cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရုရှားက အသေးစား သဘာဝမြေဩဇာစက်ရုံ ၃ ခု တည်ဆောက်မည်

. သတင်းစုံ
ဆောင်ရွက်ခွင့်ပြုသွားမယ့် စက်ရုံတွေထဲမှာ အမှတ်(၁)ဓာတ်မြေဩဇာစက်ရုံ(စလေ)၊ အမှတ်(၂)ဓာတ်မြေဩဇာစက်ရုံ(ကျွန်းချောင်း)၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)နဲ့ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်) တို့ ပါဝင်နေပါတယ်။
  • Mobile သဘာဝဓာတ်မြေဩဇာထုတ် အသေးစားစက်ရုံ (၃) ခု တည်ဆောက်ဖို့ သမ/ကျေးလက်ဝန်ကြီး ဦးလှမိုးနဲ့ ရုရှားရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ တွေဆုံမှုအတွင်း ဆွေးနွေးခဲ့ပါတယ်။

    နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းအတွင်း သဘာဝဓာတ်မြေဩဇာစက်ရုံတွေ တည်ဆောက်ရေးဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ၊ နည်းပညာတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဓလုပ်ငန်းက ဓာတ်မြေဩဇာစက်ရုံ (၄) ခုကို ပုဂ္ဂလိကကို ဆောင်ရွက်ခွင့်ပေးဖို့ ၂၀၂၁ ခုနှစ်ကတည်းက စိတ်ဝင်စားမှုအဆိုပြုလွှာ EOI ဖိတ်ခေါ်ခဲ့ပါတယ်။

    ဆောင်ရွက်ခွင့်ပြုသွားမယ့် စက်ရုံတွေထဲမှာ အမှတ်(၁)ဓာတ်မြေဩဇာစက်ရုံ(စလေ)၊ အမှတ်(၂)ဓာတ်မြေဩဇာစက်ရုံ(ကျွန်းချောင်း)၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)နဲ့ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်) တို့ ပါဝင်နေပါတယ်။

    လက်ရှိ ဈေးကွက်အတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာဈေးနှုန်းတွေက ပြီးခဲ့တဲ့နှစ်ကထက် အနည်းငယ်ကျဆင်းနေပြီး သီးနှံစိုက်ပျိုးချိန် ဝယ်လိုအားမြင့်တက်လာတဲ့အခါ အကျဈေးနဲ့ မရနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

    သမ/ကျေးလက်ဝန်ကြီး ဦးလှမိုးက တောင်သူတွေ ဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းအခက်အခဲတွေကို မိမိတို့ ဝန်ကြီးဌာနက ကူညီဖြေရှင်းဆောင်ရွက်ပေးမယ်လို့ ပြောကြားထားပါတယ်။

    ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်အရ ပြည်ပကနေ မြေဩဇာတင်သွင်းနိုင်ဖို့ လိုင်စင်လျှောက်ထားတဲ့ ကုမ္ပဏီ (၅၉၀) ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲကနေ သိရှိရပါတယ်။

    ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပကနေ မြေသြဇာတန်ချိန် ၂၂ သိန်းကျော် တင်သွင်းခဲ့ပြီး နိုက်ထရိုဂျင်ယူရီးယား ဓာတ်မြေဩဇာနဲ့ ကွန်ပေါင်းဓာတ်မြေဩဇာတွေ အများဆုံးပါဝင်ခဲ့ပါတယ်။

    သတင်း - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes14comments0
views174views2281