cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရောင်းအဝယ်အေးသွားသည့် အတွက် အမြင့်စျေး ရောက်နေသည့် ကြက်သွန်စျေးအနည်းငယ် ကျဆင်း

. ဈေးကွက်
ကြက်သွန်စျေးကနည်းနည်းပြန်အေးသွားတယိလို့ပြောရမယ်၊ စောစောပိုင်း က တော်တော်လေး တက်လိုက်တာ ၊၁၃၀၀တန်ကနေ့ မထင်ထားလောက်တဲ့ အထိ တက်သွားတာ
  • အရောင်းဝယ်အေးသွားသည့် အတွက် အမြင့်စျေး ရောက်နေသည့် တောကြက်သွန်စျေး အနည်းငယ် ကျဆင်းသွား ကြောင်း ကြက်သွန် ကုန်သည်များ မှသိရသည်။


    ယခုနှစ်နွေကြက်သွန် အထွက်နည်းခဲ့ သည့် အတွက် ကြက်သွန်စျေး မှာ အမြင့်စျေးတွင် ရှိနေပြီး လက်ရှိ ပြည်ပ အဝယ် နည်းသွားသည့် အတွက် အနည်းငယ် ကျဆင်းသွား ခြင်းဖြစ် ကြောင်းလည်း

    သိရသည်။


    သို့သော် ယခု စျေးမှာ ပြီးခဲ့သည့် နှစ်ဖြင့်ယှဉ်လျှင် အတက်စျေး မှာရှိနေသေးသည့်ဟု ပြောလို့ရကြောင်း တောင်သူများက ပြောသည်။


    “ ကြက်သွန်စျေးကနည်းနည်းပြန်အေးသွားတယိလို့ပြောရမယ်၊ စောစောပိုင်း က တော်တော်လေး တက်လိုက်တာ ၊၁၃၀၀တန်ကနေ့ မထင်ထားလောက်တဲ့ အထိ တက်သွားတာ တောစျေး၂၀၀၀ထိဖြစ်သွားတယ်။ အခုလက်တလော နိုင်ငံခြား အဝယ်နည်းသွားတယ်။သိပ်အား မပါတော့ ၁၈၀၀စျေး နဲ့ ငြိမ်နေတာ။ “ဟုမြင်းခြံ မှ ကြက်သွန် စိုက်ပျိုး ရောင်းချသည့် ကုန်သည် ကိုသက်ဖြိုး ကပြောသည်။


    ပြီးခဲ့သည့် အပတ်က ပြည်ပ အဝယ်ဆွဲကာ အရောင်းဝယ်ကောင်းခဲ့သည့် အတွက် ကြက်သွန်တစ်ပိဿာလျှင်တောစျေး၂၀၀၀ခန့်အထိ ရှိခဲ့ ပြီး လတ်တလော အရောင်းအဝယ်အေးသွားသည့် အတွက် တစ်ပိဿာလျှင် ၁၈၀၀ စျေး ဖြင့် ငြိမ်နေကြောင်း သိရသည်။


    ကြက်သွန်စျေး မှာ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်ကာ စျေးနှုန်းများပြောင်းလဲနိုင်ကြောင်းလည်းသိရသည်။


    “ အခုလက်ရှိ စျေးတန်းကတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ အမြတ်အစွန်းကတော့ အစစအရာရာစျေးတက်နေတော့စိုက်စရိတ်က မြင့်သွားတယ်၊ဒါကြောင့် ပြန်ရတဲ့ အမြတ်အစွန်း ကတော့ နည်းတာပေါ့။ “ဟု မကွေးတိုင်းဒေသကြီးမှ ကြက်သွန်စိုက်တောင်သူ တစ်ဦး ကပြောသည်။


    ယခုနှစ် နွေကြက်သွန်အထွက်နှုန်း မှာ စိုက်နိုင်သည့် ဒေသများတွင် သုံးပုံ တစ်ပုံခန့် ထိ လျော့ကျခဲ့ပြီး အခြေအနေ အမျိုးမျိုး ကြောင့်လုံဝ မစိုက်နိုင် သည့် ဒေသများ လည်းရှိကြောင်း ကြက်သွန်စိုက်ပျိုးရောင်းချသူများ က သုံးသပ်ကြသည်။


    လက်ရှိ စျေးကွက်တွင် မြစ်သား ကြက်သွန် များမှာ စျေးကွက် အမြင့်ဆုံး နှင့် အရောင်းဝယ်ပိုဖြစ်ကြောင်းသိရသည်။


    “ ကြက်သွန်နီစျေးတွေ က ပြန်တက်နေတယ်။ ကြက်သွန် အသေး လေးတွေ အသေးဆုံး ကိုပဲ တပိဿ ၂၃၀၀ စျေး နဲ့ဝယ်ရတယ်။ ကျန်တဲ့အရွယ်တွေ က ၂၆၀၀ နဲ့ အထက် အစား စား ဝယ်ရတယ်။ “ ဟု သင်္ဃန်ကျွန်းမြို့နယ် နေသူ မဆုမြတ် ပြောသည်။


    လက်ရှိ ရန်ကုန်စျေးကွက်တွင် ဆိပ်ဖြူ တစ်ပိဿာလျှင် ၁၅၀၀ မှ ၁၇၀၀ ၊မြစ်သာ တစ်ပိဿာလျှင် ၁၅၀၀ မှ ၂၅၀၀ ၊မြင်ခြံ တစ်ပိဿာလျှင် ၁၅၅၀ မှ ၁၆၅၀ထိ စျေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပွဲရုံတချို့ ထံမှ သိရသည်။


    ကြက်သွန်နီကို လက်ရှိ တရုတ်၊မြဝတီ ၊ဘင်္ဂလာဒေ့ရှ် ကို ပုံမှန် တင်ပို့နေခြင်းဖြစ်ပြီး ၈လပိုင်း နှင့် ၉လပိုင်း တွင် ကြက်သွန်ရှားကာစျေးတက်လာနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ပွဲရုံတွေ များ မှသုံးသပ်ပြောထားခြင်းများ ရှိသည်။


    လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်သွင်းအားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများစွာရှိ နေ ကြောင်း သိရသည်။


    လက်ရှိ သွင်းအားစုများ စျေးကြီးနေသည့် အတွက် မြေဩဇာကောင်းကောင်းမသုံးနိုင်ပါက အထွက်နှုန်း နည်း ကာ အရည်အသွေးလည်း ကျဆင်းနိုင်ကြောင်း ကြက်သွန်ကုန်သည်များက ပြောဆိုသည်။


    လက်ရှိ စျေးကွက်တွင် နွေကြက်သွန် များ အရောင်းအဝယ် လုပ် နေခြင်း ဖြစ်ပြီး ၁၁လပိုင်း နှင့် ၁၂လ ပိုင်းမှာ သာ မိုးကြက်သွန် စတင်စိုက်ပျိုးကြမည်ဖြစ်ကြောင်းသိရသည်။


    ဖိုးချဲ (AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views113views1932