cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာဘာပင်အတွက်လိုအပ်တဲ့ အာဟာရ(၄)မျိုး

. အပင်အာဟာရ
အားလုံးမင်္ဂလာပါဗျ

ဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ကျွန်တော်တို့ ရာဘာပင်တွေအတွက် လိုအပ်တဲ့ အာဟာရ (၄)မျိုး၏ရာဘာပင်များအပေါ်ဘယ်လိုအကျိုးသက်ရောက်မူ့ရှိသလဲဆိုတာကို ဗဟုသုတအနေနဲ့မျှဝေပေးမှာဖြစ်ပါတယ်။

  • ရော်ဘာပင်များကြီးထွားနှုန်းကောင်း၍ အထွက်နှုန်း လည်း ကောင်းစေရန် အဓိကလိုအပ်သောဓါတ် (4) မျိုးဖြစ် သည့် N, P, K, Mg သည်အဓိကကျပါသည်။

    နိုက်ထရိုဂျင်ဓါတ်

    နိုက်ထရိုဂျင်ဓါတ်သည်အကိုင်းအခက်အရွက်များကို ဝေဆာ စေပါသည်။ ပင်စည်ကိုလည်းကြီးထွားစေပါသည် ရော်ဘာအစေး ထွက်ကောင်းစေရန် လိုအပ်သည့် အရည်အသွေး ကောင်းများ ဖြစ်ပါသည်။ နိုက်ထရိုဂျင်ဓါတ် ချို့တဲ့ပါက အပင်လုံးပတ်ကြီး ထွား မှုနဲခြင်း၊ အစေးလှီးနိုင် သောအရွယ်ရောက်နှေးခြင်း၊ အစေးထွက် ကျခြင်း၊ ရွက်အုပ်အားနည်းခြင်း၊ အရွက်အစိမ်းရောင်ဖျော့၍ ခြောက်သွေ့ ခြင်းတို့ဖြစ်ပေါ်စေပါသည်။ သို့သော် N ဓါတ်လွန်ကဲလျှင် အပင်ကို ပျော့နွဲ့စေသောကြောင့် ပင်စည်နှင့် အကိုင်းအခက် များ ကျိုးခြင်း၊ရောဂါနှင့်ပိုးမွှားကျရောက်လွယ်ခြင်း စသည့်ဆိုးကျိုးများ ဖြစ် ပေါ် စေပါသည်။

    ဖေါ်ပြပါ ဆိုးကျိုးများကာကွယ်ရန် ရော်ဘာတွင် မြေသြဇာ များကို Nနှင့် K ဓါတ် များ ကို အချိုးကျရောစပ် သုံး စွဲကြပါသည်။ ထိုဓါတ်နှစ်မျိုးသည်ရော်ဘာပင်များ အား စုံတွဲသဘောဖြင့် အကျိုးပြု နိုင်ပါသည်။ အပြန်အလှန် အကျိုးပြုသော တွဲဘက်အာနိသင်ဖြစ် ပါသည်။

    ဖော့စဖိတ်ဓါတ် (P)

    အပင်ငယ်စဉ်မှစ၍ အမြစ်အားကောင်းစေရန်နှင့် အပင်ကြီး ထွားနှုန်းအားကောင်းစေရန်ဖေါ့စဖိတ်ဓါတ်သည်အမြစ်နှင့် အပင်ကြီး ထွားမှု ကြားခံ အာနိသင်ရှိပါသည်။ (P) ဓါတ်များသည် မြေထဲ၌ နှစ်ရှည်အာနိသင်ရှိသောထူးခြားသည့် ဓါတ်တစ်မျိုးဖြစ်ပါသည်။ မိုး များသောကြောင့် စိမ့်ရေဖြင့်လေလွင့်ဆုံးရှုံးမှုမရှိပါ။

    ပိုတက်ဓါတ် (K)

    ပိုတက်ဓါတ်သည် ရေစုပ်အားကောင်းသောကြောင့် ရော်ဘာ အထွက်နှုန်းကိုလည်းတိုးစေပါသည်။လေဒါဏ်၊ မိုးဒါဏ်၊ ရောဂါဒါဏ် ကိုလည်းခံနိုင်ရည်ရှိပါသည်။ယင်းဓါတ်ချို့တဲ့သော အရွက်များ တွင် ရောင်မညီကွက်ကြားဖြစ်ကာ ခြောက်၍ကြွေတတ်ပါသည်။ အပင်ကြီး ထွားနှုန်းနှေး၍ အထွက်နှုန်းကျဆင်းပြီး ရောဂါခံနိုင်မှုအားနည်း ပါသည်။ နိုက်ထရိုဂျင်များလွန်းပါက ပိုတက်ဆီယံဓါတ်ထည့်၍ ပြုပြင်ပေး ရပါသည်။

    မဂ္ဂနီဆီယမ် (Mg)

    မဂ္ဂနီဆီယမ်ချို့တဲ့လျှင်ရော်ဘာပင်များအရွက်သေးငယ်ခြင်း၊ အရွက်ကြွေမြန်ခြင်း၊အပင်ကြီးထွားနှုန်းနှေးခြင်း အထွက်နည်းခြင်း ကိုဖြစ်ပေါ်စေပါသည်၊ မဂ္ဂနီဆီယမ်ချို့တဲ့ပါက အရွက်ဧရိယာ အနားမှ အတွင်းဘက်အတိုင်း ပျံ့နှံ့ပြီး ငါးရိုးသဏ္ဍာန်ဖြစ်ပေါ်၍ နေရောင်နှင့် တိုက်ရိုက်ထိသော အရွက်ရင့်များဝါပြီး ခြောက်သွားပါသည်။

    မဂ္ဂနီဆီယမ်နှင့်ပိုတက်ဆီယမ်ဓါတ်သည်တွဲပြီး အပင်အတွက် အကျိုးပြုပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ မိုးများသောဒေသများ တွင် မဂ္ဂနီဆီယမ်ဓါတ် ချို့တဲ့သောကြောင့် အလုံအလောက် အသုံး ပြုသင့်ပါသည်။

    မြေဩဇာကျွေးရန်အကောင်းဆုံးအချိန်ကတော့မိုးဉီးမေလနှင့်ဇွန်လမိုးတစ်ကြိမ်နှစ်ကြိမ်ရွာပြီးမြေအစိုဓာတ်ရသည်နှင့် ကျွေးသင့်ပါသည်။

    မိုနှောင်းမြေဩဇာကျွေးရန်အကောင်းဆုံးအချိန်ကတော့မိုးကုန်ခါနီးစက်တင်ဘာလနှင့်အောက်တိုဘာလမြေအစိုဓာတ်မကုန်မီ ကျွေးသင့်ပါသည်။

    ယနေ့မျှဝေရေးသားချက်များတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် လိုအပ်ချက်များ မပြည့်စုံချက်များ ရှိခဲ့ပါက ရေးသားပြုစုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်းနှင့် ယခုရေးသားချက်များကို ၂၀၁၇ ခုနှစ် ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း (ဆရာလက်စွဲ) စာအုပ်မှလည်းပြန်လည်ကူယူကိုးကာဖော်ပြပေးထား ခြင်းဖြစ်ပါသည်။

    ဖြည့်စွက်အကြံပြုမှုများကိုလည်း ကြိုဆိုလျက်ရှိပါသည်။ ဤမျှဝေခြင်းမှ ရာဘာမိသားစုများအနေနှင့် တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

    တင်ပြီးသမျှ ရာဘာဆောင်းပါးများကိုတစ်နေရာတည်းမှာ ပြန်လည်ဖတ်ရူ့လိုပါက ( အနာဂတ်မြန်မာ့ရာဘာ Future Myanmar Rubber ) Group တွင်ဝင်ရောက်ဖက်ရူ့ လေ့လာနိုင်ပါတယ်ခင်ဗျာ။

    ရာဘာမိသားစုဝင်များအားလုံး တနင်္ဂနွေညချမ်းမှာစက်ကျန်းမာကိုယ်ချမ်းသာ၍ ရာဘာလုပ်ငန်းဖြင့် စီးပွားများတိုးတက်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

    မင်းထွန်းသိန်း (B.Agr.Sc) - ရာဘာနည်းပညာအကြံပေး

    ခင်ဌေးမော်(B.Agr.Sc) - ရာဘာနည်းပညာအကြံပေး

    အနာဂတ်မြန့်မာ့ရာဘာအဖွဲ့ (Future Myanmar Rubber Group)

    ထွက်တိုး ဒေါင်းလုပ်ရယူရန် - www.bit.ly/fbhtwettoe

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/


  • article
likes10comments0
views208views3090