cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး ပုစွန်မွေးကန်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန်လိုအပ်ခြင်း

. ငါးမွေးမြူရေးလမ်းညွှန်
ဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်အတွက် ယခုချိန်မှစတင်ပြီး အောက်ပါအချက်အလက်များကို ကြို တင်ဆောင်ရွက်ထားရှိလိုပါကြောင်းတင်ပြအပ်ပါသည်။
  • ယခုအချိန်တွင် ရာသီဉတုဖောက်ပျက်မှု့ မုန်တိုင်းကျခြင်း ရေကြီးရေလျှံဖြစ်ခြင်းများ ကြုံတွေ့ နေရ ပါသည်။ ငါးမွေးတောင်သူများအနေဖြင့် မိုးဉီးကာလ နှင့် မိုးလယ်ကာလများတွင် မိုးအဆက်မပြတ်ရွာသွန်း မှု့ကြောင့် ကန်အတွင်းရှိရေများ လျှံ ကျတတ်ပါသည်။ ပြင်ပ ရေ မြင့်တက်လာခြင်းကြောင့် ကန်များရေမြုပ် တတ်ပါသည်။ ရေကြီး ရေလျှံ မှု့ကြောင့် မိမိတို့ မွေးမြူထားသော ငါးများ ဆုံးရှုံးနိုင်ပါသည်။ အဆိုပါသဘာဝ ဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်အတွက် ယခုချိန်မှစတင်ပြီး အောက်ပါအချက်အလက်များကို ကြို တင်ဆောင်ရွက်ထားရှိလိုပါကြောင်းတင်ပြအပ်ပါသည်။

    ကန်စတင်ပြင်ဆင်ချိန်ကစတင်ပြီး မိမိတို့ ငါးကန်၏ တာဘောင်ကိုမြှင့်ပေးသင့်ပါသည်။ ငွေကြေး တတ်နိုင်မှု့ပေါ်မူတည် ပြီး ကန်ဘောင်အမြင့်ကို ကြိုက်နှစ်သက်သလိုမြင့်နိုင်ပါသည်။ ကန်ဘောင်ထိပ်မှ အနည်းဆုံး(၆)လက်မအကွာတွင် ရေလျှံ ပေါက်ကို တပ်ဆင်ထားသင့်ပါသည်။ ရေလျှံပေါက်ကို အချင်း ၃ လက်မဖြစ်စေ ၄လက်မ ဖြစ်စေ PVC ပိုက်ကိုအသုံးပြုနိုင်ပါသည်။

    ကန်ဘောင်မြှင့်ရန် အခြေအနေမပေးပါက အနည်းဆုံး' စောက်(၃)ပေရှိ ပိုက်စိမ်းများဖြင့်ကာရန် ထားရန်လိုအပ်ပါသည်။ ပိုက်စိမ်းစ ကာရန်ရာတွင် အောက်ခြေကို မကြွစေရန်အတွက် သေချာစွာ ဖိပြီး ကာရန်ဘို့လိုအပ်ပါသည်။

    ကန်ဘောင်ပတ်လည်ရှိ သစ်ပင်ကြီးများ၏ အကိုင်းအခက်များကို ကြိုတင်ခုတ်ပြီး ရှင်းလင်းထား ရှိ ရန်လိုအပ်ပါသည်။ လေတိုက်ပါက သစ်ရွက်များ သစ်ကိုင်များသည် ကန်အတွင် ကျရောက်တတ်သဖြင့် မွေး မြူရေးလုပ်ငန်းအတွက် ထိခိုက်နိုင်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes13comments0
views329views4368