cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးတွင်ကျရောက်တတ်သော ပိုးများ

. ပိုးမွှား
(၁) ရောဂါပိုးအမည် ‒ စပါးပိုးလောင်မီး

ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Dicladispa armigera

  • လက္ခဏာရပ်

    အကောင်ငယ်/ကြီးအဆင့်နှစ်မျိုးလုံးဖျက်ဆီးတတ်သည်။အကောင်ငယ်သည်အရွက်ထွင်းပိုး(Leaf.miner)ဖြစ်ပြီးအကောင်ကြီးသည်အပင်ပေါ်နှင့်အပင်ပတ်ဝန်းကျင်တွင်စားသောပိုးကောင်(External.feeders) ဖြစ်သည်။အကောင်ငယ်ကြောင့်အရွက်များခြောက်ကုန်ပြီးအကောင်ကြီးသည်အရွက်၏အစိမ်းရောင်တစ်သျှူးကိုအလျားလိုက်ခြစ်စားသဖြင့်အရွက်တွင်အဖြူရောင်အလျားလိုက်အစင်းများတွေ့ရသည်။ဖျက်ပိုးကျရောက်မှုနည်းပါကစပါးပင်သေမသွားသော်လည်းများစွာအားနည်း၍ကျရောက်မှုများပါကအပင်ခြောက်၍သေနိုင်သည်။ကျရောက်ချိန်

    စိုက်ခင်း၊ပျိုးခင်းနှစ်ခုလုံးတွင်ကျရောက်နိုင်သည်။မိုးများသောနှစ်များတွင်ပိုးလောင်မီးကျရောက်မှုနည်းသည်။ရေကြီးနစ်မြုပ်ပြီးပြန်ကျသောအခင်းများတွင်ရေဝပ်နေရာများကျန်ရှိခဲ့ပါကထိုအခင်းများကိုဂရုစိုက်ပါ။

    ကာကွယ်နှိမ်နှင်းနည်း

    စပါးခင်းပတ်ဝန်းကျင်တွင်ပေါင်းမြက်များသုတ်သင်ရှင်းလင်းပါ။

    အကောင်ကြီးများကိုတွေ့ရှိပါကဖမ်းဆီးပါ။

    အဝါကွက်ပါသောအရွက်များတွေ့ပါကခူးယူဖျက်ဆီးပစ်ပါ။

    ရွက်ထိပ်ဖျားများတွင်ဥများဥတတ်သဖြင့်အရွက်ထိပ်ဖျားများကိုဖြတ်ပစ်ပါ။စွတ်စိုသောအခြေအနေကနှစ်သက်သဖြင့်ဖြစ်နိုင်ပါကရေထုတ်ပေးပါ။ရေထုတ်ရာတွင်နာရီပိုင်းခန့်သာထုတ်ရန်လိုပါသည်။အချို့ဒေသများဆေးရွက်ကြီးအမှုန့်အစများကိုပျိုးခင်းတွင် (၂‒၃) ပြည်ခန့်ကြဲပက်ပေးခြင်းဖြင့် ကျရောက်မှုသက်သာသည်။ကျရောက်သည့်နေရာတွင် ပိုးကျရောက်ရာနေရာကိုသာဆေးချခြင်း (Spot treatment) ပြုလုပ်နိုင်သည်။

    (၂) ရောဂါပိုးအမည် ‒ စပါးရွက်လိပ်အိမ်ပိုး

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Nymphuladepunctalis

    လက္ခဏာရပ်

    စပါးရွက်များကိုအလျားလိုက်အလိပ်လိုက်ပြုလုပ်ပြီးထိုအလိပ်အတွင်းနေ၍စပါးရွက်အောက်မျက်နှာပြင်ကိုခြစ်စားသည်။အပင်ငယ်စဉ်တွင်ပိုမိုဆိုးရွားစွာကျရောက်နိုင်သည်။အပင်ကြီးမှာခံနိုင်ရည်ပိုရှိသည်။ရေထဲတွင်ဖလံဘဝကြာရှည်နေနိုင်သည်။

    ကျရောက်ချိန်

    အပင်ငယ်စဉ်ပျိုးခင်း၊ပြောင်းရွေ့စိုက်ပြီးသားတက်ပွားများချိန်၌ကျရောက်ဖျက်ဆီးသည်။အပင်ကြီးတွင်ထိခိုက်ကျရောက်မှုနည်းသည်။စိုစွတ်မှုများသောအခြေအနေကိုပိုမိကြိုက်နှစ်သက်သည်။မိုးစပါးတွင်ကျရောက်မှုများသည်။ရေကြီးနစ်မြုပ်သောနေရာများတွင်ကျရောက်မှုများတတ်သည်။

    ကာကွယ်နှိမ်နှင်းနည်း

    စပါးပင်ဦးရေမထူထပ်စေရန်ဂရုစိုက်ပါ။တိုက်ရိုက်စိုက်ခင်းတွင်ပြဿနာပိုရှိနိုင်သည်။(၂၃)ရက်ရေထုတ်ပစ်ပါကအကောင်ငယ်များအောက်စီဂျင်ပြတ်၍သေစေသည်။ရေသွင်းပြီးစိုက်ခင်းအားစောင့်ကြည့်စစ်ဆေးရန်နှင့်လယ်ကွက်သည်အရိပ်ရပြီးဗွက်အိုင်ထူသောပတ်ဝန်းကျင်ရှိပါကပွားများမှုမြန်သည်။ရွက်လိပ်များမပြုလုပ်မီ၊ချည်မျှင်နှင့်မတွယ်မီပိုးသတ်ဆေးကိုစနစ်ကျ စွာဖျန်းရန်လိုအပ်သည်။

    (၃)ရောဂါပိုးအမည် ‒ စပါးဆစ်ပိုးများ

    လက္ခဏာရပ်

    ပိုးလောက်ကောင်ဖျက်ဆီးမှုကြောင့်ရွက်ပြားများဖြူကုန်သည်။စပါးနှံစထွက်ချိန်တွင်အနှံများခြောက်ကုန်သည်ကိုတွေ့နိုင်သည်။ဆစ်ပိုးခေါင်းမဲများသည်စပါးပင်အဆစ်များတွင်အဓိကစားသောက်လေ့ရှိသည်။

    ကျရောက်ချိန်

    မိုးစပါးတွင်တိုက်ရိုက်စိုက်ခင်းများ၌ ပေါင်းမြက်ထူထပ်နေပါကကျရောက်မှုများနိုင်သည်။စပါးကိုသီးထပ်စိုက်သောနှစ်များတွင်ပိုမိုကျရောက်နိုင်သည်။

    ကာကွယ်နှိမ်နှင်းနည်း

    ရိုးပြတ်များအတွင်းရုပ်ဖုံးများဝင်ရောက်ကာဘဝစက်ဝန်းဆက်လက်ရှင်သန်နိုင်သဖြင့်ရိုးပြတ်များနှင့်ကောက်ရိုးများအားမီးရှို့ဖျက်စီးပါ။ထယ်ရေးနက်နက်ထိုးပြီးရေသွင်းထားခြင်းသည်အထိရောက်ဆုံးဖြစ်ပြီးစိုက် ပျိုးခင်းများမြေပြင်ချိန်တွင်ဖူရာဒန်(3G)တစ်ဧကလျှင်(၃၅)ကီလိုထည့်ပေးခြင်းသည်ဆစ်ပိုးကျရောက်မှုအားပိုမိုထိရောက်စွာကာကွယ်နိုင်ပါသည်။နှစ်စဉ်ကျရောက်တတ်သောစပါးခင်းများတွင်စိုက်ချိန်အားတွက် ချက်၍နောက်ကျစိုက်ပါ။အပင်ပွားချိန်တွင်ဆစ်ပိုလက္ခဏာ(အပုပ်dead.heart)စတင်တွေ့ရှိပါက(၁‒၂)ရက်ခန့်ရေထုတ်ပေးခြင်းဖြင့်ဆစ်ပိုးပွားများမှုမှကာကွယ်ပါ။

    ၄။ရောဂါပိုးအမည် ‒ စပါးသရစ်ပိုး

    ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Baliothripsbiformis

    လက္ခဏာရပ်

    စပါးသရစ်ပိုးကျရောက်ပါကရွက်ထိပ်ဖျားများခြောက်သွေ့နေပြီးကျရောက်မှုများပါကရေလိုအပ်သောစပါးပင်၏လက္ခဏာနှင့်တူသည်။စိုက်ခင်းတွင်ရေမရှိပါကထိုလက္ခဏာပိုမိုထင်ရှားပြီးစပါးရွက်အောက်မျက်နှာပြင်တွင်အဝါရောင်မှအနီရောင်အထိအစင်းများတွေ့ရပြီးအရွက်အနားမှအရွက်အလယ်အရိုးထိလိပ်ဝင်နေသည်ကိုတွေ့ရသည်။စပါးနှံထွက်ချိန်တွင်ကျရောက်ပါကအဆံမပါသောအစေ့များဖြစ်နိုင်သည်။အရွက်လိပ်ထဲတွင်သရစ်ပိုးအကောင်ငယ်/ကြီးနှစ်မျိုး လုံးကိုတွေ့နိုင်သည်။

    ကျရောက်ချိန်

    ပျိုးပင်တွင်ပိုမိုကျရောက်လေ့ရှိသည်။ပေါင်းပင်များထူထပ်သောနေရာတွင်လျင်မြန်စွာပေါက်ဖွားနိုင်သည်။မြက်မှပျိုးခင်းသို့ကူးနှုန်းသည်စပါးပင်အချင်းချင်းကူးနှုန်းထက်ပိုမြန်သည်။နွေစပါးခင်းတွင်ကျရောက်မှုပိုများသည်။ရေကျနောက်စိုက်စိုက်ခင်းများ၊ရေပြတ်သောစပါးစိုက်ခင်းများ၊တိုက်ရိုက်မျိုးစေ့ချပျိုးခင်းများ၊ရေကြီးနစ်မြုပ်ပြီးပြန်လည်စိုက်သည့်အခင်းများတွင်ဆိုးဝါးစွာကျရောက်ပါသည်။

    ကာကွယ်နှိမ်နှင်းနည်း

    ပေါက်ပွားမှုလျှင်မြန်သောဖျက်ပိုးဖြစ်သဖြင့်ကာကွယ်နှိမ်နင်းမှုကိုအချိန်မီပြုလုပ်ရပါမည်။အရွက်လိပ်ခြောက်နေသောစပါးရွက်များ၊စပါးရွက်ဘေးနှုတ်ခမ်းမှရွက်လယ်ကြောအတွင်းလိပ်နေသောစပါးပင်များကိုတွေ့ရှိပါကနှုတ်ယူမီးရှို့ပစ်ပါ။ပျိုးခင်းခြောက်သွေ့နေပါကရေနေ့တစ်ဝက်ခန့်သွင်းပါ။ခြောက်နေသောအရွက်လိပ်ကိုခွဲကြည့်ပါကအမည်းရောင်အကောင်လေးများ(၁)ဧကတွင်အပင်(၂၀)တွေ့ပါကသရစ်ပိုးကိုကုသရန်ညွှန်ပြထားသောဆေးများကိုစနစ်တကျမှန်ကန်စွာပက်ဖျန်းပါ။မွှားပင့်ကူသတ်ဆေးများသုံးစွဲခြင်းသည်အထိရောက်ဆုံးဖြစ်သည်။ထိသေ၊စားသေ၊ပင်လုံးပြန့်အာနိသင်ရှိပိုးသတ်ဆေးများလည်းအသုံးပြုနိုင်ပါသည်။

    ထွက်တိုး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes23comments0
views677views3647