cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးစိုက်ပျိုးရာတွင် လိုအပ်သောအဟာရဓါတ်များ

. အပင်အာဟာရ
အများလို အဟာရဓါတ်များ(Major elements)

ထည့်သွင်းစရာ မလိုသည့် အဟာရ

ဓါတ်များ (Non-mineral nutrients)

- ကာဗွန် (Carbon (C))

- ဟိုက်ဒရိုဂျင် (Hydrogen (H))

- အောက်ဆီဂျင် (Oxygen (O))

  • အဓိက အရေးပါသော အဟာရ ဓါတ် များ (Primary nutrients)

    1. နိုက်ထရိုဂျင် (Nitrogen (N))

     2. ဖော့စဖောရပ် (Phosphorus(P))

    3. ပိုတက်စီယမ် (Potassium (K))

    အရေးပါသောအဟာရဓါတ်များ

    (Secondary nutrients)

    4. ကယ်လ်စီယမ် (Calcium (Ca))

     5. မဂ္ဂနီစီယမ် (Magnesium (Mg))

     6. ဆာလ်ဖာ (Sulphur (S))

    အနည်းလို အဟာရဓါတ်များ (Minor or trace elements)

    -ဘိုရွန် (Boron (B))

    -ဇင့် (Zinc (Zn))

     -အိုင်းရွမ်း (Iron (Fe))

    –ကော့ပါး (Copper (Cu))

    - မဂ္ဂနီ (Manganese (Mn))

    -မိုလီဒီနမ် (Molybdenum (Mo))

    -ကလိုရင်း (Chlorine (Cl))

    အဟာရများ၏ အခန်းကဏ္ဍ (အနှစ်ချုပ်)

    -အပင်ကြီးထွားရန်အတွက် အထက်ဖော်ပြပါ အဟာရများ၏ အခန်းကဏ္ဍ သည် လွန်စွာ အရေးပါသည်။

    -အဆိုပါ အဟာရများချို့တဲ့ပါက အပင်ကြီးထွားမှုနှုန်းနှင့် ထွက်နှုန်းပါ ထိခိုက်မှု ရှိနိုင်သည်။

    -ထို့ကြောင့် အဟာရတခုချင်းစီ၏ လုပ်ဆောင်ချက်များအား အောက်ပါ ဇယားဖြင့် လေ့လာသိရှိနိုင်သည်။

    နိုက်ထရိုဂျင်(N)

    • အာလူး အထွက်နှုန်းနှင့် အပင်ကြီးထွားမှု တို့အား အထောက် အကူပြုသည်။

    • လိုအပ်သည့် ပမာဏထက် ပို၍ ထည့်သွင်းပါက ပင်ပိုင်း ဆိုင်ရာ ကြီးထွားမှုသာ အားပေး၍ အာလူးဥ ဖြစ်ထွန်းမှု နှောင့်နှေးစေခြင်း၊ အာလူးဥများတွင် အခေါင်းပွများ ဖြစ်နိုင်ခြေ မြင့်မားခြင်း နှင့် ရောဂါကျရောက်မှုနှုန်း မြင့်မားခြင်း တို့ကို ကြုံတွေ့နိုင်သည်။

    ဖော့စဖောရပ်(P)

    • ဆဲလ်ကွဲခြင်းဖြစ်စဉ်၊ အပင်ကြီးထွားမှု ဖြစ်စဉ်တို့အား အထောက်အကူ ပြုခြင်း၊ အာလူးပင်ကြီးထွားမှု၊ အာလူးဥများစော၍ ဖြစ်ထွန်းခြင်းနှင့် အာလူးဥ အရေအတွက် တိုးပွားခြင်းတို့အား ဖြစ်ပေါ်စေသည်။

    • ဖော့စဖောရပ် အသုံးပြုထားခြင်းအားဖြင့် ဗိုင်းရပ်ရောဂါ ကျရောက်မှု လျော့နည်းစေပါသည်။

    ပိုတက်စီယမ်(K)

     • သကြားဓါတ်အား အပင်တစ်လျှောက်ပို့ဆောင်ခြင်း ဖြစ်စဉ်၊ လေရှူပေါက် (stomata) ဖြစ်စဉ်တို့အား ပိုမို ကောင်းမွန်စေခြင်း နှင့် အင်ဇိုင်း ဖြစ်ပေါ်မှုအား

    ပိုတက်စီယမ် အထောက်အကူ ပြုသောကြောင့် အပင်တွင် ရောဂါကျရောက်မှု နည်းပါးစေသည်။

    • အာလူးကြော်သည့် အချိန်တွင် အရည်အသွေး ကောင်းမွန် စေရန် အဓိကကျသည့် ဒြပ်ခြောက်ပစ္စည်း ပါဝင်မှု (Dry matter) နှုန်း မြင့်မားစေရန် အထောက် အကူ ပြုသည်။

    ကယ်လ်စီယမ်(C)

    - ကယ်လ်စီယမ် ပင်စည်ရိုးတံများအား ပိုမိုသန်မာစေခြင်းအားဖြင့် ရောဂါ ကျရောက်မှုကို သက်သာစေသည်။

    မဂ္ဂနီစီယမ်(Mg)

    • အာလူးပင်၏ အစာချက်လုပ်မှုဖြစ်စဉ် ပိုမိုကောင်းမွန် စေပြီး ချို့တဲ့ပါက အာလူးဥဖြစ်ထွန်းမှုနှုန်း ကျဆင်း၍ ထွက်နှုန်း ကျဆင်းစေပါသည်။ မဂ္ဂနီစီယမ် ချို့တဲ့မှုနှုန်း ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါက အထွက်နှုန်း 15% ထိ ကျဆင်းနိုင်သည်။

    ထို့ပြင် မဂ္ဂနီစီယမ် ချို့တဲ့သည့် အာလူးဥများသည် သယ်ဆောင်ခြင်းနှင့် သိုလှောင်ခြင်း . အချိန်များတွင် လွယ်ကူစွာ ထိခိုက်လွယ်ပါသည်။

    ဆာလ်ဖာ(S)

    • အပင်အတွက် အရေးပါသော အမိုင်နိုအက်စစ်၊ စစ်စတင်း (Cystine) နှင့် မက်သီယိုနင်း (Methionine) ဓါတ်များ ဖြစ်ပေါ်စေရန် အထောက်အကူပြုသည်။ ဆာလ်ဖာချို့တဲ့ပါက အရွက်များသည်အစိမ်းနုရောင်(သို့မဟုတ်) အဝါရောင်ဖြစ်၍ အရေအတွက် နည်းပါး၍ ကြီးထွားမှု နှုန်း ကျဆင်းစေပါသည်။

    အိုင်းရင်း(သံဓါတ်) Fe

    • ကရိုလိုဖီး မော်လီကျူးများ ဖြစ်ပေါ်ခြင်းအား အထောက် အကူပြု၍ အစာချက်လုပ်မှုဖြစ်စဉ် ပိုမို ကောင်းမွန် စေရန် အထောက်အကူ ပြုပါသည်။

    ဘိုရွန်(B)

    • ဆဲလ်နံရံဖြစ်တည်မှုအား အားပေးခြင်း၊ အစေ့အညှောက် ပေါက်ခြင်းနှင့် ဝတ်မှုန်အိတ် ရှည်ထွက်ခြင်း တို့ကို အားပေးသည်။ သကြားဓါတ် သယ်ပို့ခြင်း ဖြစ်စဉ်နှင့် အခြား ဇီဝကမ္မဖြစ်စဉ်များအတွက် အထောက်အကူ ပြုသည်။

    မဂ္ဂနီ(Mn)

    -အလင်းမှီစု အစာဖွဲ့မှုဖြစ်စဉ်တွင် အထောက်အကူပြုသည်။

    ဇင့်(Zn)

    -အပင်ကြီးထွားမှု ဟော်မုန်း (Auxin) ဖြစ်ပေါ်စေရန် အထောက်အကူ ပေးသည်။

    ကော့ပါး (Cu)

    နိုက်ထရိုဂျင် နှင့် ကာဗွန်ဟိုက်ဒရိတ် ဖြစ်ပေါ်စေသောဇီဝကမ္မဖြစ်စဉ်တွင် အထောက်အကူပြုသည်။

    မိုလက်ဒီနမ်(Mo)

     နိုက်ထရိုဂျင်ဓါတ်ကို အသုံးပြုနိုင်စေရန် အတွက် အင်ဇိုင်းများ အား ဖြစ်ပေါ်စေရန် အထောက်အကူပြုသည်။

    Fresh Studio Myanmar/EAT VAG မှ ကူးယူဖော်ပြပါသည်။

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်



  • article
  • article
  • article
  • article
likes12comments0
views150views2735