cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ဒေသကြီးအတွက် ရက်ဝေးသုံးလစာ မိုးလေဝသခန့်မှန်းချက်

. ရာသီဥတု သတင်းများ
ဂျူလိုင်လနှင့်ဩဂတ်လတွင် မိုးရွာသွန်းနိုင်ဆဲ ဖြစ်ပါသည်။ စပါးသက်တမ်းအရ ပင်ပိုင်းကြီးထွားသည့် အဆင့်ဖြစ်သည့်အတွက် ရွှေခရု၊ ရွက်လိပ်ရွက်ကပ်၊ ဆစ်ပိုး၊ ဖြုတ်ပိုး စသည်တို့ ကျရောက်နိုင်ပါသည်။
  • ၁) ဟင်္သာတမြို့နယ်

    ဇူလိုင်လ

    ·      အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန် ၂၃လက်မနှင့်၁၅လက်မရှိနိုင်ပါသည်။

     ပျမ်းမျှမိုးရေချိန် ၁၉လက်မခွဲ ရှိနိုင်ပြီး၊ ပုံမှန်မိုးရေချိန် ၁၈လက်မခွဲ ထိရှိနိုင်ပါသည်။

    ဩဂတ်လနှင့်စက်တင်ဘာလ

    ·      မိုးရွာသွန်းမှု လျော့နည်းလာမည် ဖြစ်ပါသည်။ ဩဂတ်လတွင် အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန် လက်မ ၂၁ လက်မခွဲခန့်နှင့် ၁၃ လက်မခန့် ရှိနိုင်ပါသည်။ ပျမ်းမျှ မိုးရေချိန် ၁၈လက်မခန့် ဖြစ်ပြီး၊ ပုံမှန် မိုးရေချိန် ကတော့ ၁၇လက်မခန့် ရှိနိုင်ပါသည်။

    ၂။ လပွတ္တာမြို့နယ်

    ဇူလိုင်လ

    ·      အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန် ၃၃လက်မနှင့်၂၇လက်မရှိနိုင်ပါသည်။

     ပျမ်းမျှမိုးရေချိန် ၃၀လက်မ ရှိနိုင်ပြီး၊ ပုံမှန်မိုးရေချိန် ၂၈လက်မခွဲ ထိရှိနိုင်ပါသည်။

    ဩဂတ်လ

    ·      ဩဂတ်လတွင် ဆက်လက် မိုးရွာသွန်းနိုင်ပြီး အမြင့်ဆုံးနှင့်အနိမ့်ဆုံး မိုးရေချိန် လက်မ ၃၁လက်မခန့်နှင့် ၂၃ လက်မခွဲခန့် ရှိနိုင်ပါသည်။ ပျမ်းမျှ မိုးရေချိန် ၂၇လက်မခန့် ဖြစ်ပြီး၊ ပုံမှန် မိုးရေချိန် ကတော့ ၂၆လက်မခန့် ရှိနိုင်ပါသည်။

    စက်တင်ဘာလ

    ·      မိုးရွာသွန်းမှု လျော့နည်းလာမည် ဖြစ်ပါသည်။ တစ်လလုံးစာအတွက် မိုးရေချိန်လက်မ 20လက်မခွဲသာ မိုးရေချိန်အမြင့်ဆုံးရှိနိုင်ပြီး၊အနည်းဆုံး ၁၇လက်မခန့် ရှိနိုင်ပါသည်။ ပျမ်းမျှနှင့်ပုံမှန်မိုးရေချိန် ၁၈ လက်မရှိပါမည်။

    ၃။ မအူပင်မြို့နယ်နှင့် မြောင်းမြမြို့နယ်

    ဇူလိုင်လနှင့်ဩဂတ်လ

    ·      ကျန်ဒေသများနှင့် နှိုင်းယှဉ်ပါက မအူပင်မြို့နည်တွင် မိုးနည်းနိုင်ပြီး ဇူလိုင်လတွင် အမြင့်ဆုံးနှင့် အနိမ့်ဆုံး မိုးရေချိန်လက်မ 26နှင့်၁၅ လက်မခွဲ ရှိနိုင်ပါသည်။ ပျမ်းမျှမိုးရေချိန် ၂၂ လက်မခန့် ရှိနိုင်ပြီး၊ ပုံမှန်အားဖြင့်တော့ ၂၀ လက်မ ထိ မိုးရေချိန်ရှိနိုင်ပါသည်။ ဩဂုတ်လမှာတော့ အမြင့်ဆုံးနှင့် အနိမ့်ဆုံး မိုးရေချိန်လက်မ 25 လက်မခွဲနှင့်၁၅ လက်မခန့်ရှိနိုင်ပါသည်။ ပျမ်းမျှမိုးရေချိန် ၂o လက်မခွဲခန့်ဖြစ်ပြီး၊ပုံမှန်မိုးရေချိန်ကတော့ ၂၀ လက်မခန့် ရှိနိုင်ပါသည်။

    စက်တင်ဘာလ

    ·      မိုးရွာသွန်းမှု ပိုမိုလျော့နည်းလာနိုင်ပါသည်။ တစ်လလုံးစာအတွက် မိုးရေချိန်လက်မ ၁၇ လက်မခွဲသာ အမြင့်ဆုံးရှိနိုင်ပြီး၊အနည်းဆုံး ၁၃ လက်မခန့် ရှိနိုင်ပါသည်။ ပျမ်းမျှနှင့်ပုံမှန်မိုးရေချိန် ၁၅လက်မရှိပါမည်။

    ၄။ ပုသိမ်မြို့နယ်

    ဇူလိုင်လနှင့်ဩဂတ်လ

    ·      ဇူလိုင်လ တစ်လလုံးစာအတွက် မိုးရေချိန်လက်မ အမြင့်ဆုံး ၃၃ လက်မနှင့် အနိမ့်ဆုံး ၂၇ လက်မ ရှိနိုင်ပါသည်။ ပျမ်းမျှမိုးရေချိန် ၃၀ လက်မခန့် ရှိနိုင်ပြီး၊ ပုံမှန်အားဖြင့်တော့ ၂၈ လက်မခွဲ ထိ မိုးရေချိန်ရှိနိုင်ပါသည်။ ဩဂုတ်လမှာလည်း မိုးရေချိန်တူညီလုနီးပါး ရှိနိုင်ပြီး အမြင့်ဆုံး ၃၁ လက်မနှင့် အနိမ့်ဆုံး၂၃ လက်မခွဲခန့်ရှိနိုင်ပါသည်။ ပျမ်းမျှမိုးရေချိန် ၂၇ လက်မခွဲခန့်ဖြစ်ပြီး၊ပုံမှန်မိုးရေချိန်ကတော့ ၂၆ လက်မခန့် ရှိနိုင်ပါသည်။

    စက်တင်ဘာလ

    ·      မိုးရွာသွန်းမှု ပိုမိုလျော့နည်းလာပြီး တစ်လလုံးစာ အတွက် မိုးရေချိန် ၂၀ လက်မခွဲသာ အမြင့်ဆုံး ရှိနိုင်ပြီး၊ အနိမ့်ဆုံး ၁၇ လက်မခန့် ရှိနိုင်ပါသည်။ ပျမ်းမျှနှင့် ပုံမှန်မိုးရေချိန် ၁၈ လက်မရှိပါမည်။

    ၅။ ဖျာပုံမြို့နယ်

    ဇူလိုင်လနှင့်ဩဂတ်လ

    ·      ဇူလိုင်လနှင့်ဩဂတ်လတို့တွင် တစ်လလုံးစာအတွက် မိုးရေချိန်လက်မ ၂၆ ထိ အမြင့်ဆုံးရှိနိုင်ပြီး၊ အနည်းဆုံးအနေနဲ့ ၁၆ လက်မ ရှိနိုင်ပါသည်။ ပျမ်းမျှမိုးရေချိန် ၂၁ လက်မခန့် ရှိနိုင်ပြီး၊ ပုံမှန်အားဖြင့်တော့ ၂၀ လက်မ ထိ မိုးရေချိန်ရှိနိုင်ပါသည်။

    ·      စက်တင်ဘာလမှာတော့ မိုးရေချိန် သိသိသာသာလျော့နည်းသွားပါမည်။ တစ်လလုံးစာအတွက် မိုးရေချိန်လက်မ ၁၇ လက်မခွဲသာ မိုးရေချိန်အမြင့်ဆုံးရှိနိုင်ပြီး၊အနည်းဆုံး ၁၄ လက်မခန့် ရှိနိုင်ပါသည်။ ပျမ်းမျှနှင့်ပုံမှန်မိုးရေချိန် ၁၅လက်မရှိပါမည်။


    ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်

    ·      ယေဘူယျအားဖြင့် ဂျူလိုင်လနှင့်ဩဂတ်လတွင် မိုးရွာသွန်းနိုင်ဆဲ ဖြစ်ပါသည်။ စပါးသက်တမ်းအရ ပင်ပိုင်းကြီးထွားသည့် အဆင့်ဖြစ်သည့်အတွက် ရွှေခရု၊ ရွက်လိပ်ရွက်ကပ်၊ ဆစ်ပိုး၊ ဖြုတ်ပိုး စသည်တို့ ကျရောက်နိုင်ပါသည်။ ရောဂါအားဖြင့် ဘတ်တီးရီးယားရွက်ဖျားခြောက်၊ ရွက်ညိုပြောက် တို့ကို ကြိုတင်ကာကွယ်ပါ။

    ·      စက်တင်ဘာလတွင် မိုးနည်းနိုင်ပြီး အပူချိန် မြင့်တက်လာနိုင်သည့် အတွက် စပါးပင်ကြီးထွားမှု နှောင်းပိုင်းအဆင့်တွင် ရောဂါကျရောက်မှု ပိုမိုဖြစ်ပွားနိုင်ပါသည်။ မှိုနှံသီးရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ ရွက်ဖုံးပုပ်ရောဂါတို့ကို ကြိုတင်ကာကွယ်ပါ။ စပါးနှံစုပ်ပိုးကိုလဲ မပြတ်ကင်းထောက် ကြည့်ရှု့နေရန် လိုအပ်ပါသည်။

    ·      သွင်းအားစု ထည့်သွင်းခြင်းကို ရာသီဉတု အနေအထားကို မပြတ်စောင့်ကြည့်ပြီးမှသာ သုံးစွဲပါ။ ထွက်တိုးတွင် နာရီအလိုက် မိုးလေဝသ ခန့်မှန်းချက်များကို ရယူနိုင်ပြီး အကြံပြုချက် ရယူလိုပါက ၀၉ ၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။ မိုးရာသီဖြစ်သည့်အတွက် ကော်ရည်ကပ်ဆေးကို ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အားဆေးသုံးစွဲသည့် အခါ ထည့်သုံးပေးပါ။

    Source: CIAT

     


  • article
likes25comments3
views440views4715