cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆားခါး (သို့မဟုတ်)လူသိနည်းသောမြေသြဇာတစ်မျိုး

. အပင်အာဟာရ
ဝမ်းနုတ်ဆေးတစ်မျိုးအဖြစ်လူသိများသောဆားခါး(Epsom salt)၏ဓာတုဗေဒအမည်မှာ မဂ္ဂနီစီယမ်ဆာလဖိတ်(MgSo4 7H2O)ဖြစ်သည်။ဆားခါးတွင်Mg ရာခိုင်နှုန်း(၁၁)ရာခိုင်နှုန်းနှင့်ဆာလ်ဖာခေါ်ကန့်ဓာတ်(၁၃)ရာခိုင်နှုန်းပါဝင်သည်။
  • မဂ္ဂနီစီယမ်မှာ အပင်များတွင်မရှိမဖြစ်လိုအပ်သောဒြပ်စင်(၁၇)မျိုးအနက် သာမညအများလို(Secondary Macroelement)အုပ်စုမှ ဓာတ်စင်တစ်မျိုးဖြစ်သည်။ မဂ္ဂနီစီယမ် မရှိလျှင်အပင်တို့၏ အစိမ်းရောင်ခြယ်ကလိုရိုဖီးလ်မရှိနိုင်။ ကလိုရိုဖီးလ်မရှိလျှင် အစိမ်းရောင်အပင်များ ဤကမ္ဘာတွင်မရှိနိုင်ပေ။ အစိမ်းရောင်အပင်များမှာ ကမ္ဘာပေါ်ရှိသက်ရှိများအတွက် စားသုံးရန်အစာနှင့်အသက်ရှုရန် အောက်စီဂျင်ပံ့ပိုးပေးရာအခြေခံဖြစ်သောကြောင့် အပင်စိမ်းများမရှိလျှင်ဤကမ္ဘာတွင်သက်ရှိများမရှိနိုင်ပါ။ထို့ကြောင့်သက်ရှိလောကစိုက်ပျိုးရေးလုပ်ငန်းတွင် မဂ္ဂနီစီယမ်မည်မျှအရေးပါလျှက်ရှိသည်ကိုခန့်မှန်းနိုင်မည်ဖြစ်သည်။ အပင်များအတွင်း မဂ္ဂနီစီယမ်(၀.၁)မှ(၀.၄)ရာခိုင်နှုန်းအထိပါဝင်သည်။ အပင်အတွင်းရှိ မဂ္ဂနီစီယမ်များ၏(၁၅)မှ(၂၀)ရာခိုင်နှုန်းမှာကလိုရိုဖီးလ်အတွင်းပါဝင်လျက်ရှိသည်။

     မဂ္ဂနီစီယမ်ကိုအများဆုံးစားသုံးသောအပင်များ

    အပင်အားလုံးအတွက်မဂ္ဂနီစီယမ်မှာ မရှိမဖြစ်လိုအပ်သောအာဟာရဒြပ်စင်တစ်မျိုးဖြစ်သော်လည်း အချို့သောအပင်များက

    မဂ္ဂနီစီယမ်ကိုအခြားအပင်များထက်ပိုမိုစားသုံးကြသည်။ယင်းတို့မှာ-ဆီအုန်း၊အုန်း၊လိမ္မော်မျိုးနွယ်အပင်များ(Citrus)၊သစ်သီးပင်များ(Fruit trees)၊ဆေးရွက်ကြီး၊အာလူး၊ခရမ်းချဉ်၊ကော်ဖီ၊နာနတ်၊ပြောင်း၊ပဲပုပ်၊ကြံ၊စပျစ်၊ဝါ၊ငှက်ပျော၊ရော်ဘာ၊သစ်သီးပင်များတို့ဖြစ်သည်။

    သာမာန်အပင်များသည် မဂ္ဂနီစီယမ်ကိုစိုက်ပျိုးမြေတစ်ဟက်တာ(၂.၄၇ဧက)တွင်(၁၅)ကီလိုမှ(၄၀)ကီလိုအထိစားသုံးကြသည်။ငှက်ပျောပင်က(၈၄)ကီလို၊ ဆီအုန်းနှင့်အုန်းပင်က(၃)ကီလိုတစ်ပင်နှုန်းထား၊သကြားမုန်လာက(၆၀)ကီလို၊ကြံက(၅၄)ကီလို၊သရက်က(၄၈)ကီလို၊ဥကန်စွန်းက(၄၅)ကီလို၊ဂေါ်ဖီထုပ်က(၃၆)ကီလိုနှင့် သခွားနှင့်ပဲများက(၃၆)ကီလိုစားသုံးကြသည်။

    မဂ္ဂနီစီယမ်စားသုံးမှုအနည်းဆုံးသောအပင်များမှာ

    စပါး၊ဂျုံ၊မြက်များနှင့်အယ်ဖာဖာခေါ်သောပဲတစ်မျိုးဖြစ်သည်။မဂ္ဂနီစီယမ်စားသုံးခြင်း၏အကျိုးရလဒ်ကို ငှက်ပျောပင်၌သုတေသနပြုလေ့လာရာတွင်အဓိကအာဟာရ(၃)မျိုးဖြစ်သောအန်ပီကေနှင့်မဂ္ဂနီစီယမ်(NPK+Mg) စားသုံးသောအပင်နှင့် အန်ပီကေ(NPK)သာစားသုံးရသောအပင်များ၏အထွက်နှုန်းမှာ(၅၂)ရာခိုင်နှုန်းသာရှိကြောင်းတွေ့ရှိရသည်။

    မဂ္ဂနီစီယမ်ချို့တဲ့ခြင်း

    ကမ္ဘာ့စိုက်ပျိုးမြေအများတွင်မဂ္ဂနီစီယမ်ချို့တဲ့မှုဖြစ်နေသည်။မဂ္ဂနီစီယမ်ချို့တဲ့ရခြင်းအကြောင်းမှာ-

    ၁။မိုးများသောစိုစွတ်သောဒေသများတွင်မြေဆီလွှာအတွင်းမှမဂ္ဂနီစီယမ်နှင့်တကွအခြားဓာတ်ဖိုများစိမ့်ယိုပျောက်ဆုံးခြင်းကြောင့်

    ၂။မြေဆီလွှာအတွင်းအချဉ်ဓာတ်ဖြစ်ပေါ်မှုများကြောင့်မဂ္ဂနီစီယမ်လျော့ပါးသွားခြင်း

    ၃။မြေဆီလွှာအတွင်းအလူမီနီယမ်ခေါ်ဒန်ဓာတ်များပြီးချဉ်လာခြင်း၊အလူမီနီယမ်အဆိပ်သင့်ခြင်းကြောင့်

    ၄။ပိုတက်စီယမ်မြေသြဇာများအသုံးများလာသောအခါပိုတက်စီယမ်၊မဂ္ဂနီစီယမ်အချိုးK:Mg ratio ပြောင်းပြီးမဂ္ဂနီစီယမ်ချို့တဲ့လာခြင်းတို့ကြောင့်ဖြစ်သည်။

    မဂ္ဂနီစီယမ်နှင့်နိုက်ထရိုဂျင်အချိုး MgO:N Ratio

    ကြံ၊နာနတ်၊ဆီအုန်း၊အုန်း၊ရော်ဘာနှင့်ငှက်ပျောတွင်မဂ္ဂနီစီယမ်နှင့်နိုက်ထရိုဂျင်အချိုးမှာ(၀.၄)မှ(၀.၇)ရှိရန်လိုအပ်သည်။ဝါ၊ဆေးရွက်ကြီး၊အာလူးနှင့်သရက်တွင်ကား

    မဂ္ဂနီစီယမ်နိုက်ထရိုဂျင်အချိုးမှာ(၀.၃)မှ(၀.၄)လိုအပ်သည်။မြေဆီလွှာအတွင်းအလူမီနီယမ်အဆိပ်သင့်ခြင်းကိုသက်သာစေခြင်းမြေဆီလွှာအတွင်းအလူမီနီယမ်ခေါ်ဒန်ဓာတ်များကြောင့်

    အချဉ်ဓာတ်လွန်ကဲခြင်းအဆိပ်သင့်ရသောအခါသီးနှံပင်များ၏အမြစ်များကိုလွန်စွာထိခိုက်စေပါသည်။ထိုအမြစ်များကအခြားအာဟာရများကိုစုပ်ယူခြင်းကိုခက်ခဲစေသည်။

    အဟန့်အတားဖြစ်စေသည်။ထိုအခြေအနေမျိုးတွင်ဆားခါးအသုံးပြုပါကအလူမီနီယမ်အဆိပ်သင့်ခြင်းကိုအတိုင်းအတာတစ်ခုအထိပြေပျောက်စေပါသည်။

    ဆားခါးကိုမြေသြဇာအဖြစ်အသုံးပြုနှုန်း

    လူသုံးဝမ်းနုတ်ဆေးအဖြစ်အထူးသန့်သောဆားခါးများရှိသကဲ့သို့သာမာန်စိုက်ပျိုးရေးသုံးဆားခါးများလည်းစျေးကွက်တွင်ရရှိနိုင်သည်။မဂ္ဂနီစီယမ်ချို့တဲ့မှုမဖြစ်စေဘဲသီးနှံများနှစ်အတော်ကြာ

    မဂ္ဂနီစီယမ်ဓာတ်ရရှိနေစေရန်မြေဆီလွှာသို့ထည့်ရာတွင်တစ်ဧကအတွက်ပေါင်ချိန်(၅၀)မှ(၁၀၀)အထိအသုံးပြုကြသည်။ (၂.၂ပေါင်=၁ကီလို)ဆားခါးသည်ရေတွင်လွယ်ကူစွာပျော်ဝင်နိုင်သောကြောင့်အရွက်ဖျန်းမြေသြဇာအဖြစ်လည်းအသုံးပြုနိုင်သည်။

    အများအားဖြင့်ဆားခါး(၁၅)ပေါင်ကိုရေဂါလန်(၁၀၀)တွင်ဖျော်၍အရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုကြသည်။

    နိဂုံး

    မြန်မာနိုင်ငံ၌နှင်းဆီစိုက်ပျိုးသူများကဆားခါးကိုမြေသြဇာတစ်မျိုးအဖြစ်လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်အသုံးပြုခဲ့ကြသည်။

    နှင်းဆီပင်ကိုဝမ်းနုတ်ပေးခြင်းဟုဆိုသည်။သို့သော်သီးနှံအမျိုးမျိုးစိုက်ပျိုးသူအများစုကဆားခါးကိုမဂ္ဂနီစီယမ်မြေသြဇာတစ်မျိုးအဖြစ်အသုံးမပြုကြသေးပေ။

    သီးနှံအားလုံးမှာဆားခါးကိုလိုအပ်သည်။အထူးသဖြင့်မိုးများ၊သဲဆန်သောမြေမျိုးတွင်ပို၍လိုအပ်သည်။မြေချဉ်များတွင်လည်းလိုအပ်သည်။သာမာန်အပင်များထက်မဂ္ဂနီစီယမ်ကိုပိုမိုစားသုံးသော

    သီးနှံများဖြစ်သည့်အုန်း၊ဆီအုန်း၊ငှက်ပျော၊ရော်ဘာ၊လိမ္မော်မျိုးနွယ်အပင်များ၊သစ်သီးပင်များ၊နာနတ်၊ဆေးရွက်ကြီး၊ကြံ၊စပျစ်၊ခရမ်းချဉ်၊အာလူး၊ဥကန်စွန်းတို့ကိုအလေးထားကျွေးရန်လိုအပ်သည်။

    ဆားခါးကိုမြေသြဇာအဖြစ်အသုံးပြုရသောအရင်းအနှီးအနည်းငယ်မှအကျိုးအမြတ်ပမာဏကြီးစွာကိုရရှိနိုင်ပါသည်။

     စိုက်ပျိုးရေးသယံဇာတများနှင့်အခြားစိုက်ပျိုးရေးဆောင်းပါး(ဦးဖရက်သိန်းဖေ)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes21comments6
views383views2341