cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆန်လက်ကားဝယ်ယူမှု မရှိသလောက်ဖြစ်နေ

. ဈေးကွက်
ရန်ကုန်ဆန်ဈေးကွက်ထဲမှာ ဆန်လက်ကားဝယ်ယူသူ ဝယ်လက်တွေ မရှိသလောက် ဖြစ်နေပြီး ရပ်ဆိုင်းနေတယ်
  • ရန်ကုန်ဆန်ဈေးကွက်ထဲမှာ ဆန်လက်ကားဝယ်ယူသူ ဝယ်လက်တွေ မရှိသလောက် ဖြစ်နေပြီး ရပ်ဆိုင်းနေ တယ်လို့ ဆန်လက်ကား ရောင်းချနေသူတွေက ပြောပါတယ်။လတ်တလောမှာတော့ ဆန်သိုလှောင်သူတွေဟာ ပွဲရုံတွေက ဆန်လက်ကား ဝယ်ယူမှု မရှိတဲ့အတွက် လက်ကျန် ဆန်တွေ သောင်တင်နေတယ်လို့ ဆိုပါတယ်။

    ဆန်လက်ကား ဝယ်လက်တွေ မရှိသလောက် ဖြစ်နေတာဟာ ဆန်ဈေးကျလာတာကို စောင့်နေတာမျိုး ဖြစ်နိုင် တယ်လို့လည်း ဆန်လက်ကား ရောင်းချတဲ့ ရန်ကုန်မြို့က ရွှေမိုး ဆန်ရောင်းဝယ်ရေးက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ဆန်ဈေးကွက်ထဲမှာတော့ လက်ရှိ ဆန်ဈေးနှုန်းတွေဟာ အတက်ဈေးမှာပဲ ငြိမ်နေပြီး ဆန်လက်လီ ဝယ်ယူမှု ကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် နေပြည်တော် နဲ့ တိုင်းဒေသကြီး လေးခုမှာ ဆန်စပါး သိုလှောင်မှုတွေကို စာရင်းပြုစုသွားမယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

    ဤဆောင်းပါးကို One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes12comments0
views134views3044