cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးရေးချေးငွေ (အယ်အိုအယ်စီ မြန်မာ)

. ငွေကြေးစီမံ
အယ်အိုအယ်စီ မြန်မာ အသေးစားချေးငွေလုပ်ငန်း (LOLC Myanmar Micro-Finance) မှ စိုက်ပျိုးရေးချေးငွေကို လျှောက်ထားပြီး ငွေ ၁၀,၀၀၀,၀၀၀ ကျပ်အထိ ရယူနိုင်ပါသည်။
  • article
  • စိုက်ပျိုးရေးချေးငွေ

    စိုက်ပျိုးတောင်သူများ ဓာတ်မြေသြဇာဝယ်ယူခြင်းနှင့် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများ ဝယ်ယူနိုင်ရန်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် စသည်တို့တွင် အရင်းအနှီးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ချေးငွေကို အသုံးချနိုင်ပါသည်။ ချေးငွေများကို စိုက်ပျိုးရေးလုပ်ငန်း၏ ရာသီအလိုက် ဝင်ငွေပေါ်အခြေခံ၍ ပြောင်းလွယ်ပြင်လွယ် ပြန်ဆပ်သည့်စနစ်ဖြင့် ပေးဆပ်နိုင်ပါသည်။

    LOLC Myanmar တွင် စိုက်ပျိုးရေး ချေးငွေ နှင့် ငါးပုစွန် ချေးငွေ ဟူ၍ ချေးငွေ အမျိုးအစား နှစ်မျိုး ရှိသည်။ စိုက်ပျိုးစရိတ် ချေးငွေအနေဖြင့် မိမိတို့၏ မြေပေါ်တွင် စိုက်ပျိုး လုပ်ကိုင်နေသော တောင်သူလယ်သမား အားလုံးကို လည်းကောင်း၊ တရားဝင် သီးနှံအမျိုးအစား အမျိုးမျိုးကိုလည်းကောင်း ချေးငွေပေးပါသည်။

    ကျွန်ုပ်တို့၏ စိုက်ပျိုးစရိတ်ချေးငွေဖြင့် တောင်သူလယ်သမားများသည် မြေသြဇာ၊ ထွန်းသစ်စ လယ်ယာသုံး စက်ယန္တရားများနှင့် စက်ပစ္စည်း စသည်တို့ကို ဝယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများကို နယ်ပယ်စုံမှ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရင်းအနှီး ပြုနိုင်ပါသည်။ ချေးငွေများကို စိုက်ပျိုးရေး လုပ်ငန်း၏ ရာသီအလိုက် ဝင်ငွေပေါ် အခြေခံ၍ လိုက်လျော ညီထွေရှိသော ပြန်ဆပ်စနစ်ဖြင့် ပေးဆောင်နိုင်ပါသည်။

    စိုက်ပျိုးရေးချေးငွေ အင်္ဂါရပ်များ

    LOLC Myanmar Micro-Finance မှ စိုက်ပျိုးရေးချေးငွေကို လျှောက်ထားပြီး ငွေ ၁၀,၀၀၀,၀၀၀ ကျပ်အထိ ရယူနိုင်ပါသည်။

    • ချေးငွေပမာဏ - ၂၀၀,၀၀၀ ကျပ်မှ ၁၀,၀၀၀,၀၀၀ ကျပ်
    • ပြန်ဆပ်ကာလ - ၆ လမှ ၁၂ လ
    • နှစ်စဉ်အတိုးနှုန်း - တစ်နှစ်လျှင် ၂၈%
    • ငွေပေးချေမှုနည်းလမ်း - ရာသီအလိုက် ပြန်လည်ပေးချေမှု (သီးနှံအမျိုးအစားပေါ်မူတည်၍)



likes38comments6
views414views4735