cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါင်းသတ်ဆေးများနှင့်သတ်နိုင်သောပေါင်းပင်များ

. ပေါင်းမြက်
(1) 2,4-D Amine )(တူးဖိုးဒီ)

နှံစားသီးနှံ၊ပြောင်း၊နှံစားပြောင်း၊မြက်ခင်း၊ကြံ၊စပါး၊သစ်တော၊သီးနှံမစိုက်သောမြေတွင်ပေါက်ရောက်သောမြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။
  • 2,4-D Amine )(တူးဖိုးဒီ)

    နှံစားသီးနှံ၊ပြောင်း၊နှံစားပြောင်း၊မြက်ခင်း၊ကြံ၊စပါး၊သစ်တော၊သီးနှံမစိုက်သောမြေတွင်ပေါက်ရောက်သောမြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Atrazine (အာထွာဇင်း)

    ပြေင်းသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Bensalfuron methyl(ဘန်ဆာလဖြူရန်မီသိုင်း)

    စပါးတွင်ပေါက်ရောက်သော ရွက်ပြန့်ပေါင်းများနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Bispyribac sodium(ဘစ်စပိုင်ရီပက်ဆိုဒီယမ်)

    စပါးသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက် မုန့်ညင်းရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Butachlor(ဘတ်တာကလာ)

    ပျိုးထောင်ကောက်စိုက်စပါး၊တိုက်ကိုက်အစေ့ချစပါးတို့တွင်ပေါက်သော တစ်နှစ်ခံမြက်မုန်ညင်းနှင့် အချို့ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Cyhalofop-butyl(ဆိုင်ဟေလိုဖေါ့ဗျူတိုင်း)

    စပါးတွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။

    Diuron(ဒိုင်ယူရွန်)

    ကညွတ်၊သစ်သီးပင်၊ရှောက်သံပုရာပင်၊နာနတ်၊ငှက်ပျောပင်၊ကြံ၊ဝါ၊ငရုတ်ကောင်း၊ပြောင်း၊နှံစားပြောင်းတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မ်ုညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Ethoxysulfuron(အီသောက်စီဆာလဖြူရန်)

    နှံစားသီနှံ၊စပါး၊ကြံသီးနှံတို့တွင်ပေါက်ရောက်သောရွက်ပြန့်ပေါင်းနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Fenoxaprop-P-ethyl(ဖီနောက်ဆာပရော့ပီအီသိုင်းလ်)

    ရွက်ပြန့်သီးနှံတွင်ပေါက်ရောက်သော တစ်နှစ်ခံ၊နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။

    Formesafen(ဖေါ်မီဆေဖန်)

    ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် နှင့် မြေထောက်ပဲ

    တို့တွင် ပေါက်ရောက်သောရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Gluforsinate ammonium(ဂလူဖိုစီနိတ်အမိုနီယမ်)

    သစ်သီးခြံတွင်ပေါက်ရောက်သောတစ်နှ်ခံမြက်နှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Glyphosate(ဂလိုင်ဖိုဆိတ်)

    သီနှံမစိုက်မှီလက်ရှိပေါက်နေသောပေါင်းများပေါ်သို့ပက်ဖျန်းပီး ပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်မွေပြီးသီးနှံများကိုစိုက်ပျိုးနိုင်သည်။

    Haloxyfop-R-methyl(ဟေလောက်ဇီဖေါ့အာမီသိုင်းလ်)

    သကြားမုန်လာ၊အာလူး၊ရွက်စားဟင်းသီးဟင်းရွင်၊ကြက်သွန်၊လျှော်မျှင်သီးနှံ၊နေကြာ၊ပဲပုတ်၊စတော်ဘယ်ရီတို့တွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။

    Imazethapyr(အီမာဇီသပျာ)

    ပဲပုတ်နှင့်အခြားပဲမျိုးရင်းဝင်တို့တွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Oxadiazon(အောက်စီဒိုင်ယာဇွန်)

    သစ္စာပန်း၊နှင်းဆီ၊သစ်သီးပင်၊ဝါ၊စပါး၊ပဲပုတ်၊နှမ်း၊နေကြာ၊ကြက်သွန်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Oxyfluofen(အောက်စီဖလူရိုဖန်)

    သစ်သီးပင်၊နှံစားသီးနှံ၊ပြောင်း၊ပဲပုတ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊မြေပဲ၊စပါး၊ဝါ၊ငှက်ပျော၊နှင့်အလှစိုက်အပင်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Paraquat(ပါရာကွပ်)

    ပေါက်နေသောပေါင်းပင်များပေါ်သို့ပက်ဖျန်းပြီးပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်‌မွှေပီး သီးနှ့များကိုစိုက်ပျိုးနိုင်သည်။

    Pendimethalin(ပန်ဒီမီသလင်)

    နှံစားသီးနှံ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ပြောင်း၊နှံစားပြောင်း၊နှမ်း၊မြေပဲ၊မုန်လာဥနီ၊နံနံပင်၊အာလူး၊ဝါတို့တွင်ပေါက်ရောက်သောတစ်နှ်စ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Pretilachlor(ပရီတေလာကလော)

    ရွှေ့ပြောင်းစိုက်စပါး၊အစေ့တိုက်ရိုက်ချစပါးတွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းအချို့ကိုနှိမ်နင်းနိုင်ပါသည်။

    Propanil(ပရိုပနေး)

    စပါနှင့်ဂျုံတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Pyrazosufuran-ethyl(ပိုင်ရာဇိုဆာလဖြူရန်အီသိုင်းလ်)

    စပါးတွင်ပေါက်ရောက်သောမြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Quinclorac(ကွန်ကလိုရက်)

    တိုက်ရိုက်အစေ့ချစပါးနှင့်ရွှေ့ပြောင်းစိုက်စပါးတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။

    Quizalofop-P-ethyl(ကွီဇာလိုဖေါ့ပီအီသိုင်းလ်)

    အာလူး၊ပဲပုတ်၊မြေပဲ၊နေကြာ၊ဟင်းသီးဟင်းရွက်၊ဝါနှင့်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင့်နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။

    Credit to Original Uploader

    ----



  • article
  • article
likes21comments3
views446views1585