လယ်သမား
. စိုက်ပျိုးနည်းစနစ်များ
လယ်သမား
ဆောင်းဦးရာသီပါ
ဆောင်းဦးရာသီပါ
မြောက်လေပြာပြာတွေတည်ငြိမ်စီးမြော
ငါချစ်သောလယ်ခင်းကလေးမှာ
အဝါရောင်တွေပွင့်ပြီ
သူ့အတွက်...
ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက်...
မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့...
ငါချစ်သောလယ်ခင်းကလေးမှာ
အဝါရောင်တွေဝေပြီ
မြတ်နိုးခွင့်ကို
လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင်
စောင့်ရှောက်ခဲ့ရတဲ့ညများမှာ
ငါဟာ...
တမျော်တခေါ်အလင်းဝိုးဝါး
ရေတွင်းကလေးလို
ကို့ရင်ထဲက ရေစင်တွေကို
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
1995...
ငါဟာ
ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့
တာရာမင်းဝေ


