cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြီးထွားမြန် ပေါ်လိုနီးယားသစ်ပင်

. စိုက်ပျိုးနည်းစနစ်များ
ပေါ်လိုနီးယားပင်သည် လျှင်မြန်စွာကြီးထွားလွယ်သော သစ်မာမျိုးဖြစ်ပြီး၃ နှစ်မှ စတင်၍ခုတ်လှဲရောင်းချနိုင်သည့် သစ်မာမျိုးဖြစ်သည်။ ပေါ်လိုနီးယားသည် အရှေ့တောင် အာဖရိကမျိုးနွယ်ဝင်ဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရေလွှာလျောစီဘုတ်များမှအစ ဇီဝလောင်စာထုတ်လုပ်မူ့အထိ အသုံးပြုကြကြောင်းသိရှိရပါသည်။
  • ပေါ်လိုနီးယားသစ်မာအမျိုးအစားဖြစ်ခြင်းကြောင့်လည်းကောင်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျေနပ်ဖွယ်ကောင်းသည့် စျေးကွက်လိုအပ်ချက်ကိုရရှိထားကြောင်း သိရှိရပါသည်။

    ပေါ်လိုနီးယားအပင်သည် မြောက်အမေရိကသစ်တောပြုန်းတီးမူ့ ပြဿနာဖြစ်ပေါ်လာချိန် နောက်ပိုင်းတွင် လျှင်မြန်စွာ ပြန်လည်ကြီးထွားနိုင်သည့် အပင်အမျိုးအစားဖြစ်ကြောင်း လေ့လာမူများပြုလုပ်သိရှိခဲ့ရသည်။ အမြစ်နက်ရှိုင်းစွာဆင်းနိုင်ပြီး အမြစ်ကုတ်အားကောင်း၍ တောင်စောင်းများတွင်လည်း ကြံ့ခိုင်စွာပေါက်ရောက်နိုင်ပါသည်။

    ပေါ်လိုနီးယားသည် အပေါဆုံးကျွန်းသစ် အမျိုးအစားအဖြစ်သိကြပြီး အလူမီနီယမ်ကျွန်းဟုပင်တင်စား ခေါ်ဝေါ်ကြသည်။ လက်ရှိအချိန်တွင် ဥရောပတွင် စိုက်ပျိုးနေသည့် အပေါဆုံးစီးပွားရေးသစ်များထက် ၃ ပုံလျှင် ၂ပုံအထိ ပိုမိုပေါသည်။ ဝက်သစ်ချပင်များထက် ၃ဆခန့် ပေါ့ပါးပြီး ထင်းရှုးပင်ထက် ထက်ဝက်ခန့်ပေါ့ပါးကြောင်း သိရပါသည်။

    ပေါ်လိုနီးယား၏ မာကြောမူ့မှာ အလေးချိန်အချိုးတူညီသည့် အခြားသော သစ်များထက် မာကြောမူ့အရှိဆုံးဖြစ်ပါသည်။ Aubum တက္ကသိုလ်မှ တိုင်းတာခဲ့ရာ ပေါ်လိုနီးယားသည် တစ်ကုဗပေဖိအားတွင် ခံနိုင်ရည် ၁၈၁ ပေါင်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးရာတွင်လည်း ကျင်းနက်ရှိုင်းစွာတူးရန်မလိုအပ်ပဲ စိုက်ပျိုးနိုင်သည်။ ပေါ်လို နီးယားသည် မီးမကူးနိုင်သည့် အပင်အမျိုးအစားဖြစ်သည်။ အခြားသော ဝိသေသလက္ခဏာများမှာ အသားကျစ် ခြင်း၊ အလွန်ကောင်းသည့် တည်ငြိမ်မူ့ရှိခြင်း၊ အင်းဆက်ပိုးမွှားဒဏ်ခံနိုင်ခြင်း၊ မှိုတက်ပုပ်ဆွေးခြင်းကို ခံနိုင်ခြင်း တို့ဖြစ်သည်။

    ပေါ်လိုနီးယားပင်အား တရုတ်နှင့်ဂျပန်နိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက အသုံးပြုခဲ့ကြပါသည်။ ယခုအချိန်တွင် သြစတြေးလျ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ပေါ်လိုနီးယားပင်၏ ထူးခြားကောင်းမွန်သော ဝိသေသလက္ခဏာများကြောင့် အဓိကသုံးစွဲလာကြသည်။

    ပေါ်လိုနီးယားဖြင့် ပြုလုပ်သော အဓိကထုတ်ကုန်များမှာ ပိုးမွှားဒဏ်ခံနိုင်ခြင်းကြောင့် အိမ်ဆောက်လုပ်ခြင်း၊ အခြားသောအဆောက်အဦးများဆောက်လုပ်နိုင်ခြင်း၊ ပရိဘောဂပစ္စည်းများ၊ ရေလွှာလျောစီးဘုတ်များ၊ အသံနှင့်ပတ်သတ်၍ ပြုလုပ်ရသော တူရိယာပစ္စည်းများ၊ စက္ကူပြုလုပ်ရန် ပျော့ဖတ်များ၊အက်စစ်နှင့်ဝိုင်များ သိုလှောင်ထားရန်စည်များ၊ ပျားအိမ်များ၊ ကြိတ်သားများအတွက် အပေါ်ယံအလွှာများ၊ လေယာဉ်ပျံများနှင့် သင်္ဘောငယ်များ အစရှိသည့်တို့တွင် ထည့်သွင်းအသုံးပြုရန် လိုအပ်သည့် ပေါ့ပါးမူ့ရှိသည့်အတွက် အစိတ်အပိုင်းငယ်များပြုလုပ်ခြင်း၊ ကြမ်းခင်းပြားများ အဓိက အသုံးပြုကြပါသည်။ ပေါ်လိုနီးယားအသားဖြင့် ပြုလုပ်ထားသည့် ရေလွှာလျောစီးဘုတ်များသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နာမည်ရလာခဲ့သည်။ ပေါ်လိုနီးယားအပင်တစ်ပင် ဖြစ်ထွန်းအောင်မြင်သွားလျှင် အပင်များစွာပွားယူနိုင်ကြောင်း လေ့လာသိရှိရပါသည်။

    ပေါလိုနီးယား(ကျွန်းသစ်)သည် ယခုအချန်တွင် ရောင်းဝယ်နေသည့်ဈေးကွက် မရှိသေးသော်လည်း စိုက်ပျိုးသူတောင်သူများအနေဖြင့် ပေါလိုနီးယားကျွန်းသစ်များပေါ်ချိန်တွင် ပရိဘောဂပြုလုပ်ရာ၌ လည်းကောင်း၊ အိမ်ဆောက်ရာ၌လည်းကောင်း အသုံးပြုရန်နှင့် ပူပြင်းလွန်းသည့် ဝမ်းတွင်းဒေသအား ရာသီဥတုမျှတရန်အတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဖြစ်ရန်အတွက် မျှော်မှန်း၍စိုက်ပျိုးကြကြောင်း စိုက်ပျိုးတောင်သူ ဦးထွန်းလူမှ စိုက်ပျိုးဖြစ်သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပါသည်။ထို့ကြောင့် ပေါ်လိုနီးယား(ကျွန်းသစ်)အပင်အား တစ်ပိုင်တစ်နိုင်သာမက စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း ယခုလက်ရှိ စိုက်ပျိုးနေသော တောင်သူဦးထွန်းလူပြောကြားချက်အရ သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာန

    မန္တလေးတိုင်းဒေသကြီး

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 


  • article
likes16comments5
views102views2752