cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ အများအပြားဝယ်ယူနေတဲ့အပြင် ပြည်တွင်း စားသုံးမှုမြင့်တက်လာလို့ ဆယ်စုနှစ်အတွင်း အမြင့်ဈေးရောက်လာတဲ့ မြေထောက်ပဲ

. ဈေးကွက်
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ အများအပြားဝယ်ယူနေတဲ့အပြင် ပြည်တွင်း စားသုံးမှုမြင့်တက်လာလို့ မြေထောက်ပဲဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိကာ ဈေးကောင်းရရှိနေတယ်လို့ မန္တလေး ပဲနှမ်းဈေးကွက်မှ သိရှိရပါတယ်။
  • တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ အများအပြားဝယ်ယူနေတဲ့အပြင် ပြည်တွင်း စားသုံးမှုမြင့်တက်လာလို့ မြေထောက်ပဲဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိကာ ဈေးကောင်းရရှိနေတယ်လို့ မန္တလေး ပဲနှမ်းဈေးကွက်မှ သိရှိရပါတယ်။

    မြေထောက်ပဲကို ပြည်တွင်းပြည်ပမှ ဝယ်လိုအားများနေပြီး အဓိက ဝယ်လက်နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ပါတယ်။ သို့ပေမယ့် ယခုတွင် ပြည်တွင်း စားသုံးမှုလည်း မြင့်တက်လာပြီး ပြီးခဲ့တဲ့နှစ် ဇွန်လ လကုန်ပိုင်းက သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် နှစ်သိန်းဝန်းကျင်ရှိခဲ့ပေမယ့် ယခုနှစ်ဇွန်လကုန်ပိုင်း၌ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် သုံးသိန်းကျော်အထိ ရှိလာနေပြီလို့လည်း ကုန်သည်အသိုင်းအဝိုင်းက သိရှိရပါတယ်။

    မန္တလေးမြို့မှ ပွဲရုံပိုင်ရှင်တစ်ဦးက “မြေထောက်ပဲက နေရာဒေသတိုင်း စိုက်လို့မရဘူး။ ရာသီဥတုသင့်တင့်မျှတတဲ့ ဒေသတွေမှာသာ စိုက်ပျိုးဖြစ်ထွန်းတာပါ။ ဒီနှစ် စပေါ်ချိန်မှာ အဖွင့်ကောင်းပြီး အရောင်းအဝယ်ကောင်းခဲ့ပါတယ်”လို့ နိုင်ငံပိုင် မီဒီယာတစ်ခုနဲ့ အင်တာဗျူးအတွင်း ပြောဆိုထားပါတယ်။

    မြေထောက်ပဲကို အောက်တိုဘာ နှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထွက်ရှိကြောင်း၊ စိုက်ပျိုးဒေသများအဖြစ် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ် ဗန်းမော်မြို့၊ ကရင်ပြည်နယ် နှင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကြောင်း လည်း သိရှိရပါတယ်။

    ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော မြေထောက်ပဲများအနက် ကသာမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့မှ ထွက်ရှိတဲ့ မြေထောက်ပဲများက ပဲလုံးအရွယ်အစားကြီးပြီး ဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံးဖြစ်တယ်လို့လည်း သိရှိရပါတယ်။

    မြေထောက်ပဲများကို ပြည်ပသို့ တင်ပို့ရာတွင် တရုတ်၊ အိန္ဒိယတို့အပြင် ဂျပန်နှင့် စင်ကာပူနိုင်ငံသို့ တင်ပို့နေပြီး အခြားဖောက်သည် စျေးကွက်နိုင်ငံများသို့လည်း တင်ပို့နေ‌‌ကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ပြည်ပသို့ မြေထောက်ပဲများ တင်ပို့လျက်ရှိရာ ပြီးခဲ့တဲ့၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန်ထိ မြေထောက်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂၂၁ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ထားမှုများအရ သိရှိရပါတယ်။

    သတင်း - MFN


  • article
likes13comments0
views147views2604