cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပျဉ်းတော်သိမ်

. စိုက်ပျိုးနည်းစနစ်များ
ရှေးရှေးတုံးက... ဘုရင် တစ်ပါးဟာ တောကစား ထွက်ရင်း ရေဆာလာတာနဲ့..တောအုပ်ထဲက အမှိုက်မှော်တွေပြည့်နေတဲ့ ရေအိုင်ထဲက ရေ ကို မလွှဲမရှောင်သာ သောက်လိုက်မိပါတော့တယ်

  • လအနည်းငယ်ကြာတဲ့အခါမှာတော့

    ဘုရင်ကြီးဟာ တစ်နေ့တစ်ခြားအစားပုပ်လာသတဲ့ ပွဲတော်တည်သမျှ အကုန်ကုန်အောင် စားပစ်ပြီး မကြာခဏ ဗိုက်ကလည်းဆာနေသတဲ့

    သူ့ရဲ့ဝမ်းဗိုက်ဟာလည်းတစ်နေ့တစ်ခြား ပူဖောင်းလာပြီးကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ ဗိုက်လိုဖြစ်လာပါတော့တယ်

    နန်းတွင်းရှိသမားတော်တွေရော တစ်ခြားတိုင်းပြည်က သမားတော်တွေနဲ့ ကုသပေမဲ့လည်း ဘုရင်ကြီးရဲ့ဗိုက်ဟာ ပိန်မသွားပဲ ပိုပိုဖောင်းလာတာပေါ့ဗျာ

    ဒီအကြောင်းကိုတိုင်းသူပြည်သားတွေသိတဲ့အခါ ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်တဲ့ဘုရင် တိုင်းပြည်မှာဘုရင်ဖြစ်နေတာရှက်စရာကောင်းတယ်ထွက်သွားလို့ ဟစ်တိုင်ကနေ နန်းတော်ကို ခဲ နဲ့ပေါက်ပြီး အော်ဟစ်ကြသတဲ့

    ဘုရင်ကြီးဟာမတတ်သာတဲ့အဆုံး

    မိဖုရားကြီးကိုခေါ်ပြီးမထင်ရှားတဲ့အသွင်အပြင်နဲ့ နန်းတော် က ထွက်ခဲ့ရပါတော့တယ်

    လူသူမနီးတဲ့တောကြီးထဲမှာ သစ်သီး သစ်ဖုတွေ ရှာဖွေစားရင်းနဲ့ ချိူ့တဲ့စွာနေထိုင်ကြရတာပေါ့ဗျာ

    တစ်နေ့တော့ဘုရင်ကြီးဟာ သစ်ပင်တစ်ပင်အောက်မှာစက်တော်ခေါ် နေပြီး မိဖုရားက မှက်ခြင် မနားအောင်ကိုယပ်ခတ်ပေးနေသတဲ့

    ဒီအချိန်အနီးအနားမှာရှိတဲ့ တောင်ပို့တစ်ခုကနေ မြွေတွန်သံတစ်ခု ထွက်ပေါ်လာပါတယ်

    ဘုရင်ကြီးရဲ့ မိဖုရားဟာ မာဂဓဘာသာစကားကိုနားလည်တယ်တဲ့

    တောင်ပို့ထဲက မြွေက

    " ဟယ် လောကမှာ ငါလို မြွေဘုရင် ရှိသေးရဲ့လား တောသုံးတော တောင်သုံးတောင် မှာ မြွေ၀တစ်ကာတို့ရဲ့ ဘုရင် ငါသည် မြွေမင်းဖြစ်ပါတော့တယ် "

    လို့တွန်ကြူးလိုက်သတဲ့ ဒီအခါမှာ

    ဘုရင်ကြီးရဲ့ဝမ်းဗိုက်ထဲကနေ တွန်သံတစ်ခု ထပ်ပြီးထွက်ပေါ်လာပါတယ်

    " သယ် ဘယ်ကတောကြိုအုံကြားကမြွေက ဘုရင်လို့အော်နေသတုံး

    ငါက တိုင်ပြည်အုပ်ချုပ်နေတဲ့ လူသားဘုရင်ရဲ့ဝမ်းဗိုက် ထဲမှာနေပြီး

    ပွဲတော်အုပ်ကို နေ့တိုင်းစားလို့ ကြီးကျယ်ခမ်းနားစွာနေခဲ့ရတဲ့ မြွေဘုရင်ဖြစ်တယ် ငါဟာ အမိဝမ်းကကျွတ်တဲ့အချိန်မြွေပေါက်ကလေးဘဝထဲက

    ဘုရင်ကြီးသောက်တဲ့ရေထဲကိုပါသွားပြီးသူ့ဝမ်းဗိုက်ထဲမှာ စည်းစိမ်ခံစားနေလာတာ ငါသာ မြွေဘုရင် ငါသာ မြွေတို့ရဲ့ အဓိပတိ" လို့ ကြွေးကြော်လိုက်သတဲ့

    ဒီအခါမှာ တောင်ပို့ထဲကမြွေက

    " ရာရာစစ မြွေကမြွေနေရာ မနေပဲ

    လူသားဗိုက်ထဲဝင်နေတာသင့်အသက် သက်ဆိုးရှည် မယ် ထင်သလား

    ဟောဒီ တောင်ပို့ဘေးကသစ်ပင်ရဲ့အရွက်တွေကို ခူးပြီး အရည်ကြို သောက်လိုက်ရင် သင်ဟာအပိုင်းပိုင်းပြတ်ပြီး ဇီဝိန်ချုပ်တယ်ဆိုတာဘုရင်မသိလို့ပဲ" လို့ပြောလိုက်သတဲ့

    မြွေနှစ်ကောင်ရဲ့အပြန်အလှန်ပြောဆိုနေကြသံတွေကိုကြားလိုက်ရတဲ့မိဖုရားဟာ

    တောင်ပို့ဘေးကသစ်ပင်ကအရွက်ကိုခူးပြီးအရည်ကြိုကာ ဘုရင်ကိုအကျိုးအကြောင်းပြောပြပြီး တိုက်လိုက်သတဲ့

    ဆေးရည်သောက်ပြီးချိန်မှာဘုရင်ရဲ့ဗိုက်ထဲကမြွေဟာအပိုင်းပိုင်းပြတ်ပြီး

    ဝမ်းသွားတဲ့အခါပါသွားပြီးဘုရင်ရဲ့ဗိုက်ဟာလည်းမူလအတိုင်းပြန်ဖြစ်လာသတဲ့

    ဒီအခါဘုရင်ဟာဖိဖုရားကိုလက်ဆွဲပြီး ပြည်တော်ပြန်ဝင်ကာ စစ်သူကြီးလက်ကနေတိုင်းပြည်ကို ပြန်လွှဲယူသတဲ့

    ဘုရင်ကြီးသောက်ခဲ့တဲ့ဆေးပင်ကိုလည်းတိုင်းပြည်ကိုပြန်သိမ်းခဲ့တဲ့အထိမ်းအမှတ်နဲ့

    ပြည်တော်သိမ်းပင်ဟုခေါ်တွင်စေခဲ့သတဲ့

    နောင်အခါ ကာလရွေ့လျောပြီး ပြည်တော်သိမ်းမှ ပြည်တော်သိမ်

    ပျဉ်းတော်သိမ်ပင်ဟု အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာကြပါတော့တယ်တဲ့

    ပျဉ်းတော်သိမ်ပင်အကြောင်းပုံပြင်ပါဗျာ

    အောက်မှာ ပျဉ်းတော်သိမ်ပင်ရဲ့အသုံးဝင်ပုံစိုက်ပျိုးပုံတွေဆက်ဖတ်ပါ

    သွေးဖျဉ်း ရေဖျဉ်း လေဖျဉ်း မုချသက်သာပျောက်ကင်းသည့် ပျဉ်းတော်သိမ်ရွက်

    အရွက်ကိုပြုတ်ပါ။ ၎င်းအရည်ကိုသောက်ပါ။ ပြုတ်ဖတ်ကိုဆုံနဲ့ထောင်းပြီး ညအိပ်ယာဝင် ချက်တိုင်ပတ်လည်မှာအုံပြီး အဝတ်စည်းအိပ်ပါ။တစ်ခါလုပ်ရုံနဲ့သိသိသာသာလျော့သွားပါမယ်။လေးငါးခါပြုလုပ်ပေးပါ။

    မှတ်စု

     နက္ခတ္တရောင်ခြည်မှ ဖတ်မိတာလေးပါ။

    ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား?

    ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊

    သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါ၀င်၏။

    ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှု

    သတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။

    ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။

    ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကို စားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါ၏။

    ( ဆေးဖက်အသုံး၀င်ပုံ )

    (ဆီးချိုရောဂါ)ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ်

    နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော

    ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။(၃) လတိတိစားလျှင်

    ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့်

    ဆေးပမာဏကိုလည်း

    ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။

    ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊

    သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင်

    လုံး၀ ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။

    (တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက်

    ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

    အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မြးခွုပခြှငြး၊ ၀မြးသှားခှငြး၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။( အစာမကြေခြင်း )အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရငျပူခွငျးကျို ပျောက်ကင်းစေပါဧ။် ။

    (ဆံပင်ဖြူခြင်း )

    အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါ၏။

    (ခံတွင်းပျက်ခြင်း)

    ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေသည်။

    အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရ၏။

    ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊

    မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား

    အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို

     ထမင်းဖြူ နဲ့ စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

    (စိတ်ပျံ့လွင့်ခြင်း)

    အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။

    (ဒူလာသွေး၀မ်း)

    ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ

    အတွက် အရွက်ကို စားပေးပါက သက်သာစေပါ၏။

    (ဖျဉ်းဝေဒနာ)

    ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။

     ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍

    ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါသည်။

    ဤကား ကျနော်ပြောသောပုံပြင်နှင့်မူကွဲဟုမှတ်ပါ

    (မြန်မာ့ဆေးကျမ်းများအရ)

    ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။

    အရွက်နုကို အတျို့အမွှုပျလုပျစားပါ ။ဟင်းခါးချက်သောက်ပါ ။

     နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူဧ။်နည် း။)အရွက်ကို များစွာစားပါက ၀မြးကိုသကစြသညြေ ။နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါကအဆိပ်ကို ပျယ်စေသည် ။အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။် ။

    အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။် ။

    ( ရည်ညွှန်းစာများ )

    အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်

    ဆရာတော်မြင့် (ငှက်ဖျား)

    နေပြည်တော်ကျော်ကျာ်စိုး

    မြန်မာ့ဆေးဝါးပင်များ

    ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်

    ဆံနွယ်တွေရဲ့ အလှဟာ အမျိုးသမီးတွေ တန်ဖိုးထားမြတ်နိုးရတဲ့ အလှအပတစ်ခုဖြစ်ပါတယ်။ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဆံသားပျက်ဆီးတာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

    ဒီတော့ ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

    ဟင်းတွေချက်ရာမှာ အညှီနှံ့မရအောင်ရယ် အနံ့မွှေးအောင်ရယ် ထည့်ချက်လေ့ရှိတဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။

    ပျဉ်းတော်သိမ်ရွက်ကိုဘယ်လိုသုံးမလဲ

    ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာ

    အုန်းဆီ တစ်ခွက်

    ပြုလုပ်နည်း

    အုန်းဆီကိုအပူပေးပြီး ပျဉ်းတော်သိမ်ရွက်ကို ထည့်ကာ

    ပွက်ပွက်ဆူအောင်သည်ပါ။

    ပြီးရင် ဆီကိုရေဆစ်လိုက်ပြီး ဖန်ပုလင်းထဲထည့်ပါ။

     ပြီးရင် နွေးနွေးလေးဖြစ်နေချိန်မှာ လက်ဖဝါးပေါ်မှာတင်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ ငြင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပါ။

    တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိပြုလုပ်နိုင်ပါတယ်။

    ဒါဆို ဆံနွယ်တွေ တောက်ပြောင်သန်စွမ်းလာသည်ဟုသိရပါသည်။

    Source

    ပျဉ်းတော်သိမ်ရွက်အသုံးဝင်ပုံ

    စိုက်ပျိုးရေးဦးစီးဌာန၏fb postနှင့်

    ကျီးသဲလေးထပ်ဆရာတော်၏၁၀၀၀ဆုရပုံပြင်များ

    စာအုပ်တို့မှ ထုတ်နှုတ်တင်ပြပါသည်

    Credit to Original Uploader

    ----

    မြေဩဇာ အသုံးပြုခြင်း၊ ပိုးမွှားရောဂါကာကွယ်နည်း၊ စိုက်ပျိုးနည်း၊ အခြားစျေးကွက်သတင်းနှင့် ဆောင်းပါးများ အတွက် ထွက်တိုးကို Download လုပ်ပါ - https://l.htwettoe.com/v2


  • article
  • article
likes12comments0
views166views1921