cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးစိုက်ပျိုးမည့် မြေ၏ အဟာရဓါတ်များအား သိရှိစေရန် ဓါတ်ခွဲခန်းပို့၍ စမ်းသပ် စစ်ဆေးခြင်း

. အပင်အာဟာရ
စိုက်ပျိုးမည့် မြေ၏ အဟာရဓါတ်များအား သိရှိစေရန် ဓါတ်ခွဲခန်းပို့၍ စမ်းသပ် စစ်ဆေးခြင်း။

ဘာကြောင့်ဆောင်ရွက်သင့်ပါသနည်း။

မြေကြီး အတွင်းရှိ အဟာရ ဓါတ် အခြေအနေကို မစိုက်ပျိုးမှီတွင် သိရှိနိုင်၍ မြေဩဇာများကို မည်ကဲ့သို့ထည့်သွင်းရမည်ကို ကြိုတင် တွက်ချက် ဆုံးဖြတ်နိုင် ပါသည်။

  • မြေကြီး အဟာရဓါတ်အား .. ကြိုတင်တွက်ချက်ထားသဖြင့် အထက်တွင် ဖော်ပြထားသည့် ချို့တဲ့မှုများအား လျော့နည်း စေနိုင်ပါသည်။

    ဓါတ်ခွဲစမ်းသပ်မှု ဆောင်ရွက်ရာတွင် စမ်းသပ်ချိန်အတွက် ရက် အနည်းငယ်၊ ကုန်ကျစရိတ် အနည်းငယ်ရှိသော်လည်း ရရှိသည့် အချက်အလက်များအားဖြင့် မိမိစိုက်ခင်းအား ရေရှည်တည့်တံ့သော အထွက်နှုန်း ရရှိစေရန် အထောက် အကူ ပြုသည်။ ဘာတွေစမ်းသပ်ဖို့လိုအပ်ပါသလဲ။

    1.pH (ချဉ်ငံကိန်း)

    2. EC

    3.ဩဂဲနစ်ကာဗွန်

    4. မြေဆွေးဓါတ် (Humus)

    5. မြေ၏ဖွဲ့စည်းမှုပုံစံ အခြေအနေ (Soil texture) နှင့်

    6. မြေတွင်းရှိ အဟာရဓါတ်များ (N,P,K,Ca, Mg, S) တို့အား တိုင်းတာ စမ်းသပ်ရန် လိုအပ်ပါသည်။

    pH (ချဉ်ငံကိန်း)

    မြေ၏ချဉ်ငံကိန်း (Soil pH)သည် မြေတွင်းရှိ အက်ဆစ်ဓါတ် နှင့်အဲကာလီဓါတ်(acidity or alkalinity) တို့၏အခြေအနေအနေ အား သိရှိနိုင်ရန်အတွက် ဟိုက်ဒြိုဂျင်အိုင်းရွမ်း (Hydrogenions) ၏တန်ဖိုးအား တိုင်းတာခြင်းဖြစ်သည်။

    မိမိစိုက်ပျိုးမည့် သီးနှံပေါ်လိုက်၍ သင့်တော်သော ချဉ်ငံကိန်း(pH) ရှိရန် လိုအပ် ပါသည်။ သို့မှသာ အပင်ကြီးထွားနှုန်းကောင်းမွန် နိုင်ပါသည်။ အာလူးစိုက်ပျိုးရန် အတွက် ချဉ်ငံကိန်း 5.5 - 6.5 . အကောင်းဆုံး ဖြစ်သည်။အာလူးစိုက်ပျိုးရန်အတွက် pH ပမာဏသည် သတ်မှတ်ထားသည့် ထက်များနေပါက (ammonium nitrate, urea (ပုလဲ), ammonium sulfate (ဆာလ်ဖာပုလဲ), monoammonium phosphate,diammonium phosphate) အစရှိသည့် ဓါတုမြေဩဇာများ အသုံး ပြုခြင်း အားဖြင့် လျော့ချနိုင်သည်။ချဉ်ငန်ကိန်း နိမ့်နေပါက ဇီဝမြေဩဇာ တမျိုးမျိုးမြေခံတွင် ထည့်ပေးခြင်း အားဖြင့် ထိန်းညှိ ပေးနိုင်သည်။

    pH 5.5 အောက် ကျဆင်း နေသော မြေကြီးသည် အပင်အတွက် အဟာရ စုပ်ယူမှုတွင် ... အဟန့်အတား .. ဖြစ်စေသည့်အပြင် အလူမီနီယမ်၊ အိုင်းရင်းနှင့် မဂ္ဂနီအစရှိသည့် အဟာရ အဆိပ်သင့်မှုများ ဖြစ်ပေါ် နိုင်သည်။

     EC၊ဩဂဲနစ်ကာဗွန်၊မြေဆွေးဓါတ် (Humus) မြေ၏ဖွဲ့စည်းမှုပုံစံ အခြေအနေ (Soil texture) နှင့် မြေတွင်းရှိ အဟာရဓါတ်များ (N,P,K,Ca, Mg, S) တို့အား ဆက်လက်ဖော်ပြသွားပါမည်။

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
likes14comments0
views83views3090