နွားနောက်မွေးမြူရေ
•နိုင်ငံတော်မှပံ့ပိုးပေးမှုဖြင့် အသားစားနွားတစ်မျိုးအဖြစ် သတ်မှတ်၍ မျိုးရိုးဗီဇထိန်းသိမ်းရန် စီစဉ်ဆောင်ရွက်သကဲ့သို့ စီးပွားဖြစ်မွေးမြူရန်ဦးတည်ဆောင်ရွက်လျက် ရှိသည်။
➤မျိုးရိုးဗီဇ
နွားနောက်မျိုးသည် အရှေ့တောင် အာရှဒေသဖြစ်သော အိန္ဒိယအရှေ့ပိုင်းဘူတန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း တွင်တွေ့ရှိရသည့် Bos frontalis မျိုးစိတ် ဖြစ်သည်။ ၎င်းမျိုးစိတ်တွင် ¬¬-
(က)ပြောင်(Gavarus gaurus) (Gaur)
(ခ)နွားနောက်(Gavarus frontalis) (Mythum)
(ဂ)စိုင်(Gavarus sondicus) (Banteng) တို့ပါဝင်သည်။
➤ပုံသဏ္ဍာန်နှင့်အရောင်အသွေး
•ဘို့မရှိ၊ ဦးချိုအရင်း၌ ပြားနေတတ်ပြီး နဖူးချိုင့်ဝင်နေသည်။
•နှာဖျားတိုသည်။
•လည်ဖတ်ချပ်၍နေပြီး ကျောကုန်းရိုးတစ်လျှောက်တွင် မို့မောက်၍ နေတတ်သည်။
•အမွေးမှာ မီးခိုးရင့်ရောင်၊ အဖြူရောင်၊ အနက်ရောင် (သို့မဟုတ်) အနက်နှင့် အဖြူကွက်ကျားဖြစ်သည်။
•မီးခိုးရင့်ရောင်ရှိသောနွားနောက်များမှာ အများစုဖြစ်ပြီး ခြေဖျားတွင် အဖြူရောင်တွေ့ရတတ်သည်။
•နွားနောက်သည် မြန်မာနွားထက် အထီးရော အမပါ ပို၍ကြီးသည်။
•ပျမ်းမျှကိုယ်အလေးချိန်ပေါင်(၈၀၀) မှ (၁၃၀၀) (ပိဿာ၂၂၀ မှ ၃၆၀) ထိရှိသည်။
➤နွားနောက်၏သဘာဝ
•အသားအဖြစ် စားသုံးရန်အတွက် မွေးမြူသည်။
•ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၀၀၀)မှ ပေ (၁၀၀၀၀) ကြားတွင် နေထိုင်ကျက်စားသည်။
•အပူပိုင်းဒေသတွင် မွေးမြူပေါက်ဖွားသည့် နွားနောက်များ၏ အရွယ်အစားသည် ချင်းပြည်နယ်ရှိ နွားနောက်များထက်ငယ်သည်။ အအေး(သမပိုင်း) တွင် မွေးမြူပေါက်ဖွားသည့် နွားနောက်များသည် ကိုယ်ထည်ကြီးမားကြသည်။
•ကြမ်းတမ်းသည့်ရာသီဥတုကို ခံနိုင်ရည်ရှိသည်။
•နေရာဒေသ အပြောင်းအလဲများပါက ရာသီဥတုဒဏ်ခံနိုင်ရည်နည်းပါး၍ လေလွင့်ဆုံးရှုံးမှုရှိသည်။
•မြေပြန့်လွင်ပြင်ထက် တောရိပ်တောင်ရိပ်ကို မှီပြီး တောင်စောင်းတောင်ကမ်းပါး၊ တောင်ပြန့်များတွင် အုပ်စုဖွဲ့နေထိုင်ကျက်စားလေ့ရှိသည်။
•အရိပ်ကောင်းပြီး ရေခိုး၊ ရေငွေ့များသောစားကျက်တွင် နေထိုင်တတ်ကြသည်။
➤အရွယ်ရောက်ခြင်း
•သာမန် နွားများထက် ကြီးထွားနှုန်းကောင်း၍ အရွယ်ရောက်စောသည်။
•အထီးများသည် (၁၈) လမှ (၂) နှစ်အကြားတွင် အရွယ်ရောက်သည်။
•အမသည် (၁)နှစ်ခွဲတွင် အရွယ်ရောက်၍ မိတ်လိုက်ပြီး (၂)နှစ်ခွဲ (၃)နှစ်အရွယ်တွင် သားပေါက်လေ့ရှိပြီး တစ်နှစ်တစ်သားကျသည်။
•နွားနောက်အမ တစ်ကောင်သည် (၁၂) နှစ်အထိ သားမွေးနိုင်သည်။
•နွားနောက်ထီးကြီးသည် (၆)နှစ်၊ (၇) နှစ်၊ အရွယ်ထိ မိတ်လိုက်လေ့ရှိပြီး ကျော်လွန်ပါက သီးသန့်နေတတ်သည်။ သွားလိုရာ သွားလေ့ရှိသည်။
➤မွေးမြူသောစနစ်
•သဘာ၀ ဓလေ့အရ စိုက်ပျိုးရာသီတွင် ခြံလှောင်၍ မွေးမြူခြင်း။
•အချို့ဒေသတွင် လူငှားထိန်းကျောင်းပြီး စိုက်ပျိုးရာသီ ကုန်ဆုံးပါက လုံးဝလွှတ်ကျောင်းစနစ် မွေးမြူခြင်း။
•ခြံလှောင်စနစ်တွင် (၃) နှစ်တစ်ကြိမ် နေရာပြောင်းပြီး ခြံဟောင်းနေရာကို တောင်ယာစိုက်ပျိုးမြေအဖြစ် ပြန်လည်အသုံးပြုကြပါသည်။
•နွားနောက်တန်ဖိုး မြင့်မားလာမှုကြောင့်လည်းကောင်း၊ ခိုးယူခံရမှုမှ ကာကွယ်ရန်လည်းကောင်း၊ နေ့ပိုင်းလွှတ်ကျောင်း၍ ညပိုင်း ခြံခတ်မွေးမြူမှုကို ပြုလုပ်လာကြပါသည်။
➤အစားအစာ
•ရွက်စိမ်းအနုများ၊ နွယ်ပင်၊ ဝါးပင်၊ မြက်နု၊ အရွက်၊ နွယ်များကိုစားသည့် တိရစ္ဆာန်ဖြစ်သည်။
•ဆားငံရည်ရှိသော စားကျက်မြေ၌ ပို၍ကြီးထွားသည်။
•ပုံမှန် ဆားကျွေးမွေးခြင်းအားဖြင့် အလွန်ယဉ်ပါးသော တိရစ္ဆာန်အဖြစ် လေ့ကျင့်မွေးမြူလေ့ရှိသည်။
•အစာစပ်ရန်ဖြည့်စွက်စာကို အောက်ပါအတိုင်း ကျွေးမွေးနိုင်သည် ¬-
ဆန်ကွဲ၃၀.ဝ%
နှမ်းဖတ်၃၀.ဝ%
ဖွဲနု၃၈.၅%
ဆား၁.၅%
စုစုပေါင်း၁၀၀.ဝ%
➤အသားထုတ်လုပ်မှု
•အထီးများကို (၃ - ၄) နှစ်အရွယ်တွင် အသားထုတ်လုပ်ရောင်းချနိုင်သည်။
•အသားထွက်နှုန်းပိဿာ (၈၀) မှ (၁၂၀) ရှိသည်။
•အရွယ်ပမာဏအကြီးဆုံးအကောင်သည် အသားပိဿာချိန် (၁၀၀) မှ (၁၅၀) ထိထွက်ရှိနိုင်သည်။
➤သားစပ်စမ်းသပ်မှု
သုတေသနပြုချက်များအရ သိရှိ
•နွားရွှေနီအထီးနှင့် နွားနောက်မ မျိုးစပ်ပါက ပေါက်ဖွားသော အမသည် မျိုးအောင်၍ အထီးသည် သားမြုံသည်။
•နွားနောက်အထီးနှင့် နွားရွှေနီအမမျိုးစပ်ပါက ပေါက်ဖွားသောအထီး အမ နှစ်မျိုးလုံး မျိုးအောင်သည်ကို တွေ့ရှိရသည်။
•နွားနောက်အထီးနှင့် ဖရီရှန်အမ၊ ဖရီရှန်အထီးနှင့် နွားနောက်အမတို့ မျိုးစပ်ပါက ပေါက်ဖွားသော အထီး၊ အမ နှစ်မျိုးလုံး မျိုးအောင်သည်ကိုတွေ့ရှိရသည်။
➤ကျန်းမာရေးစောင့်ရှောက်မှု
•ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော ရောဂါအားလုံး ဖြစ်ပွားတတ်သည်။
•ကာကွယ်ရန်အနေနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်လုပ်သော ကျွဲ၊ နွား ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံပေးခြင့်ဖြင့် ကာကွယ်နိုင်သည်။
ပေါင်ပုပ်လက်ပုပ်ရောဂါရောဂါကာကွယ်ဆေး၁နှစ် ၂ကြိမ်
လည်ချောင်းကွဲရောဂါကာကွယ်ဆေး၁နှစ် ၂ကြိမ်
ခွာနာလျှာနာရောဂါကာကွယ်ဆေး၁နှစ် ၂ကြိမ်
•သားပေါက်ငယ်များကို ခွေးအနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ကိုက်ဖြတ်စားသောက်ခြင်းကြောင့် နွားနောက်ဦးရေ တိုးပွားမှုကို အဟန့်အတားဖြစ်စေနိုင်သည်။
Ref : စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ထွက်တိုး