cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးပုစွန်ဖမ်းဆီးမှုထက် သုံးလမွေးရုံနဲ့ ငွေပေါ်တဲ့ ပနားမီးပုစွန်ဖြူ မွေးမြူဖို့ စိတ်ဝင်စားမှုများနေ

. ငါးမွေးမြူရေးသတင်း
ပြည်ပဈေးကွက်ဝင် ပနားမီးပုဇွန်ဖြူကို မြိတ်ကျွန်းစုမှာ ၂၀၁၈ ခုနှစ်မှစတင်ကာ စီးပွားဖြစ်မွေးမြူခဲ့တာဖြစ်ပြီး

  • ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များဟာ ပင်လယ်ပြင်မှာ ငါး၊ပုစွန်ဖမ်းဆီးမှုထက် သုံးလမွေးရုံနဲ့ ငွေပေါ်တဲ့ ပြည်ပဈေးကွက်ဝင် ပနားမီးပုစွန်ဖြူ မွေးမြူမှုကို ပိုမိုစိတ်အားထက်သန်လျက်ရှိနေတယ်လို့ တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။

    သို့ပေမယ့် မွေးမြူဖို့ ပုစွန်သားပေါက်နှင့် အစာကို ထိုင်းနိုင်ငံမှဝယ်ယူတင်သွင်းရသည့်အတွက် စရိတ် ကြီးမြင့်နေပြီး ပြည်တွင်းမှာထုတ်လုပ်နိုင်ဖို့ကိုလည်း မျှော်လင့်နေကြတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုထားပါတယ်။

    “ပုစွန်သားပေါက်နဲ့အစာကို ပြည်တွင်းမှာထုတ်လုပ်နိုင်မယ်ဆိုရင် တိုးချဲ့မွေးမြူမှုနဲ့ လုပ်ငန်းပြောင်းလုပ်ကိုင်ကြ မယ့် ရေထွက်ကုန်လုပ်ငန်းရှင်များ အသင့်ရှိနေပါတယ်။ နောက်ထပ်အဓိကအခက်အခဲက မြေနေရာပါ။ စပါးစိုက်လို့ မရတဲ့ ရေမြုပ်တဲ့မြေနေရာတွေမှာ ပုစွန်မွေးမြူရေးအတွက် ချထားပေးနိုင်ရင် တိုးချဲ့မွေးမြူသူနဲ့ လုပ်ငန်းသစ်လုပ်ကိုင်လိုသူတွေအတွက် အဆင်ပြေမှာပါ” လို့ ရေလုပ်ငန်းရှင် တစ်ဦးကမှတ်ချက်ပြုထားပါတယ်။

    ပြည်ပဈေးကွက်ဝင် ပနားမီးပုဇွန်ဖြူကို မြိတ်ကျွန်းစုမှာ ၂၀၁၈ ခုနှစ်မှစတင်ကာ စီးပွားဖြစ်မွေးမြူခဲ့တာဖြစ်ပြီး ယခု မြိတ်ကျွန်းစုတွင် တစ်ဟက်တာ(နှစ်ဧကခွဲ)အကျယ်ရှိတဲ့ ပုစွန်ကန် ၂၀၀ ကျော်နှင့် ကော့သောင်းတွင် ကန် ၁၀၀ ခန့် မွေးမြူ လျက်ရှိနေတာဖြစ်ပြီး ထားဝယ်ဒေသတွင်ပါတိုးချဲ့ မွေးမြူနိုင်ဖို့ ပြင်ဆင် ဆောင်ရွက်လျက် ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။

    “ပင်လယ်ရေသန့်ရှင်းမှုကြောင့်ပုစွန်မွေးမြူမှု ပိုမိုအောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ တစ်ဟက်တာလျှင် ပုစွန်ပေါက် အကောင်ရေ သန်းနဲ့ချီ မွေးမြူလျက်ရှိပြီး ၃ လ၊ ၄ လ အကြာမှာ ရောင်းတန်းဝင် အဆင့်သို့ ရောက်ရှိတဲ့အတွက် တစ်နှစ်လျှင် သုံး၊လေး ကြိမ်အထိ စဉ်ဆက်မပြတ် မွေးမြူလို့ရတယ်။ ခိုင်မာတဲ့ ပြည်ပဈေးကွက် ရရှိမယ်ဆိုရင် အခုထက်ပိုမိုမွေးမြူဖို့ ရေလုပ်ငန်းရှင်တွေက အသင့်ရှိနေကြပါတယ်” လို့ ၎င်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြော ပါတယ်။

    လက်ရှိမှာလည်း စက်ရုံမှထွက်ရှိပြီး ပြုတ်ထားသည့် ပနားမီးပုဇွန်ဖြူကို တရုတ်နိုင်ငံသို့ ဘူးများဖြင့်ပါကင်ပိတ်၍ လည်းကောင်း၊ ဂျပန်နိုင်ငံသို့ အေးခဲ၍လည်းကောင်း တင်ပို့နေကာ နိုင်ငံခြားဝင်ငွေရရှိနေတယ်လို့ သိရပါတယ်။

    ပင်လယ်ပြင်အတွင်း ငါး၊ပုစွန် ဖမ်းဆီးမှုမှ မွေးမြူထုတ်လုပ်မှုသို့ ပြောင်းလဲလုပ်ကိုင်လာပါက ပင်လယ်ပြင် ရေသယံဇာတ ပြန်လည်ဖွံ့ဖြိုးရေးကို ထိန်းသိမ်းရာရောက်စေမည့်အပြင် မွေးမြူရေးလုပ်ငန်းမှလည်း နိုင်ငံခြား ဝင်ငွေတိုးမြင့်ရရှိလာနိုင်မှာဖြစ်သလို ပုစွန်သားပေါက်နှင့်အစာများကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပါက ပြည်ပမှဝယ်ယူနေရသည့် ငွေလည်းများစွာသက်သာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

    ဒါကြောင့်မို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့လည်း မြိတ်ကျွန်းစုအတွင်း မွေးမြူသူတွေ များလာပါက ထိုင်းနိုင်ငံနှင့်ပူးပေါင်း၍အစာထုတ်လုပ်တဲ့စက်ရုံတည်ဆောက်ဖို့အစီစဉ်များရှိပြီး ပုစွန် သားပေါက်များအတွက်ကိုလည်း တက္ကသိုလ်မှ ပညာရှင်များနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းပြီး ကြိုးစား လျက်ရှိနေတယ်လို့သိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလမှ ဇွန်လအထိ ၃ လတာကာလအတွင်း ပုဂ္ဂလိကမှ ရေထွက်ကုန် ပြည်ပတင်ပို့မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ၂၄၂ သန်းရရှိထားပြီး ယခင်၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃၆၁ သန်းဖိုး လျော့နည်းခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။

    ဤဆောင်းပါးကို MFN မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes13comments0
views125views2491