကန်စွန်းဥ

    ဤနည်းသည် ရေထဲတွင် အာလူးများ စိုက်ပျိုးသည့်နည်းလမ်းနှင့် တူညီသည်။ ယင်းတို့ကို တစ်ဝက်ခွဲဖြတ်ပါ။ တစ်ဝက်ကို ရေတိမ်တဲ့အိုးထဲ ထည့်ထားပါ။ ဖြတ်ထားတဲ့ ဘက်က ရေနဲ့မျက်နှာချင်းဆိုင် ထိနေရပါမယ်။ တိုက်ရိုက်နေရောင်ပြင်း မကျတဲ့ အလင်းရတဲ့နေရာမှာ ထားပါ။

    အမြစ်များသည် ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာမည်ဖြစ်ပြီး အရွက်သစ်များ ပေါ်ထွက်လာသည်ကို တွေ့ရလိမ့်မည်။ အဲဒီနောက် စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးဆွတ်နိုင်ပါတယ်။ ဒါမှမဟုတ် မြေကြီးထဲ ပြောင်းပြီး စိုက်ပျိုးပေးနိုင်ပါတယ်။

    ၁၁။ ကြက်သွန်နီ

    ရေခွက်ထဲမှာ ကြက်သွန်အတက်လေးတွေ စိမ်ထားပေးနိုင်ပါတယ်။ စိုက်ပျိုးဖို့ အလွန်လွယ်ကူတဲ့အတွက် သင်လိုအပ်တာက နေရောင်ခြည်၊ အိုး (သို့မဟုတ်) ဖန်ခွက်နဲ့ ကြက်သွန်မွှာလေးတွေပဲ ဖြစ်ပါတယ်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/

    ဟင်းသီးဟင်းရွက်စိုက်ပျိုးကြသူများအဖွဲ့သို့ဝင်ရန်- https://www.facebook.com/groups/2193903787481318/


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes28comments3
views426views3218