cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးဈေးနှုန်းများ တင်းတစ်ရာလျင် ငွေကျပ် ငါးသောင်းကျော် ကျဆင်းလာ

. ဈေးကွက်
ဆန်စပါးသိုလှောင်မှုအခြေအနေများကို စာရင်းစတင်ကောက်ခံပြုစုတော့မည်ဆို၍ ယခုကဲ့သို့ ဈေးကျဆင်းလာ သည်ဟု သုံးသပ်မှုများလည်း ရှိကြောင်းသိရသည်။
  • စပါးဈေးနုန်းများမှာ ပြီးခဲ့သည့် ဇွန်လကုန်မှစ၍ ဒေသနှင့် စပါးအမျိုးအစားအလိုက် တင်းတစ်ရာလျင် ငွေကျပ် ငါးသောင်းမှ တစ်သိန်းထိ ဈေးကျဆင်းလာပြီး စပါးပေါ်ချိန်တွင် ယခင်က သိုလှောင်ထားသော စပါးများသာ ဈေးကွက်အတွင်း ထုတ်ရောင်းလာပါက ပိုမိုကျဆင်းလာဖွယ်ရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်။

    မကြာမီ နွေစပါးများထွက်ပေါ်တော့မည်ဖြစ်ပြီး မိုးစပါးစိုက်ပျိုးနေကြပြီး ယခင်ဝယ်ယူသိုလှောင်ထားသော စပါးလက်ဝယ်ရှိသူများက ထုတ်ရောင်းချလျင် စပါးဈေးပိုမိုကျဆင်းလာနိုင်သည်ဟုဆိုသည်။

    “တောင်သူတွေက နွေစပါးထက် မိုးစပါးကို စိုက်ပျိုးမှုပိုမို အားစိုက်ကြတယ်။ခု လဆန်းပိုင်းမှာ စပါးဈေးက အမျိုးအစားအလိုက် တင်းတစ်ရာကို အနည်းဆုံး ငွေကျပ်ငါးသောင်းလောက် ဈေးကျလာတယ်။ပြီးခဲ့တဲ့ စပါး ပေါ်ချိန်မှာ ဝယ်ယူသိုလှောင်တဲ့သူတွေက ဆန်ကြိတ်ခွဲရောင်းချပြီး ပိုလျှံတဲ့ စပါးတွေ ထုတ်ရောင်းမယ်၊ စပါး အသစ်ထွက်လာတော့မယ်ဆိုတော့ စပါးဈေးက အကျဘက်သွားမယ်”ဟု ဆန်စပါးကုန်သည်တစ်ဦး ကပြော သည်။  

    လက်ရှိစပါးတင်းတစ်ရာပေါက်ဈေးများအရ ဧရာပဒေသာ ၂၁ သိန်းငါးသောင်း၊သုခအဟောင်းမှာ ငွေကျပ် သိန်း ၂၀၊သုခအသစ် ငွေကျပ် ၁၈ သိန်းငါးသောင်း၊ဇီယာနှင့် ရက် ၉၀ စပါးမှာ ငွေကျပ် ၁၉သိန်းငါးသောင်း၊သီးထပ် စပါးမှာ ၁၇ သိန်းငါးသောင်း၊ပခမ်းစပါးမျာ ၁၉သိန်းငါးသောင်းအသီးသီးပေါက်ဈေးရှိရာ ဇွန်လလယ်က ဖြစ်ပေါ် ခဲ့သည့် ဈေးနှုန်း များထက် စပါးတင်းတစ်ရာလျင် ငွေကျပ် ငါးသောင်းမှ တစ်သိန်းဝန်းကျင်ကျဆင်းခဲ့ သည်ဟု ဆိုသည်။

    “တောင်သူတွေမှာက လုပ်သားရှားပါးတာနဲ့ လုပ်ခဈေးကြီးတာရယ်၊သွင်းအားစုတွေ ဈေးမြင့်တာရယ်၊သယ်ယူ စရိတ်မြင့်မားတာတွေရယ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုနဲ့ ရတဲ့ဈေးက တွက်ခြေသိပ်မကိုက်ဘူး။နွေစပါးနဲ့ မိုးစပါး ဆိုရင် မိုးစပါးစိုက်တာကို ပိုပြီး တောင်သူတွေအားထားကြတယ်”ဟု ဆက်လက်ပြေကြားသည်။

    ဇွန်လဆန်းက ရန်ကုန်မြို့ ကုန်စည်ဒိုင်ဈေးကွက်တွင် ဆန်သား ၇၀ရာနှုန်း(အနိမ့်)၊ဆန်သား ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း(အလတ်)၊ဆန်သား ၈၅ ရာခိုင်နှုန်းအထက်(ထိပ်စ) ၁၀၈ ပေါင် တစ်အိတ်လျင် Export ဈေးမှာ ငွေကျပ် ၅၆၅၀၀ ရှိခဲ့ပြီးဇူလိုင်လဆန်းတွင် ငွေကျပ် ၅၁၀၀၀ ဝန်းကျင်ပေါက်ဈေးရှိသဖြင့် ဈေးနှုန်များကျဆင်း လာခဲ့ကြောင်းသိရသည်။

    မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဆန်ဈေးကွက်တည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး စပါးသိုလှောင်ထားမှုအခြေအနေများကို နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ပဲခူး၊ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စာရင်းစတင်ကောက်ခံပြုစုတော့မည်ဆို၍ ယခုကဲ့သို့ ဈေးကျဆင်းလာ သည်ဟု သုံးသပ်မှုများလည်း ရှိကြောင်းသိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ် မှကူးယူဖော်ပြပါသည်။ 

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments2
views115views2144